တနင်္ဂနွေနေ့,၁၁လပိုင်း,၃ရက်နေ့ နေသာတဲ့နေ့လေးမှာပေါ့ လို့ပြောမလို့ပဲ ဒါပေမဲ့မိုးရွာချလာပြီ ဆိုတော့ပြန်ပြင်ပြောမယ် တနင်္ဂနွေနေ့,၁၁လပိုင်း,၃ရက်နေ့ မိုးသည်းထန်စွာရွာနေခဲ့ပြီးအိပ်လို့ကောင်းတဲ့နေ့လေးပေါ့ ဒါပေမဲ့လိမ္မာယဉ်ကျေးသင်တန်းဆင်းကောင်မလေးကတော့ဂိမ်းရှုံးလို့လောင်နေခဲ့တယ်
"ဟာ!! လီးပဲကွာ ဒီဂိမ်းကတော့! လီးမို့လို့အဲ့လောက်ခတ်တာလားဟ! Assassin school ဆိုလို့ romantic ဆန်မယ်ထင်ထားတာလေဟာ ဘာလို့အားနေငါပဲအသတ်ခံနေရတာလဲ?! တစ်လောကလုံးကိုလီးပဲကွာ!!"
*ဂျိန်း*
"အားးး!!ဂစ်ဂစ်!"
ဟုတ်ပါတယ် သူမိုးကြိုးပစ်ခံလိုက်ရတာပါ အဲ့တာကြောင့်မိုးရွာတဲ့အချိန်ဖုန်းမသုံးပါနဲ့ပြောတာကို ပြီးတော့လဲ assassin ဂိမ်းပါဆို romantic ဆန်မလား အဟမ်းဒါနဲ့ပဲ မိုးကြိုးပစ်တာခံလိုက်ရတဲ့ ရိုးသားတဲ့လူလိမ္မာကောင်မလေးဟာဆိုရင်ဖြစ် assassin school: mission: stay alive ဆိုတဲ့ဂိမ်းထဲကို ကူးပြောင်းသွားခဲ့ပါတော့တယ်
"အားးး!"
*ထထိုင်ကာဟိုကြည့်ဒီကြည့်လုပ်သည်*
"ဘာလဲ?! ဘာလဲ?! ငါသေသွားတာလား ငါနတ်ပြည်-?! အဲ ခဏ"
သူမဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည် သူမရှိနေသောအခန်းသည် ဖိနပ်အစခေါင်းအုံးအဆုံးမှုန်မှိုင်းနေသောအနက်ရောင်ဖြစ်သာချယ်သထားသဖြင့် သရဲခြောက်မှာကိုတောင်ကြောက်ရပေသည်
"အားး! ငါသေပြီးငရဲရောက်သွားပြီလားဟ!"
သူမပေါက်ကရတွေလျှောက်ပြောနေချိန် ထိုအခန်းထဲသို့အိမ်စေအဝတ်ဝတ်ထားသောအမျိုးတစ်မီးတစ်ဦးဝင်ရောက်လာခဲ့သည်
"သခင်မလေး,သခင်ကြီး obelis ခေါ်ခိုင်းလိုက်ပါတယ် ၁၀မိနစ်အတွင်းအသင့်ပြင်ပြီးအိမ်တော်စားခန်းသို့အရောက်လာပေးပါ"
သူပြောချင်တာပြောပြီးပြန်ထွက်သွားပါတယ်ဒါနဲ့ပဲ သူမကလဲပေါက်ကရအရေးကြီးတဲ့ဟာတွေတွေးနေပါတယ် (အတွေးတွေးနေတဲ့အချိန်ဆို *" အဲ့လိုထည့်သုံးမယ်နော်)
*"သခင်မ? Obelis? ဘာတွေလဲဟ? ခဏခဏ! obelis? ငါကြားဖူးသလိုပဲ"*
သူမလက်ဖဝါးကိုရိုက်ခါပြောလိုက်သည်
"အာဟ!"
*"Obelis ဆိုတာ assassinဂိမ်းထဲကအဓိကမိသားစုကြီး၅စုထဲကစတုတ္ထမြှောက်အိမ်တော်ရဲ့နာမည်ပဲ! ဆိုလိုတာကအစောနကအမျိုးသမီးက ဖြစ်နိုင်တာတော့ obelisအိမ်တော်ရဲ့ ကြောင်နက်အဖွဲ့စည်းခေါင်းဆောင် Sara maen ပဲနေမယ် ဟဟ ငါလေးကတော်လိုက်တာ!"
ကြောင်နက်အဖွဲ့စည်းဆိုသည်မှာနေရာအများသို့သွားကာလျို့ဝှတ်သတင်းစုစည်းပေးသူများကိုခေါ်တာဖြစ်သည်
*"ခဏ! သူအစောနကငါ့ကိုသခင်မလို့ခေါ်လိုက်တာမလား?!"*
*"ဟမ်? မ-မဟုတ်မှလွှဲရော!"*
သူမသည်shockရသွားသည့်မျက်နှာအမူရာဖြစ်ပြောလိုက်သည်
"ငါအဲ့ဒီ့စောက်ဂိမ်းထဲကိုဝတ္ထုတွေထဲကလိုကူးပြောင်းလာတာလား?!"
သူမမျက်နှာမှာချက်ချင်းဆိုသလိုစိတ်ပူသောအမူရာဖြစ်သွားပြီးချွေးစီးများကျလာသည်
"ခ-ခဏလေး ငါ-ငါassassinဂိမ်းထဲကိုကူးလာတာလား? အဲ့-အဲ့တာဆို ငါခဏခဏအသတ်ခံရတော့မှာပေါ့?"
သူမသည်ပြာယာခတ်သွားပုံရသည် ဒါပေမဲ့ သူမကြည့်ရသည်မှာ ဝတ္ထုများစွာဖတ်ထားသောကြောင့် အကယ်လို့သူမငိုင်နေပြီးပုံမှန်လိုမဟုတ် ကြောင်တောင်တောင် ထူးဆန်းဆန်းပြုမှုနေလျှင် ကြည့်ရဆိုးနိုင်သည်ကိုသိထားသည် ဒါ့ကြောင့်သူမှသည်လျှင်မြန်စွာကုတင်ပေါ်မှဆင်းလိုက်ပြီး ရေချိုးခန်းထဲသို့ပြေးဝင်သွားလိုက်သည် သူမ၏အသွင်ပြင်ကိုကြည့်ရန်ဖြစ်သည်
"ငါဘယ်ဇာတ်ကောင်ထဲကိုကူးပြောင်းလာတာလဲသိမှဖြစ်မယ်!"
ထို့နောက်မှန်ရှေ့တွင်ရပ်လိုက်သည် သူမ၏အသွင်ပြင်မှာ လှပသောအနက်ရောင်ဆံနွယ်ရှည်ရှိပြီး ကျောက်စိမ်းကဲ့သို့လှပသော အစိမ်းရောင်မျက်လုံးများရှိသည် သူမ၏အရပ်သည် ၅"၄ သို့မဟုတ် ၅"၅ လောက်ရှိပြီး ခန္ဓာကိုယ်မှာအချိုးစားညီလှပြီးအဆီဆိုတာမရှိသလောက်ပါပဲ သို့ပေမဲ့ သူ့မ၏ညာဘက်ညှပ်ရိုးတွင်ကြီးမားသောဓားဒဏ်ရာအမာရွတ်ကြီးရှိနေလေသည်
"ဟ! ချီးပဲ! ငါဒီလိုဇာတ်ကောင်မျိုးကိုသိမှမသိတာဟ! ဘယ်သူပါလိမ့်မကွာ မဟုတ်မှ extra ကြီးဖြစ်လာတာလား?! ချီးပဲ ဟိုမိန်းမကြီးကလဲ အချိန်၁၀မိနစ်ပဲပေးသွားတာ အမြန်အသင့်ပြင်ပြီးအောက်ဆင်းရမယ် ကျန်တာကိုတော့မီးစင်ကြည့်ကမယ်ကွာ"
ထို့နောက်သူမသည်ရေစတင်ချိုးလိုက်သည် ၅မိနစ်ပဲကြာပါသည် ဘာလို့ဆိုသူမရဲ့ဂိမ်းဆော့စကေးတွေနဲ့ကျောင်းတုန်းကကျောင်းမှီအောင်,အမေ့အဆဲကလဲလွတ်အောင်အမြန်ရေချိုးနည်းဆိုတဲ့ရှားပါးskillကိုတက်မြှောက်ထားလို့ဖြစ်သည် ထို့နောက်သူမသည်ပဝါကို သူမ၏ကိုယ်ခန္ဓာတွင်ပတ်ခါအပြင်ထွက်လာသည် ထို့နောက်ဗီဒိုတံခါးကိုဖွင့်လျှက်အဝတ်ရွေးပါတော့သည်
"ဟ! ငါလီး! ထင်တဲ့အတိုင်းပဲအမဲတွေကြီးပဲဟ ပုံကလဲတုံးသေး အိုင်းးးးး"
သူမသည်ဂါဝန်အတိုတစ်ထည်ကိုရွေးထုတ်လိုက်သည် ဒါပေမဲ့ အဲ့တာကပန်းပွင့်တွေဘာညာဘာမှမပါသလိုပုံစံပဲတူညီဖြစ်ပြီး completely blank ဖြစ်သည်
"ဒါလေးကမှတော်သေးတယ်"
ထို့နောက်သူမသည်ခြေအိပ်များကိုဝတ်ခါဖိနပ်စီး၍အိပ်ခန်းအပြင်သို့ထွက်လာလေသည် အိမ်တော်ကြီးသည် မီးအလင်းရောင်မှလွဲ၍ကျန်တာအကုန်အမည်းရောင်နဲ့သာပြုလုပ်ထားတာဖြစ်သည် သို့ပေမဲ့ခမ်းနားနေသေးပေသည်
"ဝါးး! သရဲခြောက်မှာတောင်ကြောက်ရတယ်"
ဆို၍အိမ်အောက်ထပ်သို့ဆင်းလာလိုက်သည် အိမ်စေများသည်သူ့အလုပ်သူသာလုပ်နေကြပြီးမျက်နှာများမှာ သူတို့အားဆယ်နှစ်ဆယ်မိုးလုပ်အားခမပေးထားသလိုတောင်ထင်ရလောက်အောင်ဆူပုတ်နေကြသည်
*"မပေးထားလို့်နေမှာပေါ့"*
ထူးဆန်းစွာနဲ့ပင် သူမလမ်းမေးစရာမလိုအောင်ကိုဒီအိမ်နဲ့အကျွမ်းဝင်သလိုခံစားနေရသည် ၁၀မိနစ်ကုန်ဆုံးသွားသည် သူမလဲအိမ်တော်စားတော်ခန်းကိုရောက်ရှိပြီဖြစ်သည် ထိုအခန်းထဲတွင်အလွန်ရှည်လျားသောစားပွဲခုံကြီးတစ်ခုံရှိနေပြီး ထိုင်ခုံများလဲရှိနေသည် ထိုစားပွဲခုံ၏ထိပ်ဆုံးတွင် မည်းနက်နေသောဆံပင်တို,ကျောက်စိမ်းရောင်ပေမဲ့ ကြောက်စရာကောင်းသောမျက်လုံး,မျက်နှာပေါ်တွင်ကြီးမားသောဓါးရာအမာရွတ်ကြီးနှင့် အချိုးစားညီသောခန္ဓာကိုယ်ပိုင်ဆိုင်ထားသောသူထိုင်နေသည် ထိုသူမှာ obelis အိမ်တော်၏ခေါင်းဆောင် MAX OBELIS သာဖြစ်သည်
"ထိုင်"
ထိုချိန်သူမသည် ကြောက်ရွံ့မှုကိုခံစားလိုက်ရသည် သူမ၏နှလုံးသားသည် ကြောက်ရွံ့မှုဖြင့်လောင်ကျွမ်းမတက်ပူလောင်နေသည် သို့ပေမဲ့သူမ၏မျက်နှာထားသည်တော့တည်ငြိမ်နေလေ၏သူမှဟာငယ်စဉ်ကတည်းကခံစားချက်များကိုဘယ်လိုထုတ်ပြရမလဲမသင်ယူခဲ့ဖူးပါ
*"အသက်-အသက်ရှူလို့မရတော့ဘူး!"*
သို့ပေမဲ့သူမအားတင်းထားကာ လွတ်နေသောထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည် အိမ်တော်ခေါင်းဆောင်၏ဘေးခုံတွင်အိမ်တော်သခင်မ Bella ris ထိုင်နေပြီးသူမ၏နာမည်လောက်တော့နူးညံ့ပုံမပေါ်ပေ သူမ၏အနီရောင်ဆံပင်များနှင်အမဲရောင်မျက်လုံးသည်အိမ်တော်ခေါင်းဆောင်လောက်မဟုတ်ပေမဲ့ သူ့နည်းနဲ့သူကြောက်ဖို့ကောင်းနေသည်
*"ကြောက်-ကြောက်စရာကြီးတွေဟ"*
သူမမျက်နှာမှာတည်ငြိမ်မြဲပါ အိမ်တော်ခေါင်းဆောင်၏ဘယ်ဘက်ခုံအလွတ်တွင် ခန့်ညားသောအနီရောင်ဆံပင်ဂုတ်ထောက်နှင့်အမဲရောင်မျက်ဆံပါရှိသော ချောမောတဲ့၂၀ကျော်အမျိုးသားတစ်ဦးထိုင်ရှိနေသည် သူသည် အိမ်တော်ခေါင်းဆောင်နှင့်သခင်မလောက်ကြောက်ဖို့မကောင်းပေမဲ့ သူ၏အပြုံးသည် နှစ်လိုဖွယ်ကောင်းသလောက်ဟန်ဆောင်မှုအများပြားလဲပါဝင်သည် သူမထိုင်နေသောခုံ၏အအရှေ့ခုံတွင် ဆယ်ကျော်သက်အမျိုးသားငယ် ဆံပင်အနက်ရောင်မျက်ဆံအနက်ရောင်ရှိသော အမျိုးသားငယ်တစ်ဦးထိုင်နေသည် သူသည်ကြည့်ရသည်မှာတည်တန့်ပြီးအရယ်အပြုံးမရှိ သူ၏မျက်လုံးများမှာအသက်မဲ့နေလေသည်
*"ဒီမိသားစုကဘာလားပဲဟ!"*
T.B.C
* "ဒီမိသားစုကဘာလားဟ ကြောက်စရာကြီး"*
ဟုတ်ပါတယ် သူမကအခုကြောက်နေပေမဲ့သူမရဲ့မျက်နှာကတော့တည်ငြိမ်နေစဲပါ ထိုချိန်အိမ်တော်ခေါင်းဆောင်မှထစကားပြောသည်
"Alicia"
သူမလန့်သွားသည် ရုတ်တရက်သူမနာမည်ကိုထခေါ်လိမ့်မယ်ဟုမထင်ထားပါ ပိုအရေးကြီးသည်မှာသူမကိုယ်တိုင်တောင်သူမနာမည်ကိုမမှတ်မိခဲ့ပါသို့ပေမဲ့ထိုဇာတ်ကောင်၏နာမည်ကိုခေါ်လိုက်သည်နှင့်သူမနာမည်ဟုပင်ခံစားလိုက်ရသည် သူမစကားပြောလိုက်သည် တည်ငြိမ်သောအသံဖြင့်အေးစက်သောအသံလဲတစ်ပိုင်းတစ်စပါဝင်သည် သူမဟာငယ်စဉ်ထဲကခံစားချက်တွေကိုမဖော်ပြတက်ခဲ့တဲ့အားနည်းချက်ဟာဒီနေရာမှအသုံးဝင်လာသည်ကိုသူမမမျှော်လင့်ခဲ့
"ဟုတ်ကဲ့"
ခေါင်းဆောင်ဆက်ပြောလိုက်သည်
"မင်းဒီနေ့ s.t.a assassin ကျောင်းကိုသွားရမှာမဟုတ်လား?"
သူမတွေးလိုက်သည်
*"ဘာကြီး?! Assassin ကျောင်းဟုတ်လား လီးမှမသွားဘူးဟေ့ ငါ့သေအောင်လို့ လီးတဲ့မှ လို့ပြောလိုက်ချင်ပေမဲ့လဲ"*
သူမပြန်ဖြေလိုက်သည်
"ဟုတ်"
ထိုစဉ် jokerလိုလိုဘာလိုလို သူတော်ကောင်းပုံစံနဲ့ကောင်ကစကားထပြောသည် theonကိုပြောနေခြင်းဖြစ်သည်
"Alicia အစ်ကိုပြောမယ်နော် အဲ့ကျောင်းမှာကစည်းမျဉ်းတစ်ခုပဲရှိတာ အဲ့တာက 'stay alive' အသက်ရှင်အောင်နေရမှာ အဲ့တာကြောင့်အစ်ကိုဆုတောင်းပေးနေပါ့မယ် မင်းအိမ်ကိုအသက်ရှင်လျက်ပြန်လာရအောင်ပေါ့"
သူ၏ဟန်ဆောင်အပြုံးသည်သူမအတွက်တော့သိသာနေပေသည် သူပြောလိုက်သမျှစကားတွေသည်စိတ်ပူပေးနေသလိုဖြစ်ပေမဲ့သူမကိုအားနည်း၍သွားတာနဲ့သေမှာဖြစ်ကြောင်းသတိပေးဟားတိုက်နေသည့်ပုံစံလဲဖြစ်သည် ထို့ကြောင့်သူမပြန်ဖြေလိုက်သည်
"စိတ်ပူပေးတဲ့အတွက်ကျေးဇူးပါ အစ်ကိုလဲအိမ်တော်သခင်ဖြစ်ဖို့တစ်ရက်အလိုထိကိုအစ်ကိုအသက်ရှင်နေဖို့ညီမကဆုတောင်းပေးမှာပါ"
Theonကြည့်ရတာဒေါသထွက်သွားပုံရသည် သို့ပေမဲ့အပြုံးမပျက်စဲပါ သူမပြောလိုက်သောပုံသည် သူသာအိမ်တော်သခင်ဖြစ်သွားတာနဲ့သေမည် မဖြစ်သေးရင်လဲသတ်ဖို့လုပ်မည်ဟုအဓိပ္ပါယ်ရသည် သူ့ကိုအိမ်တော်သခင်မဖြစ်စေချင်ဘူးဟုလဲအဓိပ္ပါယ်ရသည် ထိုချိန်အိမ်တော်သခင်မစကားထပြောလေသည်
"တော်လောက်ပြီ"
သူမ၏စကားအဆုံးတွင်သတ်ဖျတ်လိုစိတ်များပါဝင်သဖြင့်theonနှင့် Aliciaနှစ်ယောက်လုံးကြောက်ရွံ့မှုကိုခံစားနိုင်သည် သို့ပေမဲ့ နှစ်ယောက်လုံးတည်ငြိမ်မှုမပျက်ခဲ့ပါ ထိုချိန် အိမ်တော်သခင်မှစကားထပ်ပြောလေသည်
"အကယ်လို့မင်းသာအသက်ရှင်လျှက်ပြန်လာနိုင်ရင်မင်းကိုငါမင်းတောင်းဆိုသမျှအကုန်ဖြည့်ဆည်းပေးမယ်"
သူ၏စကားများမှမာန်ပါလေသည် ရုပ်ကလဲတည်နေသဖြင့်ကြောက်ဖို့ပင်ကောင်းလေသည် သို့ပေမဲ့ Alicia တစ်ခုခုကိုသတိထားမိသွားသည် obelis မိသားစုဝင်တစ်ယောက်ဖြစ်နေသည့်သူ့ကို theonအစအိမ်တော်ခေါင်းဆောင်အဆုံးအဲ့လောက်ထိမလျှော့တွက်သင့်ပေ ဖြစ်နိုင်သည်မှာ သူမငယ်စဉ်ကတည်းကအားနည်းခဲ့ပြီးobelisတစ်ယောက်လို့မထင်မှတ်အောင်ကိုပျော့ညံ့နေလို့သာဖြစ်မည်ထို့ကြောင့် သူမပြန်ဖြေလိုက်ပေသည်
"ကြင်နာမှုအတွက်ကျေးဇူးပါ အိမ်တော်ခေါင်းဆောင်"
သူမသတိထားမိသည့်နောက်တစ်ခုမှာ ဒီမိသားစုတွင်ရင်းနှီးမှုမရှိ သတ်ဖြတ်လိုစိတ်တွေသာပြည့်နှက်နေသည်ကိုတွေ့ရနိုင်သည် ထို့ကြောင့် assassin ကျောင်းမှာတင်အန္တရယ်များသည်မဟုတ် အိမ်တော်မှာတွင်လဲအမှားတစ်ခုပါ သတိတစ်ချက်လွတ်တာနဲ့သေမည်ဖြစ်သည်ကိုသူသတိထားနေမိသည် သူမကြောက်ရွံ့စိတ်ကြောင့်ခေါင်းပင်မူးလာသည် သို့ပေမဲ့ သူ၏တည်ငြိမ်မှုကိုထိန်းထားသေးသည် သူမစကားပြန်ဖြေပြီးနောက်အိမ်တော်သခင်လဲတိတ်ဆိတ်သွားသည် ထို့နောက်မနက်စာအတွက်စားတော်ပွဲများကိုလာချကာ အိမ်တော်သခင်မှဓါးနဲ့ခရင်းစကိုင်ရာ ကျန်သူများသည်လဲသူတို့စားတော်ပွဲကိုစစားကြသည်
*"ဟာကွာ စားကောင်းပေမယ့်ငါအန်ထွက်တော့မယ်လို့ခံစားနေရတယ်"*
အဟုတ်ပေ သူမ၏ကြောက်ရွံ့မှုကြောက်သူမအန်ထွက်တော့မည်ဟုခံစားနေရသည် ထို့နောက်အိမ်တော်သခင်သည်သူ၏စားတော်ပွဲကိုအဆုံးသတ်ပြီးထထွက်သွားလိုက်သည် ဒုတိယအနေဖြစ်lucasထထွက်သွားသည် ထို့နောက်သူမလဲပင်ထထွက်လာခဲ့လိုက်သည် လှေကားသို့အတက်အစောနမှအိမ်စေကိုထပ်တွေ့ရလေသည်
"သခင်မလေး,၁၅မိနစ်အတွင်းအသင့်ပြင်ပါမကြာခင်ကားနဲ့ကျောင်းကိုထွက်ရပါတော့မယ်"
သူပြောချင်ရာပြောပြီးပျောက်သွားပြန်ပါတော့သည်
"ဟာကွာ အားနေစောက်အချိန်သတ်မှတ်ချက်တွေပဲလာပေးနေသည် ငါ့ကိုစက်ရုပ်များထင်နေလားမသိ"
သူမမှာစိတ်တိုတိုဖြစ်အိပ်ခန်းထဲသို့ဝင်လာလိုက်လေသည် ထို့နောက်အင်္ကျီများကိုထုတ်ပိုးခါ ဆံပင်ကိုအမြင့်စီး၍၁၅မိနစ်ကုန်သွားပြီဖြစ်သောကြောင့်အိမ်အောက်ထပ်သို့ပြန်လည်ဆင်းလာလေသည်ထိုတွင်အိမ်စေမှာဘောင်းဘီနှင့်အင်္ကျီအကျပ်ဝတ်ထားခါသူမကိုကားတံခါးဖွင့်ပေးလေသည်သူမလဲကားထဲဝင်လိုက်သည် ထို့နောက်ကားသည်စတင်မောင်းကာထွက်လေတော့သည်
10မိနစ်ကြာပြီးနောက်ကျောင်းတော်ဂိတ်ဝတွင်အိမ်စေမှပြောလေသည်
"သခင်မလေး သခင်မလေးလိုအပ်တာမှန်သမျှတစ်နှစ်တစ်ကြိမ်အိမ်တော်ကိုမှာလို့ရပါတယ်အဲ့ထက်တော့ပိုမရပါဘူး အဲ့တာကိုမှတ်ထားပါ"
သူမကတော့ဒီတိုင်းခေါင်းပဲငြိမ့်လိုက်သည်ပြီးနောက်ကားထဲမှထွက်ကာကျောင်းထဲသို့ဝင်သွားတော့မည့်အချိန်သူမတစ်ခုခုကိုသတိရသွားသည်သူမအိမ်စေကိုပြောလိုက်သည်
"မင်းမှာ...သေနတ်ရှိလား?"
အိမ်စေကြည့်ရတာကြောင်သွားပုံရပေမဲ့ ပါးပါးလေးမဲ့ပြုံးပြုံးလိုက်သည် ထို့နောက်သူမရှိလက်ပစ်သေနတ်နှစ်ခုအားထုတ်ကာ Alicia အားပေးလိုက်သည် ထို့နောက်သူမပြောလိုက်သည်
"သခင်မလေးသုံးတက်ပါ့မလား?"
သူမကြည့်ရသည်မှာလှောင်နေပုံရသည် Aliciaလဲပဲဒေါသထွက်သွားသည်သို့ပေမဲ့သူမမျက်နှာမှာတော့တည်ငြိမ်နေမြဲ ထို့နောက်ဘာမှပြန်မပြောပဲ သေနတ်များကိုယူကာသူမ၏ခရီးဆောင်အိတ်ထဲထည့်၍ကျောင်းထဲသို့ဝင်သွားလိုက်သည် အိမ်စေဖြစ်သူသည် ကြည့်ရသည်မှာလှောင်ပြုံးပြုံးနေခဲ့ပြီးကားမောင်းကာထွက်သွားလေသည်
ထို့နောက်ကျောင်းထဲတွင်သူမ၏ခရီးဆောင်အိတ်ကိုလာယူသောသူနှစ်ယောက်ရှိပြီးထိုသူတို့မှာသူမအခန်းအားလမ်းပြပေးလေသည် ၁၀မိနစ်အကြာသူတို့သည်သူမအခန်းအားနေရာချပေးပြီး နောက်မိနစ်၂၀တွင်ကျောင်း၏အဓိကစာသင်ခန်းထဲလာရန် ပြောပြီးပျောက်ကွယ်သွားကျသည် သူတို့၏အလျှင်နှုန်းမှာအိမ်စေလောက်မမြန်ပေမဲ့သူ့နည်းသူ့ဟန်နဲ့မြန်ကြပေသည် သူမအခန်းထဲသို့ဝင်လိုက်ရာကြည့်ရတာသရဲအိမ်ထဲရောက်သွားသလိုပေ
"ဟ ငါ့အရင်အိပ်ခန်းကတောင်မှပိုကောင်းဦးမယ် ကြည့်စမ်းပါဦးကွာ ဘာမှလဲမရှိဘူး အိပ်ယာရယ်ဗီဒိုရယ်စားပွဲခုံနဲ့ထိုင်ခုံလေးရယ်ပဲလား တကယ်ပါပဲကွာ ဂိမ်းဆော့တုန်းကထပ်တောင်စုတ်ပျတ်သက်နေသေးတယ်"
ဟုညည်းတွားရင်းသူ၏ပစ္စည်းများကိုနေရာချလိုက်သည် သူမအခန်းမှာသရဲအိမ်လိုအိုဟောင်းနေပုံပေါက်ပေမဲ့ပစ္စည်းများမှာဖုန်တက်မနေသလိုယိရွှဲလဲမနေပါ သူတို့ကြည့်ရတာအမှောင်နှင့်အသားကြအောင်ပြင်ဆင်ပေးထားပုံဖြစ်သည် တကယ့်ကိုအံဩစရာပါပဲ assassin's တွေကိုလေ့ကျင့်ပေးသည့်ကျောင်းဆိုတဲ့အတိုင်းအိပ်သည့်နေရာတောင်လေ့ကျင့်ပေးပြီးသားဖြစ်သည်
"ဟူးး နောက်ဆုံးတော့နေရာချလို့ပြီးပြီ အခုတော့ဟိုအဓိကစာသင်ခန်းဆိုလားဘာလားကိုသွားရဦးမယ် စာကတော့မနက်ဖြန်မှပဲသင်လောက်မှာပါနော့်? ငါစာကျက်ရတာမုန်းတယ်ဟ!"
ထို့နောက်သူမသည်အခန်းထဲမှထွက်ကာသူမ၏အခန်းတံခါးပေါ်တွင်ကပ်ထားပေးသောကျောင်းမြေပုံမှညွှန်ပေးထားသည့် အဓိကစာသင်ဆောင်သို့တည့်တည့်မတ်မတ်သွားလေသည်
T.B.C
Alicia အဓိကစာသင်ခန်းသို့လာနေချိန်အဓိကစာသင်ခန်းထဲတွင်
"ဒီနေ့ဒီကိုကျောင်းပြောင်းကျောင်းသားအသစ်ရောက်တယ် မင်းတို့ကြိုက်တာလုပ်လို့ရတယ် စည်းမရှိဘူး ထုံးစံအတိုင်းပဲ နားလည်လား?"
ထိုသို့မာန်ပါပါစကားပြောနေသူမှာတစ်ခြားသူမဟုတ် VAN TARIN ဟုအမည်တွင်သူS.T.A ASSASSIN ကျောင်း၏ကျောင်းအုပ်သာဖြစ်သည်ထို့နောက်သူစကားပြောလေသည်
"အခုဝင်လာပြီးမင်းကိုယ်မင်းမိတ်ဆက်လိုက်"
လို့ပြောတာနှင့်တစ်ပြိုင်နက် Aliciaအခန်းထဲသို့ဝင်လာသည် အခုလိုဖြစ်ရခြင်းမှာအချင်းချင်းတိုက်ထားကြခြင်းမဟုတ်အချိန်ကိုက်သာဖြစ်သည်
*"ဟမ်? ဘာတွေဖြစ်နေတာလဲဟ? ငါထင်တာကျောင်းသားအကုန်လုံးနောက်မှရောက်လာမယ်ထင်တာလေ သူတို့ကဘာလို့အကုန်ဒီမှာစုနေကြတာလဲ?"
သူမပင်ဘာတွေဖြစ်နေမှန်းမသိဒါပေမဲ့သူမသည်ကျောင်းအုပ်ရပ်ခိုင်းသည့်နေရာမှာမျက်နှာတည်တည်ဖြစ်ရပ်လိုက်ပြီး ကျောင်းအုပ်ကြီးမှာမိုက်ခ်ကိုခဏပိတ်၍သူမအားလှောင်ပြုံးဖြစ်စကားပြောသည်
"ဟ..မင်း ငါကြားထားတာတော့မင်းကobelisတစ်ယောက်ဆို? ပြီးတော့ကောလဟာလတွေထဲကထက်ပိုပြီးအားနည်းမဲ့ပုံပေါ်တာပဲဒါနဲ့ဆိုမင်းကျောင်းပြောင်းတာကျောင်းကြီးတွေအကုန်စုံနေပြီနော်"
လှောင်ပြုံးပြုံး၍ဆက်ပြောသည်
"အသက်ရှင်နိုင်အောင်ကြိုးစားပေါ့ အခုတော့မိတ်ဆက်လိုက်ဦး"
သူမကြည့်ရသည်မှာဒေါသထွက်သွားပုံရသဖြင့်မျက်မှောင်များကြုံ့လာသည် ထို့နောက် ကျောင်းအုပ်မှမိုက်ခ်ကိုပြန်ဖွင့်ပေးပြီးစကားပြောမိတ်ဆက်စေသည်
"Alicia,အတိုကောက်အနေနဲ့ Alice ဒါပဲ"
ဟုအတိုကောက်မိတ်ဆက်ရာကျောင်းအုပ်မှ
"မင်းရဲ့မျိုးရိုးကိုပါထည့်ပြောလေ"
သူမကြည့်ရသည်မှာစိတ်ပျက်သွားပုံရသည်
"Alicia obelisပဲ ငါ့နာမည်က"
ဟုမိတ်ဆက်လေသည် ထို့နောက်ကျောင်းအုပ်ကြီးသည် သူမကိုလွတ်ရာနေရာသွားထိုင်စေပြီးမနက်ဖြန်မှအတန်းကိုအစီစဉ်သေချာချပေးပြီးစာစသင်မည်ဟုပြောသည် ဒါ့အပြင် Aliciaသည် အရင်ဘဝမှာထဲကintrovertဖြစ်ပြီးစကားပြောပုံလွတ်လပ်သောကြောင့်ရိုင်းသည်ဟုထင်ရသည် သူမ၏အကျင့်စရိုက်သည် လုပ်ကြံသူအဖြစ်ဟန်ဆောင်ဖို့အသင့်တော်ဆုံးသာဖြစ်သည် ထို့နောက် ဆရာမတစ်ယောက်ဝင်လာကာ သူမကိုယ်သူမမိတ်ဆက်သည်
"ငါကမင်းတို့ရဲ့အတန်းပိုင်ဆရာမပဲ ငါ့နာမည်က Amara kaiy,ငါ့ကိုဆရာမလို့မခေါ်ကြနဲ့ ဖြစ်နိုင်ရင်ပေါ့"
ဟုစိတ်ရှုပ်နေသောမျက်နှာဖြင့်ပြောသည်ထိုသို့ပြောသွားသည်မှာအံဩစရာမဟုတ် မိသားစုအချင်းချင်းမှာတောင်ရင်းနှီးမှုဆက်ဆံရေးမရှိ ဆရာ/တပည့်ဆက်ဆံရေးဆိုပိုတောင်ဆိုးသေးသည် ထို့နောက်သူမသည်ကျောင်းသားများကိုနှစ်ယောက်တစ်တွဲမိန်းကလေးနှင့်ယောင်္ကျားလေးဟူ၍တစ်တွဲစီခွဲပေးသည် ထိုသို့ဖြစ်သည်မှာ ယောင်္ကျားလေးတွေမိန်းကလေးများ၏လှည့်စားမှုများကိုကြံကြံခံနိုင်ရန်ဖြစ်ပြီး တကယ့်တိုက်ပွဲများတွင်ဖြားယောင်းမှုများကိုခံနိုင်ရန်ဖြစ်သည် မိန်းကလေးများသည် ယောင်္ကျားလေးများ၏အင်အားကိုမယှဉ်နိုင်သောအခြေနေမှာအမြဲရှိနေသောကြောင့်လျင်မြန်မှုကိုအသားကြအောင် အမြဲ plan bဆိုတာမျိုးရှိအောင်သာဖြစ်သည်
"Alicia obelis နဲ့ Jon Dimitri မင်းတို့နှစ်ယောက်ကအခုကစပြီးပါတနာပဲ"
ထိုချိန်aliciaကြည့်ရသည်မှာ ရွံ့ရှာသောအမူရာဖြစ်နေသည်ကိုတွေ့ရသည် ထိုသို့ဖြစ်သွားသောကြောင့်jonသည်ပင်အံဩသွားကာ ဒေါသပင်လဲထွက်သွားလေသည် သူသည်ချောမောပြီးပိုက်ဆံပင်လဲရှိ၏ ထို့အပြင်ကိုမှအတိုက်ခိုက်တွင်လဲကျွမ်းကျင်သည် ဒါဆိုဘာကြောင့်သူမအဲ့လိုရွံလျှာနေသောမျက်နှာအမူရာကိုပြုလုပ်ရတာပါလဲ? သူအကြောင်းရင်းကိုမသိနိုင်ပါ
*"စောက်ရေးမပါတာ အဲ့လောက်လူအများကြီးကိုမှသူနဲ့သွားကျရတယ် လို့ ဂိမ်းထဲမှာဆိုအဲ့ခွေးသူတောင်းစားကငါ့ကိုအများဆုံးသတ်သွားတာပဲအဲ့တာတင်ဘယ်ကမလဲချောပြီးတော့စိတ်ကိုကဆိုက်ကိုဖြစ်နေတာ"
ထိုချိန်amaraစကားထပြောလေသည်
"အခုငါ့အလုပ်ပြီးပြီ ဆိုတော့မနက်ဖြန်မှတွေ့မယ် အသက်ရှင်အောင်နေမနေကြနဲ့ "
ဟုပြောကာပျောက်ကွယ်သွားလေသည် သူပျောက်သွားတာနှင့်တစ်ပြိုင်နက်ကျောင်းသများလဲအပြင်ကိုထွက်ပြီးသူတို့အခန်းကိုယ်စီပြန်ကြသည် Alicia သည်လဲအခန်းသို့ပြန်ရန်လုပ်နေချိန် တစ်ယောက်ယောက်မှသူမ၏လက်ကိုအတင်းကျပ်ဆွဲကာရပ်လိုက်လေသည် ထိုသူမှာjonဖြစ်သည်
"မင်း! ရပ်စမ်း!"
"ဘာ? ငါကဘာကျေးဇူးရှိလို့နင်ရပ်ခိုင်းတိုင်းရပ်ရမှာလဲ?"
Jonဒေါသထွက်သွားပုံရသည်
"မင်းရဲ့စောက်စကားကိုကြည့်ပြော ဘာလဲမင်းကobelisတစ်ယောက်ဆိုပြီးဘဝင်မြင့်နေတာလား?! "
သူမသည်ပင်ဒေါသထွက်သွားပုံရသည် သို့ပေမဲ့သူမ၏မျက်နှာသည်တည်ငြိမ်နေစဲ
"အဲ့တာကနင့်ရဲ့မေးခွန်းဆိုရင် ငါ့အဖြေက ဟုတ်တယ်ပဲ"
ဟုပြောလိုက်ရာjonပိုဒေါသထွက်သွားပုံရသည် jonသည် သူမ၏လက်မောင်းအား အားမာန်ပါပါဖြစ်ဖိညှစ်ထလိုက်ရာသူမနာကျင်လာသည်ကိုခံစားမိနိုင်သည် ထို့အခါသူမအမြင်မှန်ပြန်ရသွားသည် သူမရောက်နေသောနေရာသည်assassinများစုဝေးရာနေရာဖြစ်ပြီးသူမအားနည်းနေပါကအသတ်ခံရမယ်ဖြစ်သည် သူမ၏လက်နတ်များဖြစ်သောသေနတ်သည်ပင်အခန်းထဲကျန်ခဲ့သည်
"ဆိုတော့နင်ကငါ့ကိုပထမဆုံးရက်မှာတင်သတ်ပစ်ချင်နေတာပေါ့?"
ဟုအရွဲ့တိုက်ကာမေးလိုက်သည်ထိုပေမဲ့သူမ၏စိတ်ထဲမှာတော့ကြောက်ရွံ့မှုများပင်ဖြစ်နေသည်
"မသတ်ပါဘူး အကယ်လို့မင်းသာငါ့ရဲ့sex Partnerလုပ်မယ်ဆိုရင်ပေါ့."
ဟုပြန်ပြောရာသူမ၏ကြောက်စိတ်များပိုမိုများပြားလာသည် သို့ပေမဲ့
"Sex partner? အိမ်မက်ဆက်မက်နေလိုက်!"
ဟုပြောပြီးနောက်သူမသည် jon၏အမေပေးထားသောအမွေလေးကိုအားဖြင့်ကန်လိုက်ရာjonမှာမျက်ရည်များပင်ဝဲတက်လာ၍ဒူးထောက်ရက်ထိုင်ကျသွားသည်
"ဟမ့်! ငပျော့ကောင်!"
ဟုလှောင်ပြောင်သရောကာ စာသင်ခန်းအပြင်သို့ထွက်လာပြီးလမ်းအမြန်လျှောက်ခါသူမ၏အခန်းသို့အဦးတည်သွားလေသည် တစ်ဖက်တွင်jonမှာဒေါသရော နာကျင်မှုရောကြောင့် အကြောများထောင်လာကာ Alicia ကိုသတ်ပစ်ချင်မတက်ဖြစ်နေခဲ့သည်
သူမအခန်းသို့အရောက်
"ဟူးးး တော်သေးတယ် လီးလိုပဲကြောက်စရာကြီး အကုန်လုံးကဘာတွေဖြစ်နေတာလဲဟာ ဂိမ်းဆော့တုန်းကတောင်အဲ့လောက်ကြောက်ဖို့မကောင်းပါဘူး ဂိမ်းထဲမှာတုန်းကငါအကြိမ်၁၀၀လောက်သေတောင်ပြန်ရှင်တယ်အခုကပြန်ရှင်မှာမဟုတ်ဘူး ငါနောက်အပြင်ထွက်ရင်ဘယ်သွားသွားသေနတ်ယူသွားရမယ်"
ဟု၍ကမန်းကတန်းဖြင့်ကြောက်ရွံ့စွာသူမကိုသူမပြောနေလေသည်
T.b.c
Download NovelToon APP on App Store and Google Play