Unicode
ဆောင်းညနေခင်းရဲ့ လေပြင်းများ တိုက်ခတ်နေသည်။ တိမ်စိုင်တိမ်ခဲများနှင့် ကောင်းကင်ကြီးသည်လည်း မဲမှောင်လျှက်ရှိသည်။
Wine: (အချိန်အခါမဟုတ် မိုးရွာတော့မှာပဲ။ အချိန်တွေကုန်တာလည်း မြန်လိုက်တာ...။အဖေဆုံးတာလည်း တစ်လပြည့်ခဲ့ပြီ။ အရာအားလုံးတည်ငြိမ်သွားပြီလို့ထင်နေကြပေမယ့်လည်း ငါ့ဘဝရဲ့အားကိုးရာပျောက်ဆုံးသွားပြီးတည်းက ငါပြိုကျလက်စချောက်ကမ်းပါးမှာ လမ်းပျောက်နေရသလို တည်ငြိမ်တယ်လို့ကိုမရှိပါဘူး။ ဖေဖေ! သမီးကိုမကြည့်နေပါနဲ့လား...)
'🎶🎵...Ringtone'
Wine: 'ဟယ်လို...နေမင်းပြော'
NM: 'ဝိုင်...နင်အဆင်ပြေရဲ့လား?'
Wine: 'ပြေပါတယ်။ ငါပြေအောင်နေနေပါတယ်။ ငါအဆင်ပြေသွားမှာပါ'
Naymin: (ဝိုင့်အသံကအားပျော့လွန်းနေတယ်။ သူမမှာမိသားစုဆိုလို့ အဖေတစ်ခုသမီးတစ်ခုကို။ အခုတစ်ယောက်တည်းရှိတဲ့ မိသားစုဝင်ကိုဆုံးရှုံးလိုက်ရတာဆိုတော့ အဆင်ပြေသေးမှာမဟုတ်လောက်သေးဘူး။ ဝိုင့်ဘဝရဲ့ဒီလိုအချိန်တွေမှာ ငါ သူမအနားရှိပေးချင်လိုက်တာ။ ဒါပေမယ့်လည်း အခြေအနေကမပေးဘူး😪။)
NM: 'ဝိုင်ရေ ငါမနက်ဖြန် US ကိုသွားရမယ်'
Wine: 'ဟင်?...ချက်ချင်းကြီးပါလား? ဘာဖြစ်လို့လဲ?'
NM: 'အေးဟ...ဟိုမှာ ဖေဖေနေမကောင်းဘူးဆိုလို့ ငါဖေဖေ့အလုပ်တွေ သွားဝိုင်းကူပေးရမယ်ဟ'
(ငါ့ကိုခဏပဲစောင့်ပါ ဝိုင်ရယ်.... ငါအလုပ်ကြိုးစားပြီး နင့်အကြွေးတွေကိုကျေအောင် ဆပ်ပေးချင်တယ်)
Wine: 'အင်း...ဂရုစိုက်နော်...ဦးလေးကိုလည်း ဂရုစိုက်လိုက်ပါ...ငါလေဆိပ်တော့လိုက်မပို့တော့ဘူးနော်'
NM: 'အင်းပါ...ရပါတယ် ငါလည်း ရုတ်တရက်ကြီးစီစဉ်လိုက်ရတာမို့ပါ'
Wine: 'အင်း အင်း ဒါဆို ဒါပဲလေနော် ပြန်လာမှတွေ့ကြတာပေါ့'
(ငါ့ ဘဝက ဒီတိမ်စိုင်တွေလို မှောင်မိုက်နေတော့မှာလား? ဖေဖေလည်းမရှိတော့သလို နေမင်းလည်း မရှိတော့ အားကိုးရာမဲ့သလိုခံစားရတယ်။ ဒါပေမယ့်လည်း ငါအားတင်းထားရမယ် ။ ဖေဖေ့အတွက်ပဲဖြစ်ဖြစ်ပေါ့။ )
ပြတင်းပေါက်ကိုမှီရင်း ငေးကြည့်နေမိသော ပြိုလုဆဲဆဲတိမ်တိုက်တွေနှင့်အတူ ဝိုင့်ရဲ့ရင်ထဲက ကောင်းကင်ကြီးလည်းအတူတကွ မဲမှောင်လျှက်ရှိသည်။ သို့သော်လည်း အပြင်ပန်း၌ ဘာမျှမဖြစ်သလိုနေရသည်။ မိမိပြိုလဲသည်ကိုမြင်လျှင် ဒေါ်ကြီးတို့ မောင်ထူးတို့ ပို၍ခံစားရမည်ကိုကြောက်ရသည်။
တီ...တီ...📣🚗
ခြံစောင့်: 'မမလေးရေ မမလေး'
Wine: 'မောင်ထူးဘာဖြစ်တာလဲ'
ခြံစောင့်: 'ဟိုတစ်ခေါက်က ကားလာပြန်ပြီ မမလေး။ ဟို...မိုးထက်မြင့်ဆိုတဲ့တစ်ယောက်လေ'
Wine: (ဒီလူဘာလာလုပ်ပြန်ပြီလဲမသိဘူး)
'ဝင်ခိုင်းလိုက်ပါ ၊ဘာလာလုပ်လဲသိရတာပေါ့'
ခြံစောင့်: 'ဟုတ်ကဲ့ မမလေး'
ဖေဖေ့နာရေးတွင် ထိုလူလာသောအခါက နာရေးကိစ္စများနှင့် အလုပ်ရှုပ်နေ၍တစ်ကြောင်း ၊ ဖေဖေ့အတွက်ပူဆွေးနေရ၍တစ်ကြောင်း သတိမထားမိပေ။ အခုတစ်ခေါက်မှ သေချာကြည့်မိသည်။ခြံထဲကို ကားအနီရောင်တစ်စီး ဝင်လာပြီး ကားပေါ်မှ အရပ် ၆ ပေခန့်ရှိသော လူငယ်တစ်ဦး ။ အသားဖြူဖြူ ၊ ဆံပင်ဂုတ်ကျော်ကျော်လောက် ၊ နှာတံစင်းစင်းနှင့် နှစ်လိုဖွယ်ရုပ်ရည်ရှိသည်။ ဝတ်ပုံစားပုံက စမတ်ကျသည်။ ပုံစံကြည့်ရုံဖြင့် ချမ်းသာကြွယ်ဝမှုကိုပါမြင်နိုင်သည့် အနေအထားရှိသည်။
Wine: (ဒီလူ ရုပ်ကလေးကချောရဲ့သားနဲ့ မျက်နှာကတော့ ရှစ်ခေါက်ချိုးပြီး ချေမိုးနေရောပဲ ။ တစ်လောကလုံးတောင်မဟုတ်ဘူး ၊ တစ်ကမာ္ဘလုံးကို သူတစ်ယောက်တည်းလုပ်ကျွေးထားရသလိုလိုနဲ့။ အပြောအဆိုကလည်း မတတ်နဲ့။ ရုပ်ချောလည်းအလကားပဲ )
MHM: 'ဟေ့...အမိ ဘာတွေတွေးနေတာလဲ?'
Wine: 'ဘာတွေးလို့လဲ?...ဪ ဟို ၊ ဟိုလေ ရှင် ဘာကိစ္စနဲ့ ဒီကိုလာတာဖြစ်မလဲလို့၊ အဲ့ဒါတွေးနေတာ'
MHM: 'ဘာလာလုပ်တယ်လို့မင်းထင်လဲ?'
Wine: 'ဘယ်သိမလဲ ရှင်ပြောမှသိမှာပေါ့'
MHM: 'အကြွေးလာတောင်းတာလေ မသိချင်ယောင်ဆောင်နေတာလား ? တကယ်ပဲမသိတာလား၊ ပုံစံကိုက အူကြောင်ကြားနဲ့'
Wine: 'ဘာရှင့် ၊ ဘာအူကြောင်ကြားလဲ သူများသားသမီးကို။ ပြီးတော့ တစ်လပဲရှိသေးတယ် ဘာအကြွေးလဲ? ကျွန်မမှာ မရှိသေးဘူး'
MHM: 'ငါ စိတ်ရှည်လွန်းလို့ မင်းကို ဒီတစ်လ စောင့်နေပေးတယ်လို့များထင်နေလား? မင်းအဖေနဲ့ ငါ့အဖေရဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ လက်ကျန် သံယောဇဉ်လေးကြောင့် ငါသည်းခံပေးနေတာ။ သိပ်ပြီး စေတနာရှိနေလို့ လို့ထင်မနေနဲ့'
Wine: 'ဒီမှာ...ကျွန်မကရော မပေးချင်ဘူးများထင်နေလား? မြန်မြန်ပေးပြီး ရှင့်လို လူ့ဂွစာနဲ့ မပက်သက်ရလေအေးလေပဲ...နော်! သိပ်ပြီးပက်သက်ချင်လွန်းလို့ အချိန်ဆွဲနေတယ်ထင်မနေနဲ့ '
MHM: 'ဒါဆိုလည်း ရှင်းလိုက်တော့လေ ဒီစာရင်းကို...ဘာလို့အချိန်ဆွဲနေသေးလဲ?'
Wine: 'ရှိမှမရှိတာ။ သိန်းငါးသောင်းဆိုတာ ရှင့်အတွက်တော့ နည်းချင်နည်းလိမ့်မယ် ကျွန်မတို့အတွက် တစ်လတည်းနဲ့ရှာလို့ရတဲ့ ငွေအမောင့် မဟုတ်ဘူးရှင့်။ နည်းနည်းပါးပါးနားလည်မှုရှိဦးပေါ့'
MHM: 'နားလည်မပေးနိုင်ဘူး။ မင်းတို့မိသားစုကိုနားလည်ပေးဖို့မွေးဖွားလာတာမဟုတ်ဘူးကွ။ တစ်ပတ်ပဲအချိန်ပေးမယ် နောက်တစ်ပတ်အတွင်းမပေးနိုင်လို့ကတော့ ငါ့အဆိုးမဆိုနဲ့'
Wine: 'ရှင် ဒါသက်သက်လူလည်ကျတာပဲ...တစ်ပတ်နဲ့ သိန်းငါးသောင်း ဘယ်လိုရှာရမှာလဲ'
MHM: 'ဒါငါ့ကိစ္စမဟုတ်ဘူး ၊ မင်းဘာသာမင်းဘယ်လိုပဲရှာရှာ တစ်ပတ်ပြည့်လို့ ငါ့ကိုအကြွေးဆပ်နိုင်ရင် ရပြီ။ ထပ်မပြောရစေနဲ့နော်။ ငါသွားပြီ'
Wine: 'ရှင် နေဦးလေ။ ကျွန်မပြောလို့မပြီးသေးဘူးလေ။ ဘယ်ထွက်သွားတာလဲ ဟဲ့...ဟဲ့'
(ဒီလူ ဘာလဲဟာ...ပြောချင်ရာပြောပြီးထွက်သွားတယ် ၊ ယဉ်ကျေးမှုကိုမရှိဘူး ၊ ဒါနဲ့နေပါဦး ငါကတစ်ပတ်အတွင်း ဘယ်ကပိုက်ဆံသွားရှာရမှာလဲ ၊ အာ...ဒုက္ခပါပဲ တစ်ပတ်ကြာရင် ဒီလူရမ်းကားနဲ့ ငါထပ်တွေ့ရဦးမယ် ၊ အာ...ဖေဖေရယ် ဘာလို့ ဒီမိသားစုနဲ့မှပက်သက်ခဲ့ရတာလဲ.........)
--------------------------------------------
Nwe: 'မောင်လေးရေ မောင်လေး'
မိုးထက်မြင့်၏အစ်မဝမ်းကွဲ Nwe ရဲ့အသံဖြစ်သည်။ တစ်စုံတစ်ခုက်ိုအရေးတကြီးဖြစ်နေသော အသံဖြင့် မိုးထက်မြင့်၏အခန်းဝမှ အော်ခေါ်နေသည်။ မနက် ၁၀ နာရီသည် မိုးထက်မြင့်၏ အိပ်ရာထချိန်မဟုတ် ။ နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက်တွင်သာအိပ်ရာထတတ်သည်။ သို့သော်လည်း Nwe ၏အသံကြောင့် နိုးလာရသည်။
MHM: 'ဗျာ မမ'
Nwe: 'အောက်မှာ ဧည့်သည်ရောက်နေတယ် မောင်လေး'
MHM: 'ဘယ်သူလဲ မမ'
Nwe: 'ရှေ့နေကြီးဦးဝင်းမောင်လေ'
ရှေ့နေကြီးဦးဝင်းမောင်ဆိုတာ အဖေရှိစဉ်အခါတည်းက မိသားစုနှင့်ရင်းနှီးပြီး ကုမ္ပဏီရဲ့ဥပဒေရေးရာများကို စီမံဆောင်ရွက်ပေးနေသော ရှေ့နေဖြစ်သည်။ အိမ်သို့တကူးတကလာရခြင်းမှာ ဧကန်မုချအရေးကြီးသောကိစ္စပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် မိုးထက်မြင့် အပျင်းကြီးမနေနိုင်တော့ပဲ ချက်ချင်းအိပ်ရာမှ ထရသည်။
MHM: 'ဟုတ်...လာပြီ မမ'
လှေကားထစ်တစ်ခုချင်းစီတိုင်း ရင်တုန်နေရသည်။ (သာမန်အရေးကြီးတာမှဟုတ်ရဲ့လား)ဟု သို့လော သို့လော အတွေးများဖြင့် ဆင်းလာပြီး ဧည့်ခန်းရှိဆိုဖာပေါ်တွင် တည်ငြိမ်အေးဆေးစွာထိုင်နေသော ဦးဝင်းမောင်အားတွေ့မှ သက်ပြင်းချရသည်။
MHM: (ဆိုးရွားတဲ့သိစ္စဆိုရင် အန်ကယ်ဒီလို အေးဆေးထိုင်နေမှာမဟုတ်ဘူး)
'အန်ကယ် ဘာကိစ္စလဲဗျ'
ဦးဝင်းမောင်: 'အေး...ဒီတစ်ခေါက်အန်ကယ်လာတာက မင်းအဖေရဲ့ သေတမ်းစာကိစ္စပဲကွဲ့'
MHM: 'ဗျာ...သေတမ်းစာ?'
ဦးဝင်းမောင်: 'အေးဟုတ်တယ်။ ထူးဆန်းတယ်ထင်ရတယ်၊ မင်းအဖေက သူသေမှာကြိုသိနေသလိုပဲ။ မသေခင် တစ်လလောက်အလိုမှာ သေတမ်းစာတစ်စောင်လာအပ်သွားတယ်ကွဲ့။ သေဆုံးကာနီးလူတွေက အဲ့လိုပဲနောက်ဆုံးလုပ်ရမယ့်အလုပ်တွေကို အဆုံးသတ်သွားတတ်တယ်ဆိုတာ အမှန်ပဲထင်တယ်'
MHM: (အဖေလည်းသ်ိနေတယ်ပေါ့ အဖေ့ရဲ့ချစ်လှစွာသော သူငယ်ချင်းက အဖေ့အပေါ်ဒီလိုကောက်ကျစ်တော့မယ်ဆိုတာကို)
'ဟုတ် ဘာအကြောင်းအရာများပါလို့လဲဗျ'
ဦးဝင်းမောင်: 'အမွေကိစ္စပါ...သူမရှိတဲ့နောက် သူ့အရိုက်အရာကို သူ့ရဲ့သားဖြစ်သူ မောင်မိုးထက်မြင့်ကဆက်ခံရမယ်ဆိုတာပါ'
MHM: 'ဪ...ဟုတ်ကဲ့'
(အင်း ဖေဖေကအမွေတွေလွှဲထားပါလား။ တကယ်ဆို ဒီအကြောင်းကိုသေတမ်းစာတောင်ရေးစရာမလိုပါဘူး။ ဖေဖေမရှိရင် ငါဆက်ခံရမှာက အမှန်တရားပဲလေ။)
ဦးဝင်းမောင်: 'ရှိသေးတယ်ကွဲ့ '
MHM: 'ဘာများလဲ အန်ကယ်'
ဦးဝင်းမောင်: 'စည်းကမ်းချက်လေးတစ်ခုတော့ရှိတယ် အဲ့စည်းကမ်းလိုက်နာမှ မင်းဆက်ခံလို့ရမှာကွဲ့'
MHM: 'ထင်တော့ထင်ပါတယ် အန်ကယ်ရယ် ဒီအတိုင်းလွယ်ကူနေရင် ကျွန်တော့်အဖေ ဘယ်ဟုတ်တော့မလဲ...ဆိုပါဦး အန်ကယ်ရဲ့ ဘာစည်းကမ်းချက်လဲဆိုတာ'
ဦးဝင်းမောင်: 'ဒါကတော့ မင်းလည်းသိမှာပါ မင်းအဖေမသေခင်က မင်းနဲ့လက်ဆက်ပေးဖို့စဉ်းစားထားတဲ့ ဦးမင်းလွင်သမီး ဝိုင်နဲ့ပက်သက်တဲ့ ကိစ္စပါ'
MHM: 'အဲ့မိန်းမနဲ့က ဘယ်လိုပက်သက်သွားတာလဲ? ဘာလဲ သူတို့အိမ်နဲ့မပက်သက်တော့ဖို့ပြောထားတာလား?'
ဦးဝင်းမောင်: 'နေဦး ၊ နေဦး မောင်မိုးထက်မြင့် အန်ကယ်ပြောတာ ဆုံးအောင်နားထောင်ဦး'
MHM: 'ဟုတ်ကဲ့...အန်ကယ်ပြောပါ'
ဦးဝင်းမောင်: 'အင်း...စကားအလှတွေဆင်မနေတော့ပါဘူး။ ငါကအရှိန်ယူရင် မင်းကဖြတ်ပြောဦးမယ်၊ ဒီလိုကွဲ့...မင်းနဲ့ဝိုင်နဲ့ကိုလက်ဆက်စေချင်တာပါ။ ဝိုင်နဲ့လက်ဆက်ပြီး တစ်နှစ်အကြာမှာ အမွေရဲ့ ၃၀% ကိုရမယ် ၊ နှစ်နှစ်ကြာရင် နောက်ထပ် ၃၀% ထပ်ရမယ် ၊ သုံးနှစ်ကြာရင်တော့ ၁၀၀% လုံးရမယ်'
MHM: 'အဖေကလည်းဗျာ ဘာလို့ ကျွန်တော့်ကိုအဲ့မိန်းမနဲ့ ဒီလောက်တောင် လက်ထပ်စေချင်နေလဲမသိပါဘူး။ ကျွန်တော် မလိုက်နာနိုင်ရင်ရော?'
ဦးဝင်းမောင်: 'အိမ်နဲ့ကားအပါအဝင် ကျန်တဲ့အမွေအားလုံးကို လှူဒါန်းမယ်တဲ့'
MHM: 'ဗျာ...မဟုတ်သေးပါဘူးဗျာ၊ အဓိပ္ပါယ်ရောရှိရဲ့လား? အဲ့မိန်းမကို ကျွန်တော်ချစ်မှမချစ်တာ၊ မုန်းတောင်မုန်းနေသေးတာ။ လက်ထပ်ဖို့ဆို အိပ်မက်ထဲတောင်ထည့်မမက်ဖူးဘူး'
ဦးဝင်းမောင်: 'လွယ်ပါတယ်ကွယ်...အခုကစပြီး အိပ်မက်ထဲထည့်မက်ကြည့်ပေါ့...ဟားဟား'
MHM: 'မဖြစ်နိုင်တာ အန်ကယ်ရယ် သူ့အကြောင်းကြားရုံနဲ့တင် အော်ဂလီဆန်လွန်းလို့'
ဦးဝင်းမောင်: 'မင်းဘာလို့ ဝိုင်ကိုဒီလောက်မုန်းရတာလဲ? ဝိုင်က အန်ကယ်သိသလောက်တော့ ဖြူစင်ပြီး စိတ်ထားလေးလည်းကောင်းရှာပါတယ်'
MHM: 'သူ့အဖေကြောင့် ကျွန်တော့်အဖေသေရတာလေ ၊ ကျွန်တော်သူ့ကို မမုန်းသင့်ဘူးလား အန်ကယ်ရယ်'
ဦးဝင်းမောင်: 'ဘယ်လို?'
MHM: 'ဟုတ်တယ် အန်ကယ် ၊ ကျွန်တော် ဓာတ်ဆီပုံးက လက်ဗွေရာကိုစစ်ပြီးပြီ၊ ဦးမင်းလွင်ရဲ့ လက်ဗွေရာပဲ'
ဦးဝင်းမောင်: 'သေရော သေချာရဲ့လားကွယ်? သေချာတယ်ထားဦးတော့ ဒီကိစ္စက ဝိုင်နဲ့မှမဆိုင်ပဲကွယ်။ သူ့ကို အပြစ်ပြောဖို့ မသင့်ပါဘူး'
MHM: 'ပြောရမယ် အန်ကယ်။ သူ့ရဲ့အကြီးမားဆုံးအပြစ်က သူကဦးမင်းလွင်ရဲ့သမီးဖြစ်နေတာပဲ၊ ကျွန်တော် သူ့ကိုမုန်းတယ်။ ဦးမင်းလွင်နဲ့ပက်သက်သမျှအကုန်မုန်းတယ်'
ဦးဝင်းမောင်: 'အခုကတော့ သွေးပူတုန်းဆိုတော့ အန်ကယ်ဘာပြောပြော မင်းနားဝင်မှာမဟုတ်ဘူး။ သွေးအေးသွားတဲ့အခါစဉ်းစားပေါ့။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ပါ။ အန်ကယ် သွားဦးမယ်'
MHM: 'ဟုတ်ကဲ့ အန်ကယ်'
ဦးဝင်းမောင် ပြန်သွားပြီး နာရီဝက်လောက်ကြာသည်အထိ မိုးထက်မြင့် ထိုင်ရာကမထပေ။ အသားများတဆက်ဆက်တုန်နေသလို မျက်ရည်များလည်းစီးကျနေသည်။ ဝိုင့်ကို မိုးထက်မြင့်မုန်းသည်။ ဝိုင့်အကြောင်း စဉ်းစားမိရုံနဲ့တင် မျက်ရည်ကျရလောက်တဲ့အထိဒေါသဖြစ်ရသည်။
MHM: (ငါဒီမိန်းမနဲ့ လွတ်ကင်းလို့မရဘူးပဲ...အဖေက ကျွန်တော့အတွက် ဒီလိုဇာတ်ညွှန်းမျိုးထားခဲ့တယ်ပေါ့ ။ ရတယ်လေ အဲ့ဒီဇာတ်ညွှန်းကို ကျွန်တော်ကိုယ်တိုင် ကစားပွဲဖြစ်အောင် ပြောင်းပြမယ်)
Zawgyi
ေဆာင္းညေနခင္းရဲ႕ ေလျပင္းမ်ား တိုက္ခတ္ေနသည္။ တိမ္စိုင္တိမ္ခဲမ်ားႏွင့္ ေကာင္းကင္ႀကီးသည္လည္း မဲေမွာင္လွ်က္ရွိသည္။
Wine: (အခ်ိန္အခါမဟုတ္ မိုး႐ြာေတာ့မွာပဲ။ အခ်ိန္ေတြကုန္တာလည္း ျမန္လိုက္တာ...။အေဖဆုံးတာလည္း တစ္လျပည့္ခဲ့ၿပီ။ အရာအားလုံးတည္ၿငိမ္သြားၿပီလို႔ထင္ေနၾကေပမယ့္လည္း ငါ့ဘဝရဲ႕အားကိုးရာေပ်ာက္ဆုံးသြားၿပီးတည္းက ငါၿပိဳက်လက္စေခ်ာက္ကမ္းပါးမွာ လမ္းေပ်ာက္ေနရသလို တည္ၿငိမ္တယ္လို႔ကိုမရွိပါဘူး။ ေဖေဖ! သမီးကိုမၾကည့္ေနပါနဲ႔လား...)
'🎶🎵...Ringtone'
Wine: 'ဟယ္လို...ေနမင္းေျပာ'
NM: 'ဝိုင္...နင္အဆင္ေျပရဲ႕လား?'
Wine: 'ေျပပါတယ္။ ငါေျပေအာင္ေနေနပါတယ္။ ငါအဆင္ေျပသြားမွာပါ'
Naymin: (ဝိုင့္အသံကအားေပ်ာ့လြန္းေနတယ္။ သူမမွာမိသားစုဆိုလို႔ အေဖတစ္ခုသမီးတစ္ခုကို။ အခုတစ္ေယာက္တည္းရွိတဲ့ မိသားစုဝင္ကိုဆုံးရႈံးလိုက္ရတာဆိုေတာ့ အဆင္ေျပေသးမွာမဟုတ္ေလာက္ေသးဘူး။ ဝိုင့္ဘဝရဲ႕ဒီလိုအခ်ိန္ေတြမွာ ငါ သူမအနားရွိေပးခ်င္လိုက္တာ။ ဒါေပမယ့္လည္း အေျခအေနကမေပးဘူး😪။)
NM: 'ဝိုင္ေရ ငါမနက္ျဖန္ US ကိုသြားရမယ္'
Wine: 'ဟင္?...ခ်က္ခ်င္းႀကီးပါလား? ဘာျဖစ္လို႔လဲ?'
NM: 'ေအးဟ...ဟိုမွာ ေဖေဖေနမေကာင္းဘူးဆိုလို႔ ငါေဖေဖ့အလုပ္ေတြ သြားဝိုင္းကူေပးရမယ္ဟ'
(ငါ့ကိုခဏပဲေစာင့္ပါ ဝိုင္ရယ္.... ငါအလုပ္ႀကိဳးစားၿပီး နင့္အေႂကြးေတြကိုေက်ေအာင္ ဆပ္ေပးခ်င္တယ္)
Wine: 'အင္း...ဂ႐ုစိုက္ေနာ္...ဦးေလးကိုလည္း ဂ႐ုစိုက္လိုက္ပါ...ငါေလဆိပ္ေတာ့လိုက္မပို႔ေတာ့ဘူးေနာ္'
NM: 'အင္းပါ...ရပါတယ္ ငါလည္း ႐ုတ္တရက္ႀကီးစီစဥ္လိုက္ရတာမို႔ပါ'
Wine: 'အင္း အင္း ဒါဆို ဒါပဲေလေနာ္ ျပန္လာမွေတြ႕ၾကတာေပါ့'
(ငါ့ ဘဝက ဒီတိမ္စိုင္ေတြလို ေမွာင္မိုက္ေနေတာ့မွာလား? ေဖေဖလည္းမရွိေတာ့သလို ေနမင္းလည္း မရွိေတာ့ အားကိုးရာမဲ့သလိုခံစားရတယ္။ ဒါေပမယ့္လည္း ငါအားတင္းထားရမယ္ ။ ေဖေဖ့အတြက္ပဲျဖစ္ျဖစ္ေပါ့။ )
ျပတင္းေပါက္ကိုမွီရင္း ေငးၾကည့္ေနမိေသာ ၿပိဳလုဆဲဆဲတိမ္တိုက္ေတြႏွင့္အတူ ဝိုင့္ရဲ႕ရင္ထဲက ေကာင္းကင္ႀကီးလည္းအတူတကြ မဲေမွာင္လွ်က္ရွိသည္။ သို႔ေသာ္လည္း အျပင္ပန္း၌ ဘာမွ်မျဖစ္သလိုေနရသည္။ မိမိၿပိဳလဲသည္ကိုျမင္လွ်င္ ေဒၚႀကီးတို႔ ေမာင္ထူးတို႔ ပို၍ခံစားရမည္ကိုေၾကာက္ရသည္။
တီ...တီ...📣🚗
ၿခံေစာင့္: 'မမေလးေရ မမေလး'
Wine: 'ေမာင္ထူးဘာျဖစ္တာလဲ'
ၿခံေစာင့္: 'ဟိုတစ္ေခါက္က ကားလာျပန္ၿပီ မမေလး။ ဟို...မိုးထက္ျမင့္ဆိုတဲ့တစ္ေယာက္ေလ'
Wine: (ဒီလူဘာလာလုပ္ျပန္ၿပီလဲမသိဘူး)
'ဝင္ခိုင္းလိုက္ပါ ၊ဘာလာလုပ္လဲသိရတာေပါ့'
ၿခံေစာင့္: 'ဟုတ္ကဲ့ မမေလး'
ေဖေဖ့နာေရးတြင္ ထိုလူလာေသာအခါက နာေရးကိစၥမ်ားႏွင့္ အလုပ္ရႈပ္ေန၍တစ္ေၾကာင္း ၊ ေဖေဖ့အတြက္ပူေဆြးေနရ၍တစ္ေၾကာင္း သတိမထားမိေပ။ အခုတစ္ေခါက္မွ ေသခ်ာၾကည့္မိသည္။ၿခံထဲကို ကားအနီေရာင္တစ္စီး ဝင္လာၿပီး ကားေပၚမွ အရပ္ ၆ ေပခန႔္ရွိေသာ လူငယ္တစ္ဦး ။ အသားျဖဴျဖဴ ၊ ဆံပင္ဂုတ္ေက်ာ္ေက်ာ္ေလာက္ ၊ ႏွာတံစင္းစင္းႏွင့္ ႏွစ္လိုဖြယ္႐ုပ္ရည္ရွိသည္။ ဝတ္ပုံစားပုံက စမတ္က်သည္။ ပုံစံၾကည့္႐ုံျဖင့္ ခ်မ္းသာႂကြယ္ဝမႈကိုပါျမင္ႏိုင္သည့္ အေနအထားရွိသည္။
Wine: (ဒီလူ ႐ုပ္ကေလးကေခ်ာရဲ႕သားနဲ႔ မ်က္ႏွာကေတာ့ ရွစ္ေခါက္ခ်ိဳးၿပီး ေခ်မိုးေနေရာပဲ ။ တစ္ေလာကလုံးေတာင္မဟုတ္ဘူး ၊ တစ္ကမာၻလုံးကို သူတစ္ေယာက္တည္းလုပ္ေကြၽးထားရသလိုလိုနဲ႔။ အေျပာအဆိုကလည္း မတတ္နဲ႔။ ႐ုပ္ေခ်ာလည္းအလကားပဲ )
MHM: 'ေဟ့...အမိ ဘာေတြေတြးေနတာလဲ?'
Wine: 'ဘာေတြးလို႔လဲ?...ဪ ဟို ၊ ဟိုေလ ရွင္ ဘာကိစၥနဲ႔ ဒီကိုလာတာျဖစ္မလဲလို႔၊ အဲ့ဒါေတြးေနတာ'
MHM: 'ဘာလာလုပ္တယ္လို႔မင္းထင္လဲ?'
Wine: 'ဘယ္သိမလဲ ရွင္ေျပာမွသိမွာေပါ့'
MHM: 'အေႂကြးလာေတာင္းတာေလ မသိခ်င္ေယာင္ေဆာင္ေနတာလား ? တကယ္ပဲမသိတာလား၊ ပုံစံကိုက အူေၾကာင္ၾကားနဲ႔'
Wine: 'ဘာရွင့္ ၊ ဘာအူေၾကာင္ၾကားလဲ သူမ်ားသားသမီးကို။ ၿပီးေတာ့ တစ္လပဲရွိေသးတယ္ ဘာအေႂကြးလဲ? ကြၽန္မမွာ မရွိေသးဘူး'
MHM: 'ငါ စိတ္ရွည္လြန္းလို႔ မင္းကို ဒီတစ္လ ေစာင့္ေနေပးတယ္လို႔မ်ားထင္ေနလား? မင္းအေဖနဲ႔ ငါ့အေဖရဲ႕ သူငယ္ခ်င္းျဖစ္ခဲ့ဖူးတယ္ဆိုတဲ့ လက္က်န္ သံေယာဇဥ္ေလးေၾကာင့္ ငါသည္းခံေပးေနတာ။ သိပ္ၿပီး ေစတနာရွိေနလို႔ လို႔ထင္မေနနဲ႔'
Wine: 'ဒီမွာ...ကြၽန္မကေရာ မေပးခ်င္ဘူးမ်ားထင္ေနလား? ျမန္ျမန္ေပးၿပီး ရွင့္လို လူ႔ဂြစာနဲ႔ မပက္သက္ရေလေအးေလပဲ...ေနာ္! သိပ္ၿပီးပက္သက္ခ်င္လြန္းလို႔ အခ်ိန္ဆြဲေနတယ္ထင္မေနနဲ႔ '
MHM: 'ဒါဆိုလည္း ရွင္းလိုက္ေတာ့ေလ ဒီစာရင္းကို...ဘာလို႔အခ်ိန္ဆြဲေနေသးလဲ?'
Wine: 'ရွိမွမရွိတာ။ သိန္းငါးေသာင္းဆိုတာ ရွင့္အတြက္ေတာ့ နည္းခ်င္နည္းလိမ့္မယ္ ကြၽန္မတို႔အတြက္ တစ္လတည္းနဲ႔ရွာလို႔ရတဲ့ ေငြအေမာင့္ မဟုတ္ဘူးရွင့္။ နည္းနည္းပါးပါးနားလည္မႈရွိဦးေပါ့'
MHM: 'နားလည္မေပးႏိုင္ဘူး။ မင္းတို႔မိသားစုကိုနားလည္ေပးဖို႔ေမြးဖြားလာတာမဟုတ္ဘူးကြ။ တစ္ပတ္ပဲအခ်ိန္ေပးမယ္ ေနာက္တစ္ပတ္အတြင္းမေပးႏိုင္လို႔ကေတာ့ ငါ့အဆိုးမဆိုနဲ႔'
Wine: 'ရွင္ ဒါသက္သက္လူလည္က်တာပဲ...တစ္ပတ္နဲ႔ သိန္းငါးေသာင္း ဘယ္လိုရွာရမွာလဲ'
MHM: 'ဒါငါ့ကိစၥမဟုတ္ဘူး ၊ မင္းဘာသာမင္းဘယ္လိုပဲရွာရွာ တစ္ပတ္ျပည့္လို႔ ငါ့ကိုအေႂကြးဆပ္ႏိုင္ရင္ ရၿပီ။ ထပ္မေျပာရေစနဲ႔ေနာ္။ ငါသြားၿပီ'
Wine: 'ရွင္ ေနဦးေလ။ ကြၽန္မေျပာလို႔မၿပီးေသးဘူးေလ။ ဘယ္ထြက္သြားတာလဲ ဟဲ့...ဟဲ့'
(ဒီလူ ဘာလဲဟာ...ေျပာခ်င္ရာေျပာၿပီးထြက္သြားတယ္ ၊ ယဥ္ေက်းမႈကိုမရွိဘူး ၊ ဒါနဲ႔ေနပါဦး ငါကတစ္ပတ္အတြင္း ဘယ္ကပိုက္ဆံသြားရွာရမွာလဲ ၊ အာ...ဒုကၡပါပဲ တစ္ပတ္ၾကာရင္ ဒီလူရမ္းကားနဲ႔ ငါထပ္ေတြ႕ရဦးမယ္ ၊ အာ...ေဖေဖရယ္ ဘာလို႔ ဒီမိသားစုနဲ႔မွပက္သက္ခဲ့ရတာလဲ.........)
--------------------------------------------
Nwe: 'ေမာင္ေလးေရ ေမာင္ေလး'
မိုးထက္ျမင့္၏အစ္မဝမ္းကြဲ Nwe ရဲ႕အသံျဖစ္သည္။ တစ္စုံတစ္ခုက္ိုအေရးတႀကီးျဖစ္ေနေသာ အသံျဖင့္ မိုးထက္ျမင့္၏အခန္းဝမွ ေအာ္ေခၚေနသည္။ မနက္ ၁၀ နာရီသည္ မိုးထက္ျမင့္၏ အိပ္ရာထခ်ိန္မဟုတ္ ။ ေန႔လည္ ၁၂ နာရီ ၊ ၁ နာရီေလာက္တြင္သာအိပ္ရာထတတ္သည္။ သို႔ေသာ္လည္း Nwe ၏အသံေၾကာင့္ ႏိုးလာရသည္။
MHM: 'ဗ်ာ မမ'
Nwe: 'ေအာက္မွာ ဧည့္သည္ေရာက္ေနတယ္ ေမာင္ေလး'
MHM: 'ဘယ္သူလဲ မမ'
Nwe: 'ေရွ႕ေနႀကီးဦးဝင္းေမာင္ေလ'
ေရွ႕ေနႀကီးဦးဝင္းေမာင္ဆိုတာ အေဖရွိစဥ္အခါတည္းက မိသားစုႏွင့္ရင္းႏွီးၿပီး ကုမၸဏီရဲ႕ဥပေဒေရးရာမ်ားကို စီမံေဆာင္႐ြက္ေပးေနေသာ ေရွ႕ေနျဖစ္သည္။ အိမ္သို႔တကူးတကလာရျခင္းမွာ ဧကန္မုခ်အေရးႀကီးေသာကိစၥပင္ျဖစ္လိမ့္မည္။ ထို႔ေၾကာင့္ မိုးထက္ျမင့္ အပ်င္းႀကီးမေနႏိုင္ေတာ့ပဲ ခ်က္ခ်င္းအိပ္ရာမွ ထရသည္။
MHM: 'ဟုတ္...လာၿပီ မမ'
ေလွကားထစ္တစ္ခုခ်င္းစီတိုင္း ရင္တုန္ေနရသည္။ (သာမန္အေရးႀကီးတာမွဟုတ္ရဲ႕လား)ဟု သို႔ေလာ သို႔ေလာ အေတြးမ်ားျဖင့္ ဆင္းလာၿပီး ဧည့္ခန္းရွိဆိုဖာေပၚတြင္ တည္ၿငိမ္ေအးေဆးစြာထိုင္ေနေသာ ဦးဝင္းေမာင္အားေတြ႕မွ သက္ျပင္းခ်ရသည္။
MHM: (ဆိုး႐ြားတဲ့သိစၥဆိုရင္ အန္ကယ္ဒီလို ေအးေဆးထိုင္ေနမွာမဟုတ္ဘူး)
'အန္ကယ္ ဘာကိစၥလဲဗ်'
ဦးဝင္းေမာင္: 'ေအး...ဒီတစ္ေခါက္အန္ကယ္လာတာက မင္းအေဖရဲ႕ ေသတမ္းစာကိစၥပဲကြဲ႕'
MHM: 'ဗ်ာ...ေသတမ္းစာ?'
ဦးဝင္းေမာင္: 'ေအးဟုတ္တယ္။ ထူးဆန္းတယ္ထင္ရတယ္၊ မင္းအေဖက သူေသမွာႀကိဳသိေနသလိုပဲ။ မေသခင္ တစ္လေလာက္အလိုမွာ ေသတမ္းစာတစ္ေစာင္လာအပ္သြားတယ္ကြဲ႕။ ေသဆုံးကာနီးလူေတြက အဲ့လိုပဲေနာက္ဆုံးလုပ္ရမယ့္အလုပ္ေတြကို အဆုံးသတ္သြားတတ္တယ္ဆိုတာ အမွန္ပဲထင္တယ္'
MHM: (အေဖလည္းသ္ိေနတယ္ေပါ့ အေဖ့ရဲ႕ခ်စ္လွစြာေသာ သူငယ္ခ်င္းက အေဖ့အေပၚဒီလိုေကာက္က်စ္ေတာ့မယ္ဆိုတာကို)
'ဟုတ္ ဘာအေၾကာင္းအရာမ်ားပါလို႔လဲဗ်'
ဦးဝင္းေမာင္: 'အေမြကိစၥပါ...သူမရွိတဲ့ေနာက္ သူ႔အ႐ိုက္အရာကို သူ႔ရဲ႕သားျဖစ္သူ ေမာင္မိုးထက္ျမင့္ကဆက္ခံရမယ္ဆိုတာပါ'
MHM: 'ဪ...ဟုတ္ကဲ့'
(အင္း ေဖေဖကအေမြေတြလႊဲထားပါလား။ တကယ္ဆို ဒီအေၾကာင္းကိုေသတမ္းစာေတာင္ေရးစရာမလိုပါဘူး။ ေဖေဖမရွိရင္ ငါဆက္ခံရမွာက အမွန္တရားပဲေလ။)
ဦးဝင္းေမာင္: 'ရွိေသးတယ္ကြဲ႕ '
MHM: 'ဘာမ်ားလဲ အန္ကယ္'
ဦးဝင္းေမာင္: 'စည္းကမ္းခ်က္ေလးတစ္ခုေတာ့ရွိတယ္ အဲ့စည္းကမ္းလိုက္နာမွ မင္းဆက္ခံလို႔ရမွာကြဲ႕'
MHM: 'ထင္ေတာ့ထင္ပါတယ္ အန္ကယ္ရယ္ ဒီအတိုင္းလြယ္ကူေနရင္ ကြၽန္ေတာ့္အေဖ ဘယ္ဟုတ္ေတာ့မလဲ...ဆိုပါဦး အန္ကယ္ရဲ႕ ဘာစည္းကမ္းခ်က္လဲဆိုတာ'
ဦးဝင္းေမာင္: 'ဒါကေတာ့ မင္းလည္းသိမွာပါ မင္းအေဖမေသခင္က မင္းနဲ႔လက္ဆက္ေပးဖို႔စဥ္းစားထားတဲ့ ဦးမင္းလြင္သမီး ဝိုင္နဲ႔ပက္သက္တဲ့ ကိစၥပါ'
MHM: 'အဲ့မိန္းမနဲ႔က ဘယ္လိုပက္သက္သြားတာလဲ? ဘာလဲ သူတို႔အိမ္နဲ႔မပက္သက္ေတာ့ဖို႔ေျပာထားတာလား?'
ဦးဝင္းေမာင္: 'ေနဦး ၊ ေနဦး ေမာင္မိုးထက္ျမင့္ အန္ကယ္ေျပာတာ ဆုံးေအာင္နားေထာင္ဦး'
MHM: 'ဟုတ္ကဲ့...အန္ကယ္ေျပာပါ'
ဦးဝင္းေမာင္: 'အင္း...စကားအလွေတြဆင္မေနေတာ့ပါဘူး။ ငါကအရွိန္ယူရင္ မင္းကျဖတ္ေျပာဦးမယ္၊ ဒီလိုကြဲ႕...မင္းနဲ႔ဝိုင္နဲ႔ကိုလက္ဆက္ေစခ်င္တာပါ။ ဝိုင္နဲ႔လက္ဆက္ၿပီး တစ္ႏွစ္အၾကာမွာ အေမြရဲ႕ ၃၀% ကိုရမယ္ ၊ ႏွစ္ႏွစ္ၾကာရင္ ေနာက္ထပ္ ၃၀% ထပ္ရမယ္ ၊ သုံးႏွစ္ၾကာရင္ေတာ့ ၁၀၀% လုံးရမယ္'
MHM: 'အေဖကလည္းဗ်ာ ဘာလို႔ ကြၽန္ေတာ့္ကိုအဲ့မိန္းမနဲ႔ ဒီေလာက္ေတာင္ လက္ထပ္ေစခ်င္ေနလဲမသိပါဘူး။ ကြၽန္ေတာ္ မလိုက္နာႏိုင္ရင္ေရာ?'
ဦးဝင္းေမာင္: 'အိမ္နဲ႔ကားအပါအဝင္ က်န္တဲ့အေမြအားလုံးကို လႉဒါန္းမယ္တဲ့'
MHM: 'ဗ်ာ...မဟုတ္ေသးပါဘူးဗ်ာ၊ အဓိပၸါယ္ေရာရွိရဲ႕လား? အဲ့မိန္းမကို ကြၽန္ေတာ္ခ်စ္မွမခ်စ္တာ၊ မုန္းေတာင္မုန္းေနေသးတာ။ လက္ထပ္ဖို႔ဆို အိပ္မက္ထဲေတာင္ထည့္မမက္ဖူးဘူး'
ဦးဝင္းေမာင္: 'လြယ္ပါတယ္ကြယ္...အခုကစၿပီး အိပ္မက္ထဲထည့္မက္ၾကည့္ေပါ့...ဟားဟား'
MHM: 'မျဖစ္ႏိုင္တာ အန္ကယ္ရယ္ သူ႔အေၾကာင္းၾကား႐ုံနဲ႔တင္ ေအာ္ဂလီဆန္လြန္းလို႔'
ဦးဝင္းေမာင္: 'မင္းဘာလို႔ ဝိုင္ကိုဒီေလာက္မုန္းရတာလဲ? ဝိုင္က အန္ကယ္သိသေလာက္ေတာ့ ျဖဴစင္ၿပီး စိတ္ထားေလးလည္းေကာင္းရွာပါတယ္'
MHM: 'သူ႔အေဖေၾကာင့္ ကြၽန္ေတာ့္အေဖေသရတာေလ ၊ ကြၽန္ေတာ္သူ႔ကို မမုန္းသင့္ဘူးလား အန္ကယ္ရယ္'
ဦးဝင္းေမာင္: 'ဘယ္လို?'
MHM: 'ဟုတ္တယ္ အန္ကယ္ ၊ ကြၽန္ေတာ္ ဓာတ္ဆီပုံးက လက္ေဗြရာကိုစစ္ၿပီးၿပီ၊ ဦးမင္းလြင္ရဲ႕ လက္ေဗြရာပဲ'
ဦးဝင္းေမာင္: 'ေသေရာ ေသခ်ာရဲ႕လားကြယ္? ေသခ်ာတယ္ထားဦးေတာ့ ဒီကိစၥက ဝိုင္နဲ႔မွမဆိုင္ပဲကြယ္။ သူ႔ကို အျပစ္ေျပာဖို႔ မသင့္ပါဘူး'
MHM: 'ေျပာရမယ္ အန္ကယ္။ သူ႔ရဲ႕အႀကီးမားဆုံးအျပစ္က သူကဦးမင္းလြင္ရဲ႕သမီးျဖစ္ေနတာပဲ၊ ကြၽန္ေတာ္ သူ႔ကိုမုန္းတယ္။ ဦးမင္းလြင္နဲ႔ပက္သက္သမွ်အကုန္မုန္းတယ္'
ဦးဝင္းေမာင္: 'အခုကေတာ့ ေသြးပူတုန္းဆိုေတာ့ အန္ကယ္ဘာေျပာေျပာ မင္းနားဝင္မွာမဟုတ္ဘူး။ ေသြးေအးသြားတဲ့အခါစဥ္းစားေပါ့။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးလိုက္ပါ။ အန္ကယ္ သြားဦးမယ္'
MHM: 'ဟုတ္ကဲ့ အန္ကယ္'
ဦးဝင္းေမာင္ ျပန္သြားၿပီး နာရီဝက္ေလာက္ၾကာသည္အထိ မိုးထက္ျမင့္ ထိုင္ရာကမထေပ။ အသားမ်ားတဆက္ဆက္တုန္ေနသလို မ်က္ရည္မ်ားလည္းစီးက်ေနသည္။ ဝိုင့္ကို မိုးထက္ျမင့္မုန္းသည္။ ဝိုင့္အေၾကာင္း စဥ္းစားမိ႐ုံနဲ႔တင္ မ်က္ရည္က်ရေလာက္တဲ့အထိေဒါသျဖစ္ရသည္။
MHM: (ငါဒီမိန္းမနဲ႔ လြတ္ကင္းလို႔မရဘူးပဲ...အေဖက ကြၽန္ေတာ့အတြက္ ဒီလိုဇာတ္ၫႊန္းမ်ိဳးထားခဲ့တယ္ေပါ့ ။ ရတယ္ေလ အဲ့ဒီဇာတ္ၫႊန္းကို ကြၽန္ေတာ္ကိုယ္တိုင္ ကစားပြဲျဖစ္ေအာင္ ေျပာင္းျပမယ္)
***Download NovelToon to enjoy a better reading experience!***
Comments
Lou
Very interesting! Do you happen to have any social media or fan page i can follow? I want to support you :D
2022-07-01
0