English
NovelToon NovelToon

Poison

Episode 1

Unicode

Wine: 'ဒီနေ့ ရာသီဥတုက ငါ့လိုပဲ လှပလိုက်တာ'

Naymin: 'အဟွတ်..ဟွတ်...စကားကို လူနဲ့လိုက်အောင်ပဲပြောပါ မိဝိုင်ရယ် ရေတောင်သီးတယ်'

Wine: 'အပိုတွေဟယ် ငါတကယ်မလှဘူးလားပြောလေပြော ပြော'

Naymin: 'အေး အေးလှပါတယ် ပြစ်ချက်ဆိုလို့ ထိုင်မှန်းမသိ ထမှန်းမသိတဲ့ အရပ်လေးတစ်ခုပဲ'

Wine: 'ဟဲ့ အဲ့ဒါ International Cuttie High ဟဲ့ နားမလည်ပဲ မပြောနဲ့'

(ကျွန်မနာမည်က wine ပါ။ အသက်က ၂၃။ B သွေး ။အရပ်က 5'2"။ မဟုတ်မခံစိတ်လေး နည်းနည်းတော့များတယ်😁။ ဒေါသထွက်ပြီဆိုရင်လည်း ပါးစပ်ကနောက် လက်ကအရင်ပဲ။ တိုက်ကွမ်တို ခါးပက်နက်ရထားတာ အလကားမှမဟုတ်ပဲ။ ပြီးတော့အားလုံးပဲမြင်ကြတဲ့အတိုင်း အမြဲ အစနောက်ခံ နေရတာ အရပ်ပုလို့တဲ့။ တကယ်တော့ မပုပါဘူး ဘေးကလူတွေကသာရှည်နေတာ😁။ ကျွန်မကို စနောက်တဲ့အထဲ အဆိုးဆုံးက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်း နေမင်း တဲ့။ အဲ့ကောင်နဲ့က မူကြိုတည်းကခင်လာတာဆိုတော့ ပြောမနာဆိုမနာတွေဖြစ်နေပြီ။ အဲ့ကောင်အရပ်က ၅'၉"လေ ။ ကျွန်မထက် ၇လက်မလေးပဲရှည်ပြီး စနောက်နေတာတော့ ခံပြင်းတယ်။ ကျွန်မရဲ့ အိပ်မက်ကတစ်နေ့ကျရင် အရပ် ၆' လောက်ရှိတဲ့ ကိုကိုတစ်ယောက်နဲ့တွဲပြီး အဲ့ကောင်ကို ကိုကို့ရဲ့ကျောပေါ်ကနေ ငုံ့ကြည့်ဖို့ပဲ။ တွေးရင်းနဲ့တောင် အဲ့ကိုကို က်ိုတွေ့ရဖို့ ရင်ခုန်နေပါပြီ အဟိ😁)

Naymin: 'ဟဲ့ ဘာတွေပြုံးနေတာလဲ ဂျပုမ'

Wine: 'ဘာမှမတွေးဘူးနော် ငါတကယ်ဘာမှမတွေးဘူး'

Naymin: 'ဘာမှလည်းမမေးပါဘူး အိုးမလုံအုံမပွင့်နဲ့'

Wine: '😁😁'

Naymin: 'ဖြီးမနေနဲ့ လာ...သွားမယ် ပုဂံကိုရောက်တုန်းရောက်ခိုက်လေး ပတ်ကြည့်ကြမယ်၊ နင်ငါ့နားမှာပဲနေ ၊ပျောက်သွားရင် ရှာရဖွေရခက်တဲ့အရပ်အမောင်းနဲ့ဆိုတော့...'

Wine: 'နင် ဒီအရပ်အကြောင်း ပြောလို့ပြီးဦးမှာလား? '

Naymin: 'Ah! sorry... နင်ကပုနေတော့ ငါ့အပြောကနေလွတ်မှာမဟုတ်ဘူး အပြောမခံချင်ရင် မပုနဲ့လေ🙄Awww မေ့လို့ အရပ်က ထပ်မထွက်လာတော့ဘူးပဲ'

Wine: 'နင့်ကိုယ်နင်ရော ရှည်တယ်ထင်နေလား ငါ့ထက် ၇လက်မလေးပဲရှည်ပြီးတော့'

Naymin: 'မတတ်နိုင်ဘူး ငါက ၇လက်မရှည်နေသ၍ ပြောနေရဦးမှာပဲ'

Wine: 'ဟွန်း...😠'

Naymin: 'ဟွန်းမနေနဲ့ ဒီမှာစောင့်နေ ဘယ်မှလျှောက်မသွားနဲ့နော် ငါပြန်လာခဲ့မယ်'

Wine: 'ကြွ ကြွ'

Naymin: 'ဘယ်မှမသွားနဲ့နော်'

Wine: 'အေးပါဆို'

Naymin: (ဒီကလေးမ ဖိနပ်ပေါက်နေတာ နာနေမှာပဲ လမ်းဆက်လျှောက်လို့မဖြစ်ဘူး သူ့ကိုနားခိုင်းပြီး သူလိုတာ ငါသွားဝယ်ပေးမှပဲ။ ဒင်း က ဆက်ဆံရေးသိပ်မကောင်းဘူး။ ဒါကြောင့် သူငယ်ချင်းဆိုလို့ ငါပဲရှိတယ်။ သူ့အကျင့်တွေကို သည်းခံရင်းနဲ့ သက်ရှိဗုဒ္ဓတောင်ဖြစ်တော့မယ်။ ဟော...ဆူပုတ်နေပုံက အဝေးကကြည့်တာတောင် ထင်းခနဲပဲ။ အမှန်တိုင်း ဝန်ခံရရင် ချစ်ဖို့ကောင်းတယ်လို့ နည်းနည်းတော့ထင်တယ်။ တဇွတ်ထိုးတဇောက်ကန်းအကျင့်လေးပြင်လိုက်ရင် တကယ်ပြည့်စုံပြီ😊။ ဟာ....နေပါဦး ငါဘာတွေတွေးနေတာလဲ။ ဘယ်နေရာမှ ချစ်စရာမကောင်းပါဘူး။ အမ်မလေး တော်သေးလို့ သတိတွေကပ်စမ်းဟဲ့ ငါ့နား။ မြန်မြန်သွားမှ တော်ကြာ ကြာနေလို့ ဂျပုမပြောတာ ခံနေရဦးမယ်။)

Wine: 'ဟာ...ကြာလိုက်တာ ။မနက်အစောကြီးတည်းက ထွက်လာပေမယ့် အခု နေတောင် မြင့်နေပြီ။ နင့်ဘာသာ လာချင်လာ မလာချင်နေ ငါတော့ ဟိုတယ်ပြန်ပြီ နေမင်းရေ တာ့တာ😋'

(ဒီဈေးမှာ စားစရာတွေ အဝတ်အစားတွေ တော်တော်ပေါတယ်။ ဒီဈေးက လုံးဝကို ငါ့စတိုင်ပဲ။)

ဝုန်း..........💥

Wine: 'ဟာ ငါ့ကိုဝင်တိုက်တယ် ဒီမှာရှင့်လူတစ်ယောက်လုံးလာတာ မမြင်ဘူးလား'

Other: 'ဪ ဆောရီး ငါငုံ့မကြည့်မိလိုက်လို့'

Wine: (ဒီလူ လွန်လွန်းသွားပြီ ဆောရီးဆ်ိုရင်တောင် လက်ခံလိုက်လို့ရသေး ဘာလဲ ငုံ့မကြည့်မိလိုက်လို့ဆိုတာက စော်ကားတာလား ငါ့ကို)

'ဘာပြောတယ်?'

Other: 'ဪ ဆောရီး ငါလောသွားလို့လို့ တောင်းပန်တယ် ဟုတ်ပြီလား လောလောဆယ် ငါအလျှင်လိုလို့ သွားလိုက်ဦးမယ်'

Wine: 'နေဦးလေ ဒီမှာဝင်တိုက်မိတဲ့ဆိုင်ကို လျော်သွားဦးလေ'

Other: 'ငါတိုက်မိတာ မင်းကိုလေ ဆိုင်ကိုမှမဟုတ်တာ။ ဆိုင်ကိုတိုက်တာက မင်းဆိုတော့ မင်းပဲလျော်လိုက်၊ အလျှင်လိုပါတယ်ဆိုမှကွာ...ဖယ် ဖယ် ငါသွားပြီ'

Wine: 'နေဦးလေ ဟေ့လူ ဟေ့လူ အာ...ငါ့မှာ လျော်ဖို့ပိုက်ဆံမပါဘူးလေ😑'

Naymin: (ဒီကောင်မလေး ဘယ်ရောက်သွားတာလဲ။ စောင့်နေပါလို့ ပြောထားရက်နဲ့ကွာ😑သူ့ခြေထောက်နာနေလို့ စေတနာနဲ့လည်း သွားဝယ်ပေးရသေးတယ်။ ဈေးကလည်း အကြီးကြီးပဲ မှန်းစမ်း ဘယ်နေရာမှာရှိနေလောက်မလဲ။ မှန်းစရာမလိုပါဘူး မုန့်ဆိုင်များတဲ့နေရာပေါ့)

Wine: 'ဦးလေးကြီးရယ် နည်းနည်းလျှော့ပေးပါ ကျွန်မမှာ ၅၀၀၀၀ပဲ ပါလာလို့ပါ'

Other: 'ဦးလေးလည်း လျှော့လို့မရတော့လို့ပါကွယ် ဒါ ၁၀၀၀၀၀ အတိပဲ'

Wine: 'ကျွန်မ မျက်နှာလေးထောက်ထား ငဲ့ညှာပြီးတော့ ၅၀၀၀၀ လောက်ပဲထားပေးလို့မရဘူးလားဟင်'

Other: 'ဦးလေးတို့မိသားစု စားဖို့အတွက်လိုအပ်လ်ု့ပါ ပြီးတော့ ဦးလေးပိုင်တဲ့ဆိုင်လည်းမဟုတ်ဘူး ဦးလေးက အလုပ်သမား သမီးသာ မပေးရင် ဦးလေးလျော်ရမှာ'

Naymin: (ဟော...ထင်တဲ့အတိုင်း မယ်မင်းကြီးမ ပြဿနာရှာပြန်ပြီ)

Naymin: 'ဟဲ့ ဘာတွေဖြစ်နေတာလဲ'

Wine: 'အမ်...အမ်မလေး မြတ်စွာဘုရား ဘုရားကငါ့ကိုပစ်မထားဘူးပဲ၊ ငါ့အချစ်ဆုံးသူငယ်ချင်းလေးရယ် အခုမှလာရတယ်လို့၊ ငါ့ကို ကူညီပါ မ စ ပါဦး'

Naymin: 'နေပါဦး ဘာတွေဖြစ်နေတာလဲဆိုတာ ပြောဦး'

Wine: 'ဖြစ်ပုံက ဒီလို.............'

-------------------------------------------

Naymin: 'ကဲ...မယ်မင်းကြီးမ ငါလျော်လည်းလျော်ပေးလိုက်ပြီ နောက်ထပ် ဘာပြဿနာမှရှာဖို့မစဉ်းစားနဲ့တော့ ဟိုတယ်ပြန်မယ်...ရော့ ဒီမှာမုန့် နဲ့ ဖိနပ်'

Wine: 'အင်း...နင်က ကမ္ဘာမှာ ငါ့အပေါ်အကောင်းဆုံးလူသားပဲ'

Naymin: (အေးပါ မိဝိုင်ရယ် ငါကလည်း နင်နဲ့ပက်သက်ရင် ဝဋ်ကြွေးကိုကြီးပါတယ်...)

_____________________________________

'မီးဟေ့ မီး မီးလောင်နေတယ်...'

ep2 coming soon

Zawgyi

Wine: 'ဒီေန႔ ရာသီဥတုက ငါ့လိုပဲ လွပလိုက္တာ'

Naymin: 'အဟြတ္..ဟြတ္...စကားကို လူနဲ႔လိုက္ေအာင္ပဲေျပာပါ မိဝိုင္ရယ္ ေရေတာင္သီးတယ္'

Wine: 'အပိုေတြဟယ္ ငါတကယ္မလွဘူးလားေျပာေလေျပာ ေျပာ'

Naymin: 'ေအး ေအးလွပါတယ္ ျပစ္ခ်က္ဆိုလို႔ ထိုင္မွန္းမသိ ထမွန္းမသိတဲ့ အရပ္ေလးတစ္ခုပဲ'

Wine: 'ဟဲ့ အဲ့ဒါ International Cuttie High ဟဲ့ နားမလည္ပဲ မေျပာနဲ႔'

(ကြၽန္မနာမည္က wine ပါ။ အသက္က ၂၃။ B ေသြး ။အရပ္က 5'2"။ မဟုတ္မခံစိတ္ေလး နည္းနည္းေတာ့မ်ားတယ္😁။ ေဒါသထြက္ၿပီဆိုရင္လည္း ပါးစပ္ကေနာက္ လက္ကအရင္ပဲ။ တိုက္ကြမ္တို ခါးပက္နက္ရထားတာ အလကားမွမဟုတ္ပဲ။ ၿပီးေတာ့အားလုံးပဲျမင္ၾကတဲ့အတိုင္း အၿမဲ အစေနာက္ခံ ေနရတာ အရပ္ပုလို႔တဲ့။ တကယ္ေတာ့ မပုပါဘူး ေဘးကလူေတြကသာရွည္ေနတာ😁။ ကြၽန္မကို စေနာက္တဲ့အထဲ အဆိုးဆုံးက ကြၽန္မရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း ေနမင္း တဲ့။ အဲ့ေကာင္နဲ႔က မူႀကိဳတည္းကခင္လာတာဆိုေတာ့ ေျပာမနာဆိုမနာေတြျဖစ္ေနၿပီ။ အဲ့ေကာင္အရပ္က ၅'၉"ေလ ။ ကြၽန္မထက္ ၇လက္မေလးပဲရွည္ၿပီး စေနာက္ေနတာေတာ့ ခံျပင္းတယ္။ ကြၽန္မရဲ႕ အိပ္မက္ကတစ္ေန႔က်ရင္ အရပ္ ၆' ေလာက္ရွိတဲ့ ကိုကိုတစ္ေယာက္နဲ႔တြဲၿပီး အဲ့ေကာင္ကို ကိုကို႔ရဲ႕ေက်ာေပၚကေန ငုံ႔ၾကည့္ဖို႔ပဲ။ ေတြးရင္းနဲ႔ေတာင္ အဲ့ကိုကို က္ိုေတြ႕ရဖို႔ ရင္ခုန္ေနပါၿပီ အဟိ😁)

Naymin: 'ဟဲ့ ဘာေတြၿပဳံးေနတာလဲ ဂ်ပုမ'

Wine: 'ဘာမွမေတြးဘူးေနာ္ ငါတကယ္ဘာမွမေတြးဘူး'

Naymin: 'ဘာမွလည္းမေမးပါဘူး အိုးမလုံအုံမပြင့္နဲ႔'

Wine: '😁😁'

Naymin: 'ၿဖီးမေနနဲ႔ လာ...သြားမယ္ ပုဂံကိုေရာက္တုန္းေရာက္ခိုက္ေလး ပတ္ၾကည့္ၾကမယ္၊ နင္ငါ့နားမွာပဲေန ၊ေပ်ာက္သြားရင္ ရွာရေဖြရခက္တဲ့အရပ္အေမာင္းနဲ႔ဆိုေတာ့...'

Wine: 'နင္ ဒီအရပ္အေၾကာင္း ေျပာလို႔ၿပီးဦးမွာလား? '

Naymin: 'Ah! sorry... နင္ကပုေနေတာ့ ငါ့အေျပာကေနလြတ္မွာမဟုတ္ဘူး အေျပာမခံခ်င္ရင္ မပုနဲ႔ေလ🙄Awww ေမ့လို႔ အရပ္က ထပ္မထြက္လာေတာ့ဘူးပဲ'

Wine: 'နင့္ကိုယ္နင္ေရာ ရွည္တယ္ထင္ေနလား ငါ့ထက္ ၇လက္မေလးပဲရွည္ၿပီးေတာ့'

Naymin: 'မတတ္ႏိုင္ဘူး ငါက ၇လက္မရွည္ေနသ၍ ေျပာေနရဦးမွာပဲ'

Wine: 'ဟြန္း...😠'

Naymin: 'ဟြန္းမေနနဲ႔ ဒီမွာေစာင့္ေန ဘယ္မွေလွ်ာက္မသြားနဲ႔ေနာ္ ငါျပန္လာခဲ့မယ္'

Wine: 'ႂကြ ႂကြ'

Naymin: 'ဘယ္မွမသြားနဲ႔ေနာ္'

Wine: 'ေအးပါဆို'

Naymin: (ဒီကေလးမ ဖိနပ္ေပါက္ေနတာ နာေနမွာပဲ လမ္းဆက္ေလွ်ာက္လို႔မျဖစ္ဘူး သူ႔ကိုနားခိုင္းၿပီး သူလိုတာ ငါသြားဝယ္ေပးမွပဲ။ ဒင္း က ဆက္ဆံေရးသိပ္မေကာင္းဘူး။ ဒါေၾကာင့္ သူငယ္ခ်င္းဆိုလို႔ ငါပဲရွိတယ္။ သူ႔အက်င့္ေတြကို သည္းခံရင္းနဲ႔ သက္ရွိဗုဒၶေတာင္ျဖစ္ေတာ့မယ္။ ေဟာ...ဆူပုတ္ေနပုံက အေဝးကၾကည့္တာေတာင္ ထင္းခနဲပဲ။ အမွန္တိုင္း ဝန္ခံရရင္ ခ်စ္ဖို႔ေကာင္းတယ္လို႔ နည္းနည္းေတာ့ထင္တယ္။ တဇြတ္ထိုးတေဇာက္ကန္းအက်င့္ေလးျပင္လိုက္ရင္ တကယ္ျပည့္စုံၿပီ😊။ ဟာ....ေနပါဦး ငါဘာေတြေတြးေနတာလဲ။ ဘယ္ေနရာမွ ခ်စ္စရာမေကာင္းပါဘူး။ အမ္မေလး ေတာ္ေသးလို႔ သတိေတြကပ္စမ္းဟဲ့ ငါ့နား။ ျမန္ျမန္သြားမွ ေတာ္ၾကာ ၾကာေနလို႔ ဂ်ပုမေျပာတာ ခံေနရဦးမယ္။)

Wine: 'ဟာ...ၾကာလိုက္တာ ။မနက္အေစာႀကီးတည္းက ထြက္လာေပမယ့္ အခု ေနေတာင္ ျမင့္ေနၿပီ။ နင့္ဘာသာ လာခ်င္လာ မလာခ်င္ေန ငါေတာ့ ဟိုတယ္ျပန္ၿပီ ေနမင္းေရ တာ့တာ😋'

(ဒီေဈးမွာ စားစရာေတြ အဝတ္အစားေတြ ေတာ္ေတာ္ေပါတယ္။ ဒီေဈးက လုံးဝကို ငါ့စတိုင္ပဲ။)

ဝုန္း..........💥

Wine: 'ဟာ ငါ့ကိုဝင္တိုက္တယ္ ဒီမွာရွင့္လူတစ္ေယာက္လုံးလာတာ မျမင္ဘူးလား'

Other: 'ဪ ေဆာရီး ငါငုံ႔မၾကည့္မိလိုက္လို႔'

Wine: (ဒီလူ လြန္လြန္းသြားၿပီ ေဆာရီးဆ္ိုရင္ေတာင္ လက္ခံလိုက္လို႔ရေသး ဘာလဲ ငုံ႔မၾကည့္မိလိုက္လို႔ဆိုတာက ေစာ္ကားတာလား ငါ့ကို)

'ဘာေျပာတယ္?'

Other: 'ဪ ေဆာရီး ငါေလာသြားလို႔လို႔ ေတာင္းပန္တယ္ ဟုတ္ၿပီလား ေလာေလာဆယ္ ငါအလွ်င္လိုလို႔ သြားလိုက္ဦးမယ္'

Wine: 'ေနဦးေလ ဒီမွာဝင္တိုက္မိတဲ့ဆိုင္ကို ေလ်ာ္သြားဦးေလ'

Other: 'ငါတိုက္မိတာ မင္းကိုေလ ဆိုင္ကိုမွမဟုတ္တာ။ ဆိုင္ကိုတိုက္တာက မင္းဆိုေတာ့ မင္းပဲေလ်ာ္လိုက္၊ အလွ်င္လိုပါတယ္ဆိုမွကြာ...ဖယ္ ဖယ္ ငါသြားၿပီ'

Wine: 'ေနဦးေလ ေဟ့လူ ေဟ့လူ အာ...ငါ့မွာ ေလ်ာ္ဖို႔ပိုက္ဆံမပါဘူးေလ😑'

Naymin: (ဒီေကာင္မေလး ဘယ္ေရာက္သြားတာလဲ။ ေစာင့္ေနပါလို႔ ေျပာထားရက္နဲ႔ကြာ😑သူ႔ေျခေထာက္နာေနလို႔ ေစတနာနဲ႔လည္း သြားဝယ္ေပးရေသးတယ္။ ေဈးကလည္း အႀကီးႀကီးပဲ မွန္းစမ္း ဘယ္ေနရာမွာရွိေနေလာက္မလဲ။ မွန္းစရာမလိုပါဘူး မုန႔္ဆိုင္မ်ားတဲ့ေနရာေပါ့)

Wine: 'ဦးေလးႀကီးရယ္ နည္းနည္းေလွ်ာ့ေပးပါ ကြၽန္မမွာ ၅၀၀၀၀ပဲ ပါလာလို႔ပါ'

Other: 'ဦးေလးလည္း ေလွ်ာ့လို႔မရေတာ့လို႔ပါကြယ္ ဒါ ၁၀၀၀၀၀ အတိပဲ'

Wine: 'ကြၽန္မ မ်က္ႏွာေလးေထာက္ထား ငဲ့ညႇာၿပီးေတာ့ ၅၀၀၀၀ ေလာက္ပဲထားေပးလို႔မရဘူးလားဟင္'

Other: 'ဦးေလးတို႔မိသားစု စားဖို႔အတြက္လိုအပ္လ္ု႔ပါ ၿပီးေတာ့ ဦးေလးပိုင္တဲ့ဆိုင္လည္းမဟုတ္ဘူး ဦးေလးက အလုပ္သမား သမီးသာ မေပးရင္ ဦးေလးေလ်ာ္ရမွာ'

Naymin: (ေဟာ...ထင္တဲ့အတိုင္း မယ္မင္းႀကီးမ ျပႆနာရွာျပန္ၿပီ)

Naymin: 'ဟဲ့ ဘာေတြျဖစ္ေနတာလဲ'

Wine: 'အမ္...အမ္မေလး ျမတ္စြာဘုရား ဘုရားကငါ့ကိုပစ္မထားဘူးပဲ၊ ငါ့အခ်စ္ဆုံးသူငယ္ခ်င္းေလးရယ္ အခုမွလာရတယ္လို႔၊ ငါ့ကို ကူညီပါ မ စ ပါဦး'

Naymin: 'ေနပါဦး ဘာေတြျဖစ္ေနတာလဲဆိုတာ ေျပာဦး'

Wine: 'ျဖစ္ပုံက ဒီလို.............'

-------------------------------------------

Naymin: 'ကဲ...မယ္မင္းႀကီးမ ငါေလ်ာ္လည္းေလ်ာ္ေပးလိုက္ၿပီ ေနာက္ထပ္ ဘာျပႆနာမွရွာဖို႔မစဥ္းစားနဲ႔ေတာ့ ဟိုတယ္ျပန္မယ္...ေရာ့ ဒီမွာမုန႔္ နဲ႔ ဖိနပ္'

Wine: 'အင္း...နင္က ကမာၻမွာ ငါ့အေပၚအေကာင္းဆုံးလူသားပဲ'

Naymin: (ေအးပါ မိဝိုင္ရယ္ ငါကလည္း နင္နဲ႔ပက္သက္ရင္ ဝဋ္ေႂကြးကိုႀကီးပါတယ္...)

_____________________________________

'မီးေဟ့ မီး မီးေလာင္ေနတယ္...'

ep2 coming soon

Episode 2

Unicode

ဦးမင်းလွင်: 'ဟယ်လို...မိဝိုင် ညည်းပုဂံသွားတာ ဘာလို့ ဖေဖေ့ကိုပြောမသွားတာလဲ? အဆင်ရောပြေရဲ့လား? ဘယ်သူနဲ့လဲ? နေမင်းရော ပါသွားရဲ့လား?'

Wine: 'အာ...သမီးကိုပြောခွင့်ပေးပါဦး ဖေဖေရဲ့'

ဦးမင်းလွင်: 'ဪ အေး ပြော'

Wine: 'နေမင်းပါ ပါတယ် ၊ သမီးတို့လည်း ဗိုက်ဆာလို့ မုန့်ထွက်စားရင်းက ပုဂံရောက်လာတာ'

ဦးမင်းလွင်: 'ဟေ...ဗိုက်ဆာလို့မုန့်ထွက်စားတာ ဘယ်လိုလို့ ပုဂံရောက်သွားရတာလဲ?'

Wine: 'ပုဂံက ကောက်ညှင်းပေါင်းက စားကောင်းတယ်လေ ဖေဖေရဲ့ ဟီး😁'

ဦးမင်းလွင်: 'တော်တော် ဉာဏ်နီဉာဏ်နက်များတယ်နော် ညည်း ပြန်လာမှတွေ့မယ်'

Wine: 'အာ...ဖေဖေကလည်း သမီးလေးတစ်ယောက်တည်းရှိတာကို ဒီလောက်အပြစ်သေးသေးလေးအတွက် ဗွေမယူသင့်ပါဘူးလေ'

ဦးမင်းလွင်: 'ညည်းတော်တော်တတ်😏ညည်းပဲအဖေလုပ်တော့ ငါရာထူးကဆင်းပေးမယ်'

Wine: 'အဲ...ရပါတယ် အားနာစရာကြီး ဖေဖေက ဖေဖေပဲလုပ်ပါ ဖေဖေရဲ့'

ဦးမင်းလွင်: 'ပြီးရော ပြီးရော ပြန်လာမှတွေ့မယ်'

Wine: 'ဟုတ် ဖေဖေ Goodnight Mwchhh😘'

(သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ ရှေးလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးပဲ။ သမီးလေးတစ်ယောက်တည်းရှိပြီး မိတဆိုးလေးမို့ အလိုလိုက်ထားတာ ဆိုးချင်တိုင်းကိုဆိုးနေတော့တာပဲ။ အပြစ်ကလည်းဆိုမရပြန်ဘူး ငယ်ငယ်တည်းက ကျန်းမာရေးကလည်း ချူချာသေး ၊ ဖအေကိုလည်း ချစ်တာမှတုန်လို့ မျက်စိအောက်က အပျောက်မခံဘူး ၊ အသက် ၂၀ ကျော်မှသာ သူ့ဟာသူလွတ်လပ်ချင်လာလို့ ငါလည်း လွတ်တာ ။ ဒါပေမယ့်လည်း ဒီအတိုင်းသာဆို ငါမရှိရင် ဒီကလေး မတွေးရဲစရာပဲ။)

ဦးကြည်: 'မီး မီး မီးဗျို့ မီး'

ဦးမင်းလွင်: 'ဟေ့ ဘာဖြစ်တာလဲ'

ဦးကြည်: 'သူ သူဌေး ဂိုဒေါင်မီးလောင်နေတယ်'

ဦးမင်းလွင်: 'ဟာ...မဖြစ်ဘူး မီးသတ်ကားခေါ်ထားလား?'

ဦးကြည်: 'ဟုတ် ခေါ် ခေါ်ထားပါတယ် ဒါပေမယ့်...'

ဦးမင်းလွင်: 'ဒါပေမယ့်ဘာဖြစ်လဲ? ပြောလေ'

ဦးကြည်: 'ဟို ဟိုလေ'

ဦးမင်းလွင်: 'မြန်မြန်ပြောပါ'

ဦးကြည်: 'အထည်ချုပ်စက်ရုံက သူဌေး...သူ...'

ဦးမင်းလွင်: 'မိုးဟိန်း ဘာဖြစ်လို့လဲ?'

ဦးကြည်: 'သူ ဂိုဒေါင်ထဲမှာပဲရှိသေးတယ် သူဌေး'

ဦးမင်းလွင်: 'ဘာ....ဒီလိုနေလို့မဖြစ်ဘူး ငါ ငါ့သူငယ်ချင်းကိုသွားခေါ်မယ်'

ဦးကြည်: 'သူဌေးမဖြစ်ဘူး အန္တရာယ်များတယ်။ မီးသတ်ကားလာတော့မှာပဲဟာ...ခဏစောင့်လိုက်ပါ'

ဦးမင်းလွင်: 'လူတစ်ယောက်လုံး အန္တရာယ်ထဲရောက်နေတာ သိရက်နဲ့ ဒီအတိုင်းကြည့်မနေနိုင်ဘူး ။ ပြီးတော့ အဲ့ဒါ ငါ့သူငယ်ချင်း ၊ ငါမရ ရအောင် ကယ်မယ်'

ဦးကြည်လည်း သူငယ်ချင်းကိုကယ်ရန်အတွက် မီးထဲပြေးဝင်သွားသော သူဌေးကို အနောက်မှ လှမ်းအော်နေရုံသာ တတ်နိုင်တော့သည်။

ဦးကြည်: 'သူဌေး....သူဌေး...'

"🎶🎵ringtone...."

Wine: 'ဟယ်လို...'

Dawgyi: 'မမလေး....😭'

Wine: 'ဒေါ်ကြီး ဘာဖြစ်တာလဲ...ဘာလို့ငိုနေတာလဲ? ဖေဖေဆူပြန်ပြီလား?'

Dawgyi: 'မမလေး အဖေ...'

Wine: 'ဖေဖေ ဘာဖြစ်လို့လဲ?'

Dawgyi: 'သူ...သူဌေး ဆုံးပြီ'

Wine: 'ဘာ...မဟုတ်တာ မနောက်ပါနဲ့ ညကတောင် ဖုန်းပြောနေသေးတာပဲကို၊ အာ...မဖြစ်နိုင်တာ'

Dawgyi: 'တကယ်ပါ မမလေးရယ် ညကပဲ မီးထဲမှာ သူဌေးနဲ့ သူဌေးရဲ့မိတ်ဆွေ ဦးမိုးဟိန်းတို့ရဲ့ အလောင်းကိုတွေ့ခဲ့တာ'

Wine: 'မဖြစ်နိုင်တာ...ဖေဖေဆုံးပြီတဲ့လား? မနောက်ပါနဲ့ ဒေါ်ကြီးရယ်...မဟုတ်ဘူး အခုနောက်နေတာလို့ပဲပြောလိုက်ပါလား ဒေါ်ကြီးရယ် ဝိုင်တောင်းပန်ပါတယ်...'

Dawgyi: 'မမလေး မမလေး အဆင်ပြေရဲ့လား ပြန်လာခဲ့ပါတော့'

Wine: 'အခုပြန်လာပြီ'

(မဟုတ်ဘူး မဖြစ်နိုင်ဘူး အကုန်လုံး ဝိုင်းညာနေကြတာ ။ တစ်ယောက်လောက်ငါ့ကိုလာပြောပါ ဖေဖေတကယ်မသေဘူး နောက်နေတာပါလို့ ။လာပြောပေးကြပါ...တောင်းပန်ပါတယ်😭)

Wine: 'နေမင်းရေ နေမင်း လုပ်ပါဦး ငါ့ကိုကယ်ပါဦး😭'

Naymin: 'ဘာဖြစ်တာလဲဟ ဘာလို့ငိုနေတာလဲ ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ'

Wine: 'ဖေဖေ ဆုံးပြီတဲ့'

Naymin: 'အာ...မဖြစ်နိုင်တာ ငါတို့မလာခင်ကမှ အကောင်းကြီးရှိသေးတယ် ပြီးတော့ အန်ကယ်က ဒေါင်ဒေါင်မြည်ပဲကို'

Wine: 'ဂိုဒေါင်မီးလောင်တဲ့အထဲပါသွားတာတဲ့။ ငါတို့ပြန်ကြရအောင် ငါ့ကိုလိုက်ပို့ပေးပါ ကျေးဇူးပြုပြီး'

Naymin: 'အေး အေး သွားကြမယ်'

------------------------------------------

'သ သခင်လေး...သူဌေးဆုံးပြီတဲ့'

'ဘာ............'

Zawgyi

ဦးမင္းလြင္: 'ဟယ္လို...မိဝိုင္ ညည္းပုဂံသြားတာ ဘာလို႔ ေဖေဖ့ကိုေျပာမသြားတာလဲ? အဆင္ေရာေျပရဲ႕လား? ဘယ္သူနဲ႔လဲ? ေနမင္းေရာ ပါသြားရဲ႕လား?'

Wine: 'အာ...သမီးကိုေျပာခြင့္ေပးပါဦး ေဖေဖရဲ႕'

ဦးမင္းလြင္: 'ဪ ေအး ေျပာ'

Wine: 'ေနမင္းပါ ပါတယ္ ၊ သမီးတို႔လည္း ဗိုက္ဆာလို႔ မုန႔္ထြက္စားရင္းက ပုဂံေရာက္လာတာ'

ဦးမင္းလြင္: 'ေဟ...ဗိုက္ဆာလို႔မုန႔္ထြက္စားတာ ဘယ္လိုလို႔ ပုဂံေရာက္သြားရတာလဲ?'

Wine: 'ပုဂံက ေကာက္ညႇင္းေပါင္းက စားေကာင္းတယ္ေလ ေဖေဖရဲ႕ ဟီး😁'

ဦးမင္းလြင္: 'ေတာ္ေတာ္ ဉာဏ္နီဉာဏ္နက္မ်ားတယ္ေနာ္ ညည္း ျပန္လာမွေတြ႕မယ္'

Wine: 'အာ...ေဖေဖကလည္း သမီးေလးတစ္ေယာက္တည္းရွိတာကို ဒီေလာက္အျပစ္ေသးေသးေလးအတြက္ ေဗြမယူသင့္ပါဘူးေလ'

ဦးမင္းလြင္: 'ညည္းေတာ္ေတာ္တတ္😏ညည္းပဲအေဖလုပ္ေတာ့ ငါရာထူးကဆင္းေပးမယ္'

Wine: 'အဲ...ရပါတယ္ အားနာစရာႀကီး ေဖေဖက ေဖေဖပဲလုပ္ပါ ေဖေဖရဲ႕'

ဦးမင္းလြင္: 'ၿပီးေရာ ၿပီးေရာ ျပန္လာမွေတြ႕မယ္'

Wine: 'ဟုတ္ ေဖေဖ Goodnight Mwchhh😘'

(သမီးတစ္ေကာင္ ႏြားတစ္ေထာင္ဆိုတာ ေရွးလူႀကီးေတြအလကားေျပာခဲ့တာမဟုတ္ဘူးပဲ။ သမီးေလးတစ္ေယာက္တည္းရွိၿပီး မိတဆိုးေလးမို႔ အလိုလိုက္ထားတာ ဆိုးခ်င္တိုင္းကိုဆိုးေနေတာ့တာပဲ။ အျပစ္ကလည္းဆိုမရျပန္ဘူး ငယ္ငယ္တည္းက က်န္းမာေရးကလည္း ခ်ဴခ်ာေသး ၊ ဖေအကိုလည္း ခ်စ္တာမွတုန္လို႔ မ်က္စိေအာက္က အေပ်ာက္မခံဘူး ၊ အသက္ ၂၀ ေက်ာ္မွသာ သူ႔ဟာသူလြတ္လပ္ခ်င္လာလို႔ ငါလည္း လြတ္တာ ။ ဒါေပမယ့္လည္း ဒီအတိုင္းသာဆို ငါမရွိရင္ ဒီကေလး မေတြးရဲစရာပဲ။)

ဦးၾကည္: 'မီး မီး မီးဗ်ိဳ႕ မီး'

ဦးမင္းလြင္: 'ေဟ့ ဘာျဖစ္တာလဲ'

ဦးၾကည္: 'သူ သူေဌး ဂိုေဒါင္မီးေလာင္ေနတယ္'

ဦးမင္းလြင္: 'ဟာ...မျဖစ္ဘူး မီးသတ္ကားေခၚထားလား?'

ဦးၾကည္: 'ဟုတ္ ေခၚ ေခၚထားပါတယ္ ဒါေပမယ့္...'

ဦးမင္းလြင္: 'ဒါေပမယ့္ဘာျဖစ္လဲ? ေျပာေလ'

ဦးၾကည္: 'ဟို ဟိုေလ'

ဦးမင္းလြင္: 'ျမန္ျမန္ေျပာပါ'

ဦးၾကည္: 'အထည္ခ်ဳပ္စက္႐ုံက သူေဌး...သူ...'

ဦးမင္းလြင္: 'မိုးဟိန္း ဘာျဖစ္လို႔လဲ?'

ဦးၾကည္: 'သူ ဂိုေဒါင္ထဲမွာပဲရွိေသးတယ္ သူေဌး'

ဦးမင္းလြင္: 'ဘာ....ဒီလိုေနလို႔မျဖစ္ဘူး ငါ ငါ့သူငယ္ခ်င္းကိုသြားေခၚမယ္'

ဦးၾကည္: 'သူေဌးမျဖစ္ဘူး အႏၲရာယ္မ်ားတယ္။ မီးသတ္ကားလာေတာ့မွာပဲဟာ...ခဏေစာင့္လိုက္ပါ'

ဦးမင္းလြင္: 'လူတစ္ေယာက္လုံး အႏၲရာယ္ထဲေရာက္ေနတာ သိရက္နဲ႔ ဒီအတိုင္းၾကည့္မေနႏိုင္ဘူး ။ ၿပီးေတာ့ အဲ့ဒါ ငါ့သူငယ္ခ်င္း ၊ ငါမရ ရေအာင္ ကယ္မယ္'

ဦးၾကည္လည္း သူငယ္ခ်င္းကိုကယ္ရန္အတြက္ မီးထဲေျပးဝင္သြားေသာ သူေဌးကို အေနာက္မွ လွမ္းေအာ္ေန႐ုံသာ တတ္ႏိုင္ေတာ့သည္။

ဦးၾကည္: 'သူေဌး....သူေဌး...'

"🎶🎵ringtone...."

Wine: 'ဟယ္လို...'

Dawgyi: 'မမေလး....😭'

Wine: 'ေဒၚႀကီး ဘာျဖစ္တာလဲ...ဘာလို႔ငိုေနတာလဲ? ေဖေဖဆူျပန္ၿပီလား?'

Dawgyi: 'မမေလး အေဖ...'

Wine: 'ေဖေဖ ဘာျဖစ္လို႔လဲ?'

Dawgyi: 'သူ...သူေဌး ဆုံးၿပီ'

Wine: 'ဘာ...မဟုတ္တာ မေနာက္ပါနဲ႔ ညကေတာင္ ဖုန္းေျပာေနေသးတာပဲကို၊ အာ...မျဖစ္ႏိုင္တာ'

Dawgyi: 'တကယ္ပါ မမေလးရယ္ ညကပဲ မီးထဲမွာ သူေဌးနဲ႔ သူေဌးရဲ႕မိတ္ေဆြ ဦးမိုးဟိန္းတို႔ရဲ႕ အေလာင္းကိုေတြ႕ခဲ့တာ'

Wine: 'မျဖစ္ႏိုင္တာ...ေဖေဖဆုံးၿပီတဲ့လား? မေနာက္ပါနဲ႔ ေဒၚႀကီးရယ္...မဟုတ္ဘူး အခုေနာက္ေနတာလို႔ပဲေျပာလိုက္ပါလား ေဒၚႀကီးရယ္ ဝိုင္ေတာင္းပန္ပါတယ္...'

Dawgyi: 'မမေလး မမေလး အဆင္ေျပရဲ႕လား ျပန္လာခဲ့ပါေတာ့'

Wine: 'အခုျပန္လာၿပီ'

(မဟုတ္ဘူး မျဖစ္ႏိုင္ဘူး အကုန္လုံး ဝိုင္းညာေနၾကတာ ။ တစ္ေယာက္ေလာက္ငါ့ကိုလာေျပာပါ ေဖေဖတကယ္မေသဘူး ေနာက္ေနတာပါလို႔ ။လာေျပာေပးၾကပါ...ေတာင္းပန္ပါတယ္😭)

Wine: 'ေနမင္းေရ ေနမင္း လုပ္ပါဦး ငါ့ကိုကယ္ပါဦး😭'

Naymin: 'ဘာျဖစ္တာလဲဟ ဘာလို႔ငိုေနတာလဲ ဘယ္သူအႏိုင္က်င့္လိုက္လို႔လဲ'

Wine: 'ေဖေဖ ဆုံးၿပီတဲ့'

Naymin: 'အာ...မျဖစ္ႏိုင္တာ ငါတို႔မလာခင္ကမွ အေကာင္းႀကီးရွိေသးတယ္ ၿပီးေတာ့ အန္ကယ္က ေဒါင္ေဒါင္ျမည္ပဲကို'

Wine: 'ဂိုေဒါင္မီးေလာင္တဲ့အထဲပါသြားတာတဲ့။ ငါတို႔ျပန္ၾကရေအာင္ ငါ့ကိုလိုက္ပို႔ေပးပါ ေက်းဇူးျပဳၿပီး'

Naymin: 'ေအး ေအး သြားၾကမယ္'

------------------------------------------

'သ သခင္ေလး...သူေဌးဆုံးၿပီတဲ့'

'ဘာ............'

Episode 3

Unicode

#Main Role: Moe Htet Myint & Wine

MHM: (အဖေကလည်းလေ တစ်ယောက်တည်းရှိတဲ့သားလေး ပျောက်နေတာကို နည်းနည်းလေးမှစိတ်မပူဘူးလားမသိပါဘူး။ ဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရဘူး။ ရန်ဖြစ်ပြီးသာထွက်လာတယ် ပိုက်ဆံလည်းပါမလာဘူး။ ဖုန်းတစ်ခါလောက်ခေါ်တာနဲ့ အိမ်ပြန်မလို့ကို... ငါ့အကြံများကြိုသိနေလားမသိ🤔)

Driver: 'သ သခင်လေး...သူဌေး ဆုံးပြီတဲ့'

MHM: 'ဘာ.......ဘာပြောလိုက်တယ် မဖြစ်နိုင်တာတွေမပြောနဲ့ ၊ ငါ့အဖေက အကောင်းကြီးကနေ ဘာလို့ ဆုံးမှာလဲ ။ ငါမယုံဘူး။'

Driver: 'တကယ်ပါ သခင်လေးရယ် ညကပဲ သူဌေးနဲ့ သူဌေးရဲ့သူငယ်ချင်း ဦးမင်းလွင်တို့ကို မီးထဲကနေ ရှာတွေ့ခဲ့တာတဲ့'

MHM: 'မဟုတ်ဘူး...မဖြစ်နိုင်ဘူး ၊ ငါ့ကိုအခုရန်ကုန်ပြန်လိုက်ပို့'

Driver: 'ဟုတ်ကဲ့ သခင်လေး'

-------------------------------------------

Dawgyi: 'မမလေး...မမလေးပြန်လာပြီဟေ့'

Wine: 'ဒေါ်ကြီး ဖေဖေရော?'

Dawgyi: 'သူဌေးတကယ်မရှိတော့ပါဘူး မမလေးရယ် မီးထဲကရှာတွေ့တော့ တော်တော်ဆိုးဆိုးရွားရွားလောင်ထားတော့ ၇ ရက်ထားလို့ မရနိုင်တော့လို့တဲ့...အလောင်းတွေကို တစ်ခါတည်း သဂြိုလ်လိုက်ရပြီ'

Wine: 'ဖေဖေရယ် သမီးလာတာတောင်မစောင့်တော့ဘူးလား ၊ နောက်ဆုံးအနေနဲ့တောင် ဖေဖေ့ကိုမတွေ့ရတော့ပါလား ၊ သမီးကိုတကယ်တစ်ယောက်တည်း ထားခဲ့တော့မှာလားဖေဖေရယ်😭'

Naymin: 'ဝိုင်ရေ ဝိုင် သတိထားဦးလေဟာ...နင်ထပ်လဲကျသွားလိမ့်မယ်။ နင်ဒီလိုပုံစံဖြစ်နေတာကို ဦးလေးမြင်ရင်လည်း ဘယ်စိတ်ကောင်းပါ့မလဲ? ကိုယ့်ကိုယ်ကို သတိထားပါဦးဟ'

Wine: 'သတိထားရမယ်? ဟုတ်လား? ဘာအတွက်လဲ? ငါ့ဘဝမှာ ငါ့ဖေဖေတစ်ယောက်တည်းရှိတာ...ဖေဖေကငါ့ကိုထားသွားပြီ...။ ငါ့ကိုနောက်ထပ် မကြည့်နေနိုင်တော့ဘူး။ ငါဘာကိုသတိထားနေရဦးမှာလဲဟာ...'

Naymin: 'နင်ဒီလိုပုံစံဖြစ်နေတာကို ဦးလေးကရော စိတ်ကောင်းနေမယ်ထင်လား? '

Wine: 'ဖေဖေ...ဖေဖေရေ...ဖေဖေမရှိတဲ့ဘဝမှာ သမီးတစ်ယောက်တည်း ဘာဆက်လုပ်ရမှာလဲဖေဖေရယ်...ဖေဖေ........😭'

ထိုနောက် နှလုံးရောဂါအခံကြောင့် ခံနိုင်ရည်မရှိတော့ပဲ ဝိုင်လဲကျသွားတော့သည်။

Naymin: 'ဝိုင်.........ဝိုင်....ထပါဦး ၊ ဒေါ်ကြီး အိပ်ရာသွားပြင်ထားလိုက် ကျွန်တော် သယ်လာခဲ့မယ်'

Dawgyi: 'ဟုတ်ကဲ့ သခင်လေးနေမင်း'

-------------------------------------------

အရင်ကလို ရယ်သံများဖြင့် မသာယာနေနိုင်တော့ပဲ အလုပ်သမားများ​၏ ငိုသံများဖြင့်သာ ဆူညံနေသောအိမ်ထဲသို့ မိုးထက်မြင့်တရွေ့ရွေ့ဝင်လာသည်။ အစ်မဖြစ်သူကို မျက်ရည်များဖြင့် တွေ့သောအခါမှ အဖေဆုံးပြီဆိုတာကို အမှန်တကယ်လက်ခံလိုက်ရတော့သည်။

MHM: 'မမ...အဖေရော?'

Nwe: 'မောင်လေး...အဟင့် ဟင့်'

MHM: 'မမ ငိုမနေနဲ့လေ အဖေရောလို့'

Nwe: 'အဖေ့ကို သဂြိုလ်လိုက်ရပြီ'

MHM: 'ဘာ...ကျွန်တော့်ကိုတောင် မစောင့်နိုင်တော့ဘူးလား မမရယ်'

Nwe: 'မဟုတ်ဘူး မောင်လေး ၊ အဖေတို့ ၂ ယောက် မီးတွေလောင်ထားတာကြောင့် ချက်ချင်း သဂြိုလ်လိုက်ရတာပါ'

MHM: 'အဖေရယ်...ဒီလိုမှန်းသိရင် သားအဖေ့ကိုစကားလုံးရင့်ရင့်သီးသီးတွေမပြောခဲ့ပါဘူး...၊ ဒီလိုမှန်းသာသိရင် အဖေပေးစားတဲ့ အဲ့မိန်းမကို သားမငြင်းခဲ့ပါဘူး။ အခုတော့အဖေရယ်...သားကိုနောင်တတွေနဲ့ထားခဲ့ပြီပေါ့'

Nwe: 'မောင်လေးရယ် ကိုယ့်ကိုယ်ကို ဒီလောက်အပြစ်မတင်နေပါနဲ့...ဖြစ်ချိန်တန်လို့ဖြစ်သွားတယ် သဘောထားလိုက်ပါတော့...အဟင့်ဟင့်'

MHM: 'ခုဏက အဖေတို့ဆိုတာ...ဟို ဦးမင်းလွင်နဲ့လား'

Nwe: 'ဟုတ်တယ်...ဦးမင်းလွင်နဲ့ စီးပွားရေးကိစ္စသွားညှိနှိုင်းတာ'

MHM: 'ဘာကိစ်စလဲ?'

Nwe: 'ဦးမင်းလွင် စက်ရုံတိုးချဲ့ဖို့ကိစ္စလေ အဖေ့ဆီက ငွေလာချည်းတယ်။ ပထမတော့ အဖေက ရှိတာတွေ ထုတ်ပေးလိုက်မလို့ပဲ။ နောက်တော့ မမတို့ကုမပ္ပဏ္ဏီလည်း အရှုံးပေါ်နေတာနဲ့ ငွေချည်းလို့မဖြစ်နိုင်ကြောင်းသွားပြောရင်းက အခုလိုဖြစ်တာ...ပြီးတော့ ဦးမင်းလွင်အရင်တစ်ခေါက်ကချည်းထားတဲ့ သိန်း ၅သောင်းကလည်း ပြန်မဆပ်သေးဘူးလေ'

MHM: 'ရိုးရော ရိုးရဲ့လားမမရယ်'

Nwe: 'မသိပါဘူးကွယ်...ရဲတွေကတော့ ဘာသက်သေမှမရှိပဲ အမှုထဖြစ်လို့မရဘူးဆိုလို့ မမလည်း ဘာမှဆက်မလုပ်တော့တာ။ ပြီးတော့ သက်သေမရှိပဲ သူများကိုစွပ်စွဲလို့လည်းမဖြစ်ဘူးလေ'

MHM: 'ဦးမင်းလွင်...ဦးမင်းလွင်...ဥပဒေဘောင်ကနေမရဘူး ဥပဒေဘောင်အပြင်ကနေလုပ်ပြမယ်'

Nwe: 'မောင်လေး...စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့မောင်လေးရယ် ။ သေချာသေးတာလည်းမဟုတ်ပဲနဲ့။ မောင်လေး မောင်လေး....'

အစ်မဖြစ်သူစကားတောင်ဆုံးအောင်နားမထောင်တော့ပဲ မိုးထက်မြင့် ပြေးထွက်သွားတော့သည်။

---------------------------------------------

တီ...တီ...📣🚙

ခြံစောင့်: 'ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ...'

MHM: 'ဦးမိုးဟိန်းရဲ့သား မိုးထက်မြင့် လာနေတယ်လို့ပြောလိုက်...'

ခြံစောင့်: 'ဟုတ်ကဲ့...ခဏလေးစောင့်ပေးနော်'

ခြံစောင့်: 'မမလေးရေ မမလေး'

Wine: 'မောင်ထူး ဘာလို့လဲ'

ခြံစောင့်: 'အပြင်မှာ ဦးမိုးဟိန်းရဲ့သား ကိုမိုးထက်မြင့်ဆိုတာ ရောက်နေတယ်ခင်ဗျ'

Wine: 'ဪ ဖေဖေ့သတင်းလာမေးတာနဲ့တူပါရဲ့ လွှတ်လိုက်လေ'

ခြံစောင့်: 'ဟုတ်ကဲ့ မမလေး'

ခြံစောင့်: 'ဝင်လို့ရပါပြီ ခင်ဗျ'

MHM: 'Okay👌'

Wine: (ဒီလူကိုမြင်ဖူးနေသလိုပဲ)

'ကိုမိုးထက်မြင့်ဆိုတာလား'

MHM: (ဒီမိန်းမက ဟိုဓာတ်ပုံထဲက မိန်းမပဲ)

'မြင်ရုံနဲ့မသိဘူးလား ? ခြံစောင့်လည်း ပြောထားတယ်မဟုတ်လား?'

Wine: 'ဪဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲရှင့်'

(ဒီလူကဘာလဲဟ စကားပြောတာ မာရေကြောရေနဲ့ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရသလို မျက်နှာဘေးနဲ့ တစ်စက်မှလည်းအချိုးမပြေဘူး ၊ ငါနော် ....သည်းခံ သည်းခံ ဒါ ဖေဖေ့အချစ်ဆုံးသူငယ်ချင်းရဲ့သား...)

MHM: 'ဘာရယ်မဟုတ်ပါဘူး အကြွေးလာတောင်းတာ'

Wine: 'အကြွေး?...ဘာအကြွေးလဲ?'

MHM: 'ကြည့်ရတာ ဒီကအမိ မသိဘူးထင်ပါရဲ့။ ဦးမင်းလွင်မဆုံးခင်က ကျွန်တော့်အဖေဆီက ချည်းထားတဲ့ အကြွေး သိန်းငါးသောင်း အကြောင်းလေ'

Wine: 'သိန်း...သိန်းငါးသောင်း?...ဖေဖေကချည်းခဲ့တာဆိုတာ ဟုတ်လို့လား?'

MHM: 'ဘာကွ မင်းပြောတဲ့ပုံအရ ငါကပဲ ရိုက်စားလာလုပ်နေသလိုလိုနဲ့...စာချုပ်အပြည့်အစုံရှိတယ် မင်းမယုံရင် ဒီမှာကြည့်'

Wine: (စာချုပ်ကတော့ အမှန်အကန်ပဲ ဒီလူလိမ်တာတော့ မဖြစ်နိုင်ဘူး)

'ဖေဖေက ဘာလို့ပိုက်ဆံချည်းရတာလဲ ကျွန်မလည်းမသိရပါလား'

MHM: 'ဒါတော့ ငါလည်းဘယ်သိမလဲ? သိချင်ရင် မင်းအဖေအနောက်ကိုလိုက်မေးလေ။ တစ်ခုတော့ကျေးဇူးတင်ရမယ် ငါ့အဖေက စာချုပ်မလိုဘူးဆိုတာကို ဦးမင်းလွင်ကအတင်းချုပ်ခဲ့လို့သာ ဒီအကြွေးကိစ္စသက်သေရှိတာ မဟုတ်ရင် ငါလည်း မင်းလိုသိရမှာမဟုတ်ဘူး။ ပြီးတော့ မင်းအဖေရဲ့ ယုတ်မာတဲ့အကြံတွေလည်း သိရမှာမဟုတ်ဘူး'

Wine: 'ဘာရှင့်! ရှင်ဘယ်လိုပြောလိုက်တယ်? ကျွန်မအဖေက ဘာတွေယုတ်မာထားလို့လဲ? ရှင်တစ်ခုခုအထင်လွဲနေပုံပဲ '

MHM: 'ငါအထင်လွဲ မလွဲက အရေးမကြီးတော့ပါဘူး။ အရေးကြီးတာက ဒီဘာမဟုတ်တဲ့ ငွေလေးအတွက် ငါ့အဖေ အသက်ပေးလိုက်ရပြီ။ မင်းတို့ဘယ်လိုပြန်ပေးဆပ်မလဲ '

Wine: 'ရှင်ပြောချင်တာ​က ကျွန်မအဖေ​က ရှင့်အဖေကိုသတ်တယ်ပေါ့ '

MHM: 'မင်းရဲ့ IQ ကထင်သလောက်တော့ မဆိုးသေးဘူးပဲ '

Wine: 'ဘာရှင့်!'

MHM: 'ကဲ...အမိ ရှည်ရှည်ဝေးဝေးတွေမပြောနဲ့တော့ ၊ ငါဒီကိုလာတာ အကြွေးလာတောင်းတာ။ မင်းနဲ့ရန်ဖြစ်ဖို့မဟုတ်ဘူး'

Wine: 'ရှင်တစ်ကိုယ်ကောင်းမဆန်ပါနဲ့။ ကျွန်မလည်း ရှင်နဲ့ထပ်တူ ကျွန်မအဖေကိုဆုံးရှုံးခဲ့ရတာပါပဲ ။ပြီးတော့ ရှင့်အကြွေးကိုကျွန်မ ဆပ်မှာပါ'

MHM: 'ထပ်တူ?...ဟုတ်လား? ဘယ်လိုတူသွားတာလဲ ? မင်းတို့မိသားစုရဲ့လောဘကြောင့် ငါ့အဖေအသက်ပေးခဲ့ရတာလေ။ ဘယ်နေရာမှာ မင်းနဲ့တူသွားရတာလဲ? '

Wine: 'ဒီကိစ္စက သက်သေမရှိသေးပါဘူး။ ရှင်စွပ်စွဲချင်တိုင်း စွပ်စွဲလို့မရဘူး'

အခြေအနေတင်းမာမှုများကြောင့် ဒေါ်ကြီးအလယ်မှ ဝင်ဖျန်ဖြေရတော့သည်။

Dawgyi: 'မောင်မိုးထက်မြင့်ရယ် ဒေါ်ကြီးပဲကြားကနေ တောင်းပန်ပါတယ်...ဒီအိမ်ကလည်း နာရေးဖြစ်နေတာမို့ပါ...။ မင်းတို့လည်း အတူတူပဲမို့ လောလောဆယ် နာရေးကိစ္စကိုပဲအရင်ဖြေရှင်းကြရအောင်ပါ။မင်းပြန်လိုက်ပါတော့'

Wine: 'ဒီမှာ ကိုမိုးထက်မြင့်...ကျွန်မဘာမှမပြောနိုင်သေးဘူး။ အခုချိန်မှာကျွန်မပြောနိုင်တာကတော့ ရှင်တစ်ခုခုကိုနားလည်မှုလွဲနေတယ်ဆိုတာပဲ။ ဒီကိစ္စကိုနောက်မှထပ်ရှင်းကြတာပေါ့။ လောလောဆယ်ရှင်နဲ့ စကားများနေဖို့ ကျွန်မအားမရှိသေးဘူး။ ရှင်ပြန်လိုက်ပါတော့'

MHM: 'မင်းနှင်စရာမလိုပါဘူး။ ငါ့စိတ်နဲ့ငါသွားမယ်။ အေး...ငါပြန်လာချင်တဲ့အခါလည်း ပြန်လာခဲ့မယ်'

Wine: (ဖေဖေရယ်...ဒီလိုအထင်လွဲမှားမှုတွေနဲ့အတူ ပျောက်ကွယ်မသွားသင့်ဘူးလေ။ ဒါပေမယ့်လည်း ဖေဖေစိတ်ချပါ။ ဖေဖေ့နာမည်ကို သမီးရအောင်ပြန်သန့်စင်ပေးမှာပါ)

Zawgyi

#Main Role: Moe Htet Myint & Wine

MHM: (အေဖကလည္းေလ တစ္ေယာက္တည္းရွိတဲ့သားေလး ေပ်ာက္ေနတာကို နည္းနည္းေလးမွစိတ္မပူဘူးလားမသိပါဘူး။ ဖုန္းေလးတစ္ခ်က္ေတာင္ဆက္ေဖာ္မရဘူး။ ရန္ျဖစ္ၿပီးသာထြက္လာတယ္ ပိုက္ဆံလည္းပါမလာဘူး။ ဖုန္းတစ္ခါေလာက္ေခၚတာနဲ႔ အိမ္ျပန္မလို႔ကို... ငါ့အႀကံမ်ားႀကိဳသိေနလားမသိ🤔)

Driver: 'သ သခင္ေလး...သူေဌး ဆုံးၿပီတဲ့'

MHM: 'ဘာ.......ဘာေျပာလိုက္တယ္ မျဖစ္ႏိုင္တာေတြမေျပာနဲ႔ ၊ ငါ့အေဖက အေကာင္းႀကီးကေန ဘာလို႔ ဆုံးမွာလဲ ။ ငါမယုံဘူး။'

Driver: 'တကယ္ပါ သခင္ေလးရယ္ ညကပဲ သူေဌးနဲ႔ သူေဌးရဲ႕သူငယ္ခ်င္း ဦးမင္းလြင္တို႔ကို မီးထဲကေန ရွာေတြ႕ခဲ့တာတဲ့'

MHM: 'မဟုတ္ဘူး...မျဖစ္ႏိုင္ဘူး ၊ ငါ့ကိုအခုရန္ကုန္ျပန္လိုက္ပို႔'

Driver: 'ဟုတ္ကဲ့ သခင္ေလး'

-------------------------------------------

Dawgyi: 'မမေလး...မမေလးျပန္လာၿပီေဟ့'

Wine: 'ေဒၚႀကီး ေဖေဖေရာ?'

Dawgyi: 'သူေဌးတကယ္မရွိေတာ့ပါဘူး မမေလးရယ္ မီးထဲကရွာေတြ႕ေတာ့ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားေလာင္ထားေတာ့ ၇ ရက္ထားလို႔ မရႏိုင္ေတာ့လို႔တဲ့...အေလာင္းေတြကို တစ္ခါတည္း သၿဂိဳလ္လိုက္ရၿပီ'

Wine: 'ေဖေဖရယ္ သမီးလာတာေတာင္မေစာင့္ေတာ့ဘူးလား ၊ ေနာက္ဆုံးအေနနဲ႔ေတာင္ ေဖေဖ့ကိုမေတြ႕ရေတာ့ပါလား ၊ သမီးကိုတကယ္တစ္ေယာက္တည္း ထားခဲ့ေတာ့မွာလားေဖေဖရယ္😭'

Naymin: 'ဝိုင္ေရ ဝိုင္ သတိထားဦးေလဟာ...နင္ထပ္လဲက်သြားလိမ့္မယ္။ နင္ဒီလိုပုံစံျဖစ္ေနတာကို ဦးေလးျမင္ရင္လည္း ဘယ္စိတ္ေကာင္းပါ့မလဲ? ကိုယ့္ကိုယ္ကို သတိထားပါဦးဟ'

Wine: 'သတိထားရမယ္? ဟုတ္လား? ဘာအတြက္လဲ? ငါ့ဘဝမွာ ငါ့ေဖေဖတစ္ေယာက္တည္းရွိတာ...ေဖေဖကငါ့ကိုထားသြားၿပီ...။ ငါ့ကိုေနာက္ထပ္ မၾကည့္ေနႏိုင္ေတာ့ဘူး။ ငါဘာကိုသတိထားေနရဦးမွာလဲဟာ...'

Naymin: 'နင္ဒီလိုပုံစံျဖစ္ေနတာကို ဦးေလးကေရာ စိတ္ေကာင္းေနမယ္ထင္လား? '

Wine: 'ေဖေဖ...ေဖေဖေရ...ေဖေဖမရွိတဲ့ဘဝမွာ သမီးတစ္ေယာက္တည္း ဘာဆက္လုပ္ရမွာလဲေဖေဖရယ္...ေဖေဖ........😭'

ထိုေနာက္ ႏွလုံးေရာဂါအခံေၾကာင့္ ခံႏိုင္ရည္မရွိေတာ့ပဲ ဝိုင္လဲက်သြားေတာ့သည္။

Naymin: 'ဝိုင္.........ဝိုင္....ထပါဦး ၊ ေဒၚႀကီး အိပ္ရာသြားျပင္ထားလိုက္ ကြၽန္ေတာ္ သယ္လာခဲ့မယ္'

Dawgyi: 'ဟုတ္ကဲ့ သခင္ေလးေနမင္း'

-------------------------------------------

အရင္ကလို ရယ္သံမ်ားျဖင့္ မသာယာေနႏိုင္ေတာ့ပဲ အလုပ္သမားမ်ား​၏ ငိုသံမ်ားျဖင့္သာ ဆူညံေနေသာအိမ္ထဲသို႔ မိုးထက္ျမင့္တေ႐ြ႕ေ႐ြ႕ဝင္လာသည္။ အစ္မျဖစ္သူကို မ်က္ရည္မ်ားျဖင့္ ေတြ႕ေသာအခါမွ အေဖဆုံးၿပီဆိုတာကို အမွန္တကယ္လက္ခံလိုက္ရေတာ့သည္။

MHM: 'မမ...အေဖေရာ?'

Nwe: 'ေမာင္ေလး...အဟင့္ ဟင့္'

MHM: 'မမ ငိုမေနနဲ႔ေလ အေဖေရာလို႔'

Nwe: 'အေဖ့ကို သၿဂိဳလ္လိုက္ရၿပီ'

MHM: 'ဘာ...ကြၽန္ေတာ့္ကိုေတာင္ မေစာင့္ႏိုင္ေတာ့ဘူးလား မမရယ္'

Nwe: 'မဟုတ္ဘူး ေမာင္ေလး ၊ အေဖတို႔ ၂ ေယာက္ မီးေတြေလာင္ထားတာေၾကာင့္ ခ်က္ခ်င္း သၿဂိဳလ္လိုက္ရတာပါ'

MHM: 'အေဖရယ္...ဒီလိုမွန္းသိရင္ သားအေဖ့ကိုစကားလုံးရင့္ရင့္သီးသီးေတြမေျပာခဲ့ပါဘူး...၊ ဒီလိုမွန္းသာသိရင္ အေဖေပးစားတဲ့ အဲ့မိန္းမကို သားမျငင္းခဲ့ပါဘူး။ အခုေတာ့အေဖရယ္...သားကိုေနာင္တေတြနဲ႔ထားခဲ့ၿပီေပါ့'

Nwe: 'ေမာင္ေလးရယ္ ကိုယ့္ကိုယ္ကို ဒီေလာက္အျပစ္မတင္ေနပါနဲ႔...ျဖစ္ခ်ိန္တန္လို႔ျဖစ္သြားတယ္ သေဘာထားလိုက္ပါေတာ့...အဟင့္ဟင့္'

MHM: 'ခုဏက အေဖတို႔ဆိုတာ...ဟို ဦးမင္းလြင္နဲ႔လား'

Nwe: 'ဟုတ္တယ္...ဦးမင္းလြင္နဲ႔ စီးပြားေရးကိစၥသြားညႇိႏႈိင္းတာ'

MHM: 'ဘာကိစ္စလဲ?'

Nwe: 'ဦးမင္းလြင္ စက္႐ုံတိုးခ်ဲ႕ဖို႔ကိစၥေလ အေဖ့ဆီက ေငြလာခ်ည္းတယ္။ ပထမေတာ့ အေဖက ရွိတာေတြ ထုတ္ေပးလိုက္မလို႔ပဲ။ ေနာက္ေတာ့ မမတို႔ကုမပၸဏၰီလည္း အရႈံးေပၚေနတာနဲ႔ ေငြခ်ည္းလို႔မျဖစ္ႏိုင္ေၾကာင္းသြားေျပာရင္းက အခုလိုျဖစ္တာ...ၿပီးေတာ့ ဦးမင္းလြင္အရင္တစ္ေခါက္ကခ်ည္းထားတဲ့ သိန္း ၅ေသာင္းကလည္း ျပန္မဆပ္ေသးဘူးေလ'

MHM: '႐ိုးေရာ ႐ိုးရဲ႕လားမမရယ္'

Nwe: 'မသိပါဘူးကြယ္...ရဲေတြကေတာ့ ဘာသက္ေသမွမရွိပဲ အမႈထျဖစ္လို႔မရဘူးဆိုလို႔ မမလည္း ဘာမွဆက္မလုပ္ေတာ့တာ။ ၿပီးေတာ့ သက္ေသမရွိပဲ သူမ်ားကိုစြပ္စြဲလို႔လည္းမျဖစ္ဘူးေလ'

MHM: 'ဦးမင္းလြင္...ဦးမင္းလြင္...ဥပေဒေဘာင္ကေနမရဘူး ဥပေဒေဘာင္အျပင္ကေနလုပ္ျပမယ္'

Nwe: 'ေမာင္ေလး...စိတ္လိုက္မာန္ပါေတြ မလုပ္ပါနဲ႔ေမာင္ေလးရယ္ ။ ေသခ်ာေသးတာလည္းမဟုတ္ပဲနဲ႔။ ေမာင္ေလး ေမာင္ေလး....'

အစ္မျဖစ္သူစကားေတာင္ဆုံးေအာင္နားမေထာင္ေတာ့ပဲ မိုးထက္ျမင့္ ေျပးထြက္သြားေတာ့သည္။

---------------------------------------------

တီ...တီ...📣🚙

ၿခံေစာင့္: 'ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲခင္ဗ်...'

MHM: 'ဦးမိုးဟိန္းရဲ႕သား မိုးထက္ျမင့္ လာေနတယ္လို႔ေျပာလိုက္...'

ၿခံေစာင့္: 'ဟုတ္ကဲ့...ခဏေလးေစာင့္ေပးေနာ္'

ၿခံေစာင့္: 'မမေလးေရ မမေလး'

Wine: 'ေမာင္ထူး ဘာလို႔လဲ'

ၿခံေစာင့္: 'အျပင္မွာ ဦးမိုးဟိန္းရဲ႕သား ကိုမိုးထက္ျမင့္ဆိုတာ ေရာက္ေနတယ္ခင္ဗ်'

Wine: 'ဪ ေဖေဖ့သတင္းလာေမးတာနဲ႔တူပါရဲ႕ လႊတ္လိုက္ေလ'

ၿခံေစာင့္: 'ဟုတ္ကဲ့ မမေလး'

ၿခံေစာင့္: 'ဝင္လို႔ရပါၿပီ ခင္ဗ်'

MHM: 'Okay👌'

Wine: (ဒီလူကိုျမင္ဖူးေနသလိုပဲ)

'ကိုမိုးထက္ျမင့္ဆိုတာလား'

MHM: (ဒီမိန္းမက ဟိုဓာတ္ပုံထဲက မိန္းမပဲ)

'ျမင္႐ုံနဲ႔မသိဘူးလား ? ၿခံေစာင့္လည္း ေျပာထားတယ္မဟုတ္လား?'

Wine: 'ဪဟုတ္ကဲ့ ဘာကိစၥရွိလို႔လဲရွင့္'

(ဒီလူကဘာလဲဟ စကားေျပာတာ မာေရေၾကာေရနဲ႔ တစ္ေလာကလုံးသူ႔လုပ္စာထိုင္စားေနရသလို မ်က္ႏွာေဘးနဲ႔ တစ္စက္မွလည္းအခ်ိဳးမေျပဘူး ၊ ငါေနာ္ ....သည္းခံ သည္းခံ ဒါ ေဖေဖ့အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕သား...)

MHM: 'ဘာရယ္မဟုတ္ပါဘူး အေႂကြးလာေတာင္းတာ'

Wine: 'အေႂကြး?...ဘာအေႂကြးလဲ?'

MHM: 'ၾကည့္ရတာ ဒီကအမိ မသိဘူးထင္ပါရဲ႕။ ဦးမင္းလြင္မဆုံးခင္က ကြၽန္ေတာ့္အေဖဆီက ခ်ည္းထားတဲ့ အေႂကြး သိန္းငါးေသာင္း အေၾကာင္းေလ'

Wine: 'သိန္း...သိန္းငါးေသာင္း?...ေဖေဖကခ်ည္းခဲ့တာဆိုတာ ဟုတ္လို႔လား?'

MHM: 'ဘာကြ မင္းေျပာတဲ့ပုံအရ ငါကပဲ ႐ိုက္စားလာလုပ္ေနသလိုလိုနဲ႔...စာခ်ဳပ္အျပည့္အစုံရွိတယ္ မင္းမယုံရင္ ဒီမွာၾကည့္'

Wine: (စာခ်ဳပ္ကေတာ့ အမွန္အကန္ပဲ ဒီလူလိမ္တာေတာ့ မျဖစ္ႏိုင္ဘူး)

'ေဖေဖက ဘာလို႔ပိုက္ဆံခ်ည္းရတာလဲ ကြၽန္မလည္းမသိရပါလား'

MHM: 'ဒါေတာ့ ငါလည္းဘယ္သိမလဲ? သိခ်င္ရင္ မင္းအေဖအေနာက္ကိုလိုက္ေမးေလ။ တစ္ခုေတာ့ေက်းဇူးတင္ရမယ္ ငါ့အေဖက စာခ်ဳပ္မလိုဘူးဆိုတာကို ဦးမင္းလြင္ကအတင္းခ်ဳပ္ခဲ့လို႔သာ ဒီအေႂကြးကိစၥသက္ေသရွိတာ မဟုတ္ရင္ ငါလည္း မင္းလိုသိရမွာမဟုတ္ဘူး။ ၿပီးေတာ့ မင္းအေဖရဲ႕ ယုတ္မာတဲ့အႀကံေတြလည္း သိရမွာမဟုတ္ဘူး'

Wine: 'ဘာရွင့္! ရွင္ဘယ္လိုေျပာလိုက္တယ္? ကြၽန္မအေဖက ဘာေတြယုတ္မာထားလို႔လဲ? ရွင္တစ္ခုခုအထင္လြဲေနပုံပဲ '

MHM: 'ငါအထင္လြဲ မလြဲက အေရးမႀကီးေတာ့ပါဘူး။ အေရးႀကီးတာက ဒီဘာမဟုတ္တဲ့ ေငြေလးအတြက္ ငါ့အေဖ အသက္ေပးလိုက္ရၿပီ။ မင္းတို႔ဘယ္လိုျပန္ေပးဆပ္မလဲ '

Wine: 'ရွင္ေျပာခ်င္တာ​က ကြၽန္မအေဖ​က ရွင့္အေဖကိုသတ္တယ္ေပါ့ '

MHM: 'မင္းရဲ႕ IQ ကထင္သေလာက္ေတာ့ မဆိုးေသးဘူးပဲ '

Wine: 'ဘာရွင့္!'

MHM: 'ကဲ...အမိ ရွည္ရွည္ေဝးေဝးေတြမေျပာနဲ႔ေတာ့ ၊ ငါဒီကိုလာတာ အေႂကြးလာေတာင္းတာ။ မင္းနဲ႔ရန္ျဖစ္ဖို႔မဟုတ္ဘူး'

Wine: 'ရွင္တစ္ကိုယ္ေကာင္းမဆန္ပါနဲ႔။ ကြၽန္မလည္း ရွင္နဲ႔ထပ္တူ ကြၽန္မအေဖကိုဆုံးရႈံးခဲ့ရတာပါပဲ ။ၿပီးေတာ့ ရွင့္အေႂကြးကိုကြၽန္မ ဆပ္မွာပါ'

MHM: 'ထပ္တူ?...ဟုတ္လား? ဘယ္လိုတူသြားတာလဲ ? မင္းတို႔မိသားစုရဲ႕ေလာဘေၾကာင့္ ငါ့အေဖအသက္ေပးခဲ့ရတာေလ။ ဘယ္ေနရာမွာ မင္းနဲ႔တူသြားရတာလဲ? '

Wine: 'ဒီကိစၥက သက္ေသမရွိေသးပါဘူး။ ရွင္စြပ္စြဲခ်င္တိုင္း စြပ္စြဲလို႔မရဘူး'

အေျခအေနတင္းမာမႈမ်ားေၾကာင့္ ေဒၚႀကီးအလယ္မွ ဝင္ဖ်န္ေျဖရေတာ့သည္။

Dawgyi: 'ေမာင္မိုးထက္ျမင့္ရယ္ ေဒၚႀကီးပဲၾကားကေန ေတာင္းပန္ပါတယ္...ဒီအိမ္ကလည္း နာေရးျဖစ္ေနတာမို႔ပါ...။ မင္းတို႔လည္း အတူတူပဲမို႔ ေလာေလာဆယ္ နာေရးကိစၥကိုပဲအရင္ေျဖရွင္းၾကရေအာင္ပါ။မင္းျပန္လိုက္ပါေတာ့'

Wine: 'ဒီမွာ ကိုမိုးထက္ျမင့္...ကြၽန္မဘာမွမေျပာႏိုင္ေသးဘူး။ အခုခ်ိန္မွာကြၽန္မေျပာႏိုင္တာကေတာ့ ရွင္တစ္ခုခုကိုနားလည္မႈလြဲေနတယ္ဆိုတာပဲ။ ဒီကိစၥကိုေနာက္မွထပ္ရွင္းၾကတာေပါ့။ ေလာေလာဆယ္ရွင္နဲ႔ စကားမ်ားေနဖို႔ ကြၽန္မအားမရွိေသးဘူး။ ရွင္ျပန္လိုက္ပါေတာ့'

MHM: 'မင္းႏွင္စရာမလိုပါဘူး။ ငါ့စိတ္နဲ႔ငါသြားမယ္။ ေအး...ငါျပန္လာခ်င္တဲ့အခါလည္း ျပန္လာခဲ့မယ္'

Wine: (ေဖေဖရယ္...ဒီလိုအထင္လြဲမွားမႈေတြနဲ႔အတူ ေပ်ာက္ကြယ္မသြားသင့္ဘူးေလ။ ဒါေပမယ့္လည္း ေဖေဖစိတ္ခ်ပါ။ ေဖေဖ့နာမည္ကို သမီးရေအာင္ျပန္သန႔္စင္ေပးမွာပါ)

Download NovelToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play