Unicode
ဦးမင်းလွင်: 'ဟယ်လို...မိဝိုင် ညည်းပုဂံသွားတာ ဘာလို့ ဖေဖေ့ကိုပြောမသွားတာလဲ? အဆင်ရောပြေရဲ့လား? ဘယ်သူနဲ့လဲ? နေမင်းရော ပါသွားရဲ့လား?'
Wine: 'အာ...သမီးကိုပြောခွင့်ပေးပါဦး ဖေဖေရဲ့'
ဦးမင်းလွင်: 'ဪ အေး ပြော'
Wine: 'နေမင်းပါ ပါတယ် ၊ သမီးတို့လည်း ဗိုက်ဆာလို့ မုန့်ထွက်စားရင်းက ပုဂံရောက်လာတာ'
ဦးမင်းလွင်: 'ဟေ...ဗိုက်ဆာလို့မုန့်ထွက်စားတာ ဘယ်လိုလို့ ပုဂံရောက်သွားရတာလဲ?'
Wine: 'ပုဂံက ကောက်ညှင်းပေါင်းက စားကောင်းတယ်လေ ဖေဖေရဲ့ ဟီး😁'
ဦးမင်းလွင်: 'တော်တော် ဉာဏ်နီဉာဏ်နက်များတယ်နော် ညည်း ပြန်လာမှတွေ့မယ်'
Wine: 'အာ...ဖေဖေကလည်း သမီးလေးတစ်ယောက်တည်းရှိတာကို ဒီလောက်အပြစ်သေးသေးလေးအတွက် ဗွေမယူသင့်ပါဘူးလေ'
ဦးမင်းလွင်: 'ညည်းတော်တော်တတ်😏ညည်းပဲအဖေလုပ်တော့ ငါရာထူးကဆင်းပေးမယ်'
Wine: 'အဲ...ရပါတယ် အားနာစရာကြီး ဖေဖေက ဖေဖေပဲလုပ်ပါ ဖေဖေရဲ့'
ဦးမင်းလွင်: 'ပြီးရော ပြီးရော ပြန်လာမှတွေ့မယ်'
Wine: 'ဟုတ် ဖေဖေ Goodnight Mwchhh😘'
(သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ ရှေးလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးပဲ။ သမီးလေးတစ်ယောက်တည်းရှိပြီး မိတဆိုးလေးမို့ အလိုလိုက်ထားတာ ဆိုးချင်တိုင်းကိုဆိုးနေတော့တာပဲ။ အပြစ်ကလည်းဆိုမရပြန်ဘူး ငယ်ငယ်တည်းက ကျန်းမာရေးကလည်း ချူချာသေး ၊ ဖအေကိုလည်း ချစ်တာမှတုန်လို့ မျက်စိအောက်က အပျောက်မခံဘူး ၊ အသက် ၂၀ ကျော်မှသာ သူ့ဟာသူလွတ်လပ်ချင်လာလို့ ငါလည်း လွတ်တာ ။ ဒါပေမယ့်လည်း ဒီအတိုင်းသာဆို ငါမရှိရင် ဒီကလေး မတွေးရဲစရာပဲ။)
ဦးကြည်: 'မီး မီး မီးဗျို့ မီး'
ဦးမင်းလွင်: 'ဟေ့ ဘာဖြစ်တာလဲ'
ဦးကြည်: 'သူ သူဌေး ဂိုဒေါင်မီးလောင်နေတယ်'
ဦးမင်းလွင်: 'ဟာ...မဖြစ်ဘူး မီးသတ်ကားခေါ်ထားလား?'
ဦးကြည်: 'ဟုတ် ခေါ် ခေါ်ထားပါတယ် ဒါပေမယ့်...'
ဦးမင်းလွင်: 'ဒါပေမယ့်ဘာဖြစ်လဲ? ပြောလေ'
ဦးကြည်: 'ဟို ဟိုလေ'
ဦးမင်းလွင်: 'မြန်မြန်ပြောပါ'
ဦးကြည်: 'အထည်ချုပ်စက်ရုံက သူဌေး...သူ...'
ဦးမင်းလွင်: 'မိုးဟိန်း ဘာဖြစ်လို့လဲ?'
ဦးကြည်: 'သူ ဂိုဒေါင်ထဲမှာပဲရှိသေးတယ် သူဌေး'
ဦးမင်းလွင်: 'ဘာ....ဒီလိုနေလို့မဖြစ်ဘူး ငါ ငါ့သူငယ်ချင်းကိုသွားခေါ်မယ်'
ဦးကြည်: 'သူဌေးမဖြစ်ဘူး အန္တရာယ်များတယ်။ မီးသတ်ကားလာတော့မှာပဲဟာ...ခဏစောင့်လိုက်ပါ'
ဦးမင်းလွင်: 'လူတစ်ယောက်လုံး အန္တရာယ်ထဲရောက်နေတာ သိရက်နဲ့ ဒီအတိုင်းကြည့်မနေနိုင်ဘူး ။ ပြီးတော့ အဲ့ဒါ ငါ့သူငယ်ချင်း ၊ ငါမရ ရအောင် ကယ်မယ်'
ဦးကြည်လည်း သူငယ်ချင်းကိုကယ်ရန်အတွက် မီးထဲပြေးဝင်သွားသော သူဌေးကို အနောက်မှ လှမ်းအော်နေရုံသာ တတ်နိုင်တော့သည်။
ဦးကြည်: 'သူဌေး....သူဌေး...'
"🎶🎵ringtone...."
Wine: 'ဟယ်လို...'
Dawgyi: 'မမလေး....😭'
Wine: 'ဒေါ်ကြီး ဘာဖြစ်တာလဲ...ဘာလို့ငိုနေတာလဲ? ဖေဖေဆူပြန်ပြီလား?'
Dawgyi: 'မမလေး အဖေ...'
Wine: 'ဖေဖေ ဘာဖြစ်လို့လဲ?'
Dawgyi: 'သူ...သူဌေး ဆုံးပြီ'
Wine: 'ဘာ...မဟုတ်တာ မနောက်ပါနဲ့ ညကတောင် ဖုန်းပြောနေသေးတာပဲကို၊ အာ...မဖြစ်နိုင်တာ'
Dawgyi: 'တကယ်ပါ မမလေးရယ် ညကပဲ မီးထဲမှာ သူဌေးနဲ့ သူဌေးရဲ့မိတ်ဆွေ ဦးမိုးဟိန်းတို့ရဲ့ အလောင်းကိုတွေ့ခဲ့တာ'
Wine: 'မဖြစ်နိုင်တာ...ဖေဖေဆုံးပြီတဲ့လား? မနောက်ပါနဲ့ ဒေါ်ကြီးရယ်...မဟုတ်ဘူး အခုနောက်နေတာလို့ပဲပြောလိုက်ပါလား ဒေါ်ကြီးရယ် ဝိုင်တောင်းပန်ပါတယ်...'
Dawgyi: 'မမလေး မမလေး အဆင်ပြေရဲ့လား ပြန်လာခဲ့ပါတော့'
Wine: 'အခုပြန်လာပြီ'
(မဟုတ်ဘူး မဖြစ်နိုင်ဘူး အကုန်လုံး ဝိုင်းညာနေကြတာ ။ တစ်ယောက်လောက်ငါ့ကိုလာပြောပါ ဖေဖေတကယ်မသေဘူး နောက်နေတာပါလို့ ။လာပြောပေးကြပါ...တောင်းပန်ပါတယ်😭)
Wine: 'နေမင်းရေ နေမင်း လုပ်ပါဦး ငါ့ကိုကယ်ပါဦး😭'
Naymin: 'ဘာဖြစ်တာလဲဟ ဘာလို့ငိုနေတာလဲ ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ'
Wine: 'ဖေဖေ ဆုံးပြီတဲ့'
Naymin: 'အာ...မဖြစ်နိုင်တာ ငါတို့မလာခင်ကမှ အကောင်းကြီးရှိသေးတယ် ပြီးတော့ အန်ကယ်က ဒေါင်ဒေါင်မြည်ပဲကို'
Wine: 'ဂိုဒေါင်မီးလောင်တဲ့အထဲပါသွားတာတဲ့။ ငါတို့ပြန်ကြရအောင် ငါ့ကိုလိုက်ပို့ပေးပါ ကျေးဇူးပြုပြီး'
Naymin: 'အေး အေး သွားကြမယ်'
------------------------------------------
'သ သခင်လေး...သူဌေးဆုံးပြီတဲ့'
'ဘာ............'
Zawgyi
ဦးမင္းလြင္: 'ဟယ္လို...မိဝိုင္ ညည္းပုဂံသြားတာ ဘာလို႔ ေဖေဖ့ကိုေျပာမသြားတာလဲ? အဆင္ေရာေျပရဲ႕လား? ဘယ္သူနဲ႔လဲ? ေနမင္းေရာ ပါသြားရဲ႕လား?'
Wine: 'အာ...သမီးကိုေျပာခြင့္ေပးပါဦး ေဖေဖရဲ႕'
ဦးမင္းလြင္: 'ဪ ေအး ေျပာ'
Wine: 'ေနမင္းပါ ပါတယ္ ၊ သမီးတို႔လည္း ဗိုက္ဆာလို႔ မုန႔္ထြက္စားရင္းက ပုဂံေရာက္လာတာ'
ဦးမင္းလြင္: 'ေဟ...ဗိုက္ဆာလို႔မုန႔္ထြက္စားတာ ဘယ္လိုလို႔ ပုဂံေရာက္သြားရတာလဲ?'
Wine: 'ပုဂံက ေကာက္ညႇင္းေပါင္းက စားေကာင္းတယ္ေလ ေဖေဖရဲ႕ ဟီး😁'
ဦးမင္းလြင္: 'ေတာ္ေတာ္ ဉာဏ္နီဉာဏ္နက္မ်ားတယ္ေနာ္ ညည္း ျပန္လာမွေတြ႕မယ္'
Wine: 'အာ...ေဖေဖကလည္း သမီးေလးတစ္ေယာက္တည္းရွိတာကို ဒီေလာက္အျပစ္ေသးေသးေလးအတြက္ ေဗြမယူသင့္ပါဘူးေလ'
ဦးမင္းလြင္: 'ညည္းေတာ္ေတာ္တတ္😏ညည္းပဲအေဖလုပ္ေတာ့ ငါရာထူးကဆင္းေပးမယ္'
Wine: 'အဲ...ရပါတယ္ အားနာစရာႀကီး ေဖေဖက ေဖေဖပဲလုပ္ပါ ေဖေဖရဲ႕'
ဦးမင္းလြင္: 'ၿပီးေရာ ၿပီးေရာ ျပန္လာမွေတြ႕မယ္'
Wine: 'ဟုတ္ ေဖေဖ Goodnight Mwchhh😘'
(သမီးတစ္ေကာင္ ႏြားတစ္ေထာင္ဆိုတာ ေရွးလူႀကီးေတြအလကားေျပာခဲ့တာမဟုတ္ဘူးပဲ။ သမီးေလးတစ္ေယာက္တည္းရွိၿပီး မိတဆိုးေလးမို႔ အလိုလိုက္ထားတာ ဆိုးခ်င္တိုင္းကိုဆိုးေနေတာ့တာပဲ။ အျပစ္ကလည္းဆိုမရျပန္ဘူး ငယ္ငယ္တည္းက က်န္းမာေရးကလည္း ခ်ဴခ်ာေသး ၊ ဖေအကိုလည္း ခ်စ္တာမွတုန္လို႔ မ်က္စိေအာက္က အေပ်ာက္မခံဘူး ၊ အသက္ ၂၀ ေက်ာ္မွသာ သူ႔ဟာသူလြတ္လပ္ခ်င္လာလို႔ ငါလည္း လြတ္တာ ။ ဒါေပမယ့္လည္း ဒီအတိုင္းသာဆို ငါမရွိရင္ ဒီကေလး မေတြးရဲစရာပဲ။)
ဦးၾကည္: 'မီး မီး မီးဗ်ိဳ႕ မီး'
ဦးမင္းလြင္: 'ေဟ့ ဘာျဖစ္တာလဲ'
ဦးၾကည္: 'သူ သူေဌး ဂိုေဒါင္မီးေလာင္ေနတယ္'
ဦးမင္းလြင္: 'ဟာ...မျဖစ္ဘူး မီးသတ္ကားေခၚထားလား?'
ဦးၾကည္: 'ဟုတ္ ေခၚ ေခၚထားပါတယ္ ဒါေပမယ့္...'
ဦးမင္းလြင္: 'ဒါေပမယ့္ဘာျဖစ္လဲ? ေျပာေလ'
ဦးၾကည္: 'ဟို ဟိုေလ'
ဦးမင္းလြင္: 'ျမန္ျမန္ေျပာပါ'
ဦးၾကည္: 'အထည္ခ်ဳပ္စက္႐ုံက သူေဌး...သူ...'
ဦးမင္းလြင္: 'မိုးဟိန္း ဘာျဖစ္လို႔လဲ?'
ဦးၾကည္: 'သူ ဂိုေဒါင္ထဲမွာပဲရွိေသးတယ္ သူေဌး'
ဦးမင္းလြင္: 'ဘာ....ဒီလိုေနလို႔မျဖစ္ဘူး ငါ ငါ့သူငယ္ခ်င္းကိုသြားေခၚမယ္'
ဦးၾကည္: 'သူေဌးမျဖစ္ဘူး အႏၲရာယ္မ်ားတယ္။ မီးသတ္ကားလာေတာ့မွာပဲဟာ...ခဏေစာင့္လိုက္ပါ'
ဦးမင္းလြင္: 'လူတစ္ေယာက္လုံး အႏၲရာယ္ထဲေရာက္ေနတာ သိရက္နဲ႔ ဒီအတိုင္းၾကည့္မေနႏိုင္ဘူး ။ ၿပီးေတာ့ အဲ့ဒါ ငါ့သူငယ္ခ်င္း ၊ ငါမရ ရေအာင္ ကယ္မယ္'
ဦးၾကည္လည္း သူငယ္ခ်င္းကိုကယ္ရန္အတြက္ မီးထဲေျပးဝင္သြားေသာ သူေဌးကို အေနာက္မွ လွမ္းေအာ္ေန႐ုံသာ တတ္ႏိုင္ေတာ့သည္။
ဦးၾကည္: 'သူေဌး....သူေဌး...'
"🎶🎵ringtone...."
Wine: 'ဟယ္လို...'
Dawgyi: 'မမေလး....😭'
Wine: 'ေဒၚႀကီး ဘာျဖစ္တာလဲ...ဘာလို႔ငိုေနတာလဲ? ေဖေဖဆူျပန္ၿပီလား?'
Dawgyi: 'မမေလး အေဖ...'
Wine: 'ေဖေဖ ဘာျဖစ္လို႔လဲ?'
Dawgyi: 'သူ...သူေဌး ဆုံးၿပီ'
Wine: 'ဘာ...မဟုတ္တာ မေနာက္ပါနဲ႔ ညကေတာင္ ဖုန္းေျပာေနေသးတာပဲကို၊ အာ...မျဖစ္ႏိုင္တာ'
Dawgyi: 'တကယ္ပါ မမေလးရယ္ ညကပဲ မီးထဲမွာ သူေဌးနဲ႔ သူေဌးရဲ႕မိတ္ေဆြ ဦးမိုးဟိန္းတို႔ရဲ႕ အေလာင္းကိုေတြ႕ခဲ့တာ'
Wine: 'မျဖစ္ႏိုင္တာ...ေဖေဖဆုံးၿပီတဲ့လား? မေနာက္ပါနဲ႔ ေဒၚႀကီးရယ္...မဟုတ္ဘူး အခုေနာက္ေနတာလို႔ပဲေျပာလိုက္ပါလား ေဒၚႀကီးရယ္ ဝိုင္ေတာင္းပန္ပါတယ္...'
Dawgyi: 'မမေလး မမေလး အဆင္ေျပရဲ႕လား ျပန္လာခဲ့ပါေတာ့'
Wine: 'အခုျပန္လာၿပီ'
(မဟုတ္ဘူး မျဖစ္ႏိုင္ဘူး အကုန္လုံး ဝိုင္းညာေနၾကတာ ။ တစ္ေယာက္ေလာက္ငါ့ကိုလာေျပာပါ ေဖေဖတကယ္မေသဘူး ေနာက္ေနတာပါလို႔ ။လာေျပာေပးၾကပါ...ေတာင္းပန္ပါတယ္😭)
Wine: 'ေနမင္းေရ ေနမင္း လုပ္ပါဦး ငါ့ကိုကယ္ပါဦး😭'
Naymin: 'ဘာျဖစ္တာလဲဟ ဘာလို႔ငိုေနတာလဲ ဘယ္သူအႏိုင္က်င့္လိုက္လို႔လဲ'
Wine: 'ေဖေဖ ဆုံးၿပီတဲ့'
Naymin: 'အာ...မျဖစ္ႏိုင္တာ ငါတို႔မလာခင္ကမွ အေကာင္းႀကီးရွိေသးတယ္ ၿပီးေတာ့ အန္ကယ္က ေဒါင္ေဒါင္ျမည္ပဲကို'
Wine: 'ဂိုေဒါင္မီးေလာင္တဲ့အထဲပါသြားတာတဲ့။ ငါတို႔ျပန္ၾကရေအာင္ ငါ့ကိုလိုက္ပို႔ေပးပါ ေက်းဇူးျပဳၿပီး'
Naymin: 'ေအး ေအး သြားၾကမယ္'
------------------------------------------
'သ သခင္ေလး...သူေဌးဆုံးၿပီတဲ့'
'ဘာ............'
***Download NovelToon to enjoy a better reading experience!***
Comments