chapter 4 သဝန်တိုမှုနှင့် ကွဲအက်ခြင်း

​ကျောင်းရဲ့ အောက်ခြေအလွှာမှာ အမြဲတမ်း ပုန်းကွယ်နေရတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ သူမ နာမည်က 'ဟန်ဆိုဟီး'။ ခပ်ပိန်ပိန် ကိုယ်လုံးလေးနဲ့ မျက်မှန်အထူကြီးတပ်ထားပြီး ဘယ်သူနဲ့မှ စကားမပြောဘဲ အေးအေးဆေးဆေး နေတတ်တဲ့သူပေါ့။ အမေရင်းမရှိတော့တဲ့အပြင် အိမ်မှာလည်း အဖျက်သမား ပထွေးဖြစ်သူက ဂရုမစိုက်တာကြောင့်... သူမဟာ မင်ဆူးတို့အဖွဲ့ရဲ့ ပစ်မှတ်ထား နှိပ်စက်ခြင်းကို ဘယ်သူ့ကိုမှ မတိုင်ရဲဘဲ အလူးအလဲ ခံနေရရှာတယ်။

​ဒါကို အမြင်မတော်တာက... ဖြူစင်လွန်းတဲ့ မင်းဂျယ်ပဲ ဖြစ်ပါတယ်။

​မင်းဂျယ်က ဆိုဟီး အနိုင်ကျင့်ခံရတိုင်း အမြဲတမ်း ဝင်ဝင်ကူညီပေးတတ်တယ်။ ဒါပေမဲ့... အဲဒီလို မင်းဂျယ်က ဆိုဟီးအပေါ် ကြင်နာပြတာကို ကျွန်တော် သေလုမတတ် မုန်းတယ်။ ကျွန်တော့်ရဲ့ စိတ်အာရုံထဲမှာ မင်းဂျယ်ဟာ ကျွန်တော်တစ်ယောက်တည်းကိုပဲ အလေးအနက်ထားပြီး Attention ပေးတာကိုပဲ လိုချင်တာ။ ဆိုဟီးကတော့ မင်းဂျယ်ရဲ့ ကာကွယ်ပေးမှုတွေကြောင့် မင်းဂျယ်ကို တဖြည်းဖြည်း သဘောကျလာပြီး မုန့်လေးတွေ ခိုးခိုးပေးတတ်လာတယ်။ မင်းဂျယ်က သူမကို ချစ်လို့မဟုတ်ပေမဲ့... လူရှေ့မှာ ငြင်းပယ်လိုက်ရင် မင်ဆူးတို့က ပိုပြီး အနိုင်ကျင့်ကြမှာစိုးလို့ မုန့်လေးတွေကို နူးညံ့စွာပဲ လက်ခံပေးရှာတယ်။

​တစ်နေ့တော့... မင်ဆူးတို့အဖွဲ့က နာရီဆိုတဲ့ မိန်းကလေးက ဆိုဟီးကို မိန်းကလေးအိမ်သာထဲမှာ ရေတွေနဲ့ ပက်လောင်းချပစ်ခဲ့တယ်။ အဝတ်အစားတွေ ရွှဲနစ်ပြီး ငိုနေတဲ့ ဆိုဟီးကို မြင်တော့ မင်းဂျယ်က အမြင်မတော်ဘဲ သူ့ရဲ့ အားကစားဝတ်စုံ အင်္ကျီအပိုလေးကို ပေးဝတ်ခဲ့တယ်။

​အဲဒီကိစ္စက ကျွန်တော့်ရဲ့ မနာလိုစိတ်ကို မီးဟုန်းဟုန်းတောက်သွားစေခဲ့တယ်။ ကျောင်းထဲမှာ မင်းဂျယ်နဲ့ ဆိုဟီးတို့ ကောလဟလတွေ ထွက်လာတဲ့အခါ... ကျွန်တော် ဆိုဟီးကို မသိမသာနဲ့ စတင်အနိုင်ကျင့်ပြီး မင်ဆူးတို့အဖွဲ့ကို သူမကို ပိုပြီး နှိပ်စက်ဖို့ လမ်းဖွင့်ပေးလိုက်တော့တယ်။

​ကျောင်းမှာ မင်ဆူးရဲ့အဖေက ကျွန်တော့်အဖေရဲ့ လက်အောက်က အလုပ်သမားဖြစ်ပြီး၊ သူ့အဖေ ရှယ်ယာရဖို့အတွက် မင်ဆူးက ကျွန်တော့်ကို အမြဲမျက်နှာလုပ် အလျှော့ပေးရတာ။ ကျွန်တော်က မနာလိုစိတ်နဲ့ "အဲဒီမျက်မှန်မလေးက သိပ်မျက်စိစပါးမွှေးစူးတာပဲ" လို့ မင်ဆူးရှေ့မှာ လေယူလေသိမ်း လုပ်လိုက်တာနဲ့တင်... မင်ဆူးတို့အဖွဲ့က ဟာဂျွန်းရဲ့ အလိုကျ ဆိုပြီး ဆိုဟီးကို အဆိုးရွားဆုံး နှိပ်စက်ဖို့ ပြင်ကြတော့တာပဲ။

​တကယ်တော့... ကျောင်းကို စပြောင်းလာကတည်းက ဘာအာဏာမှမရှိတဲ့ မင်းဂျယ်တစ်ယောက် ဘာလို့ အနိုင်ကျင့်မခံရတာလဲဆိုတာ... ကျွန်တော်က နောက်ကနေ အကာအကွယ်ပေးထားလို့ ဆိုတာကို မင်းဂျယ်တစ်ယောက် အစက မရိပ်မိပေမဲ့ အခုတော့ ဆိုဟီးကိစ္စကြောင့် သိသွားခဲ့ရပြီ။ မင်းဂျယ်က ကျွန်တော့်ကို တကယ်ပဲ စိတ်တိုသွားပြီး... ဆိုဟီးကို ပိုလို့တောင် ကာကွယ်ပေးလာတယ်။ မဟုတ်ရင် မင်ဆူးတို့က ဆိုဟီးရဲ့ နေ့လယ်စာဗန်းကို မတော်တဆလိုလိုနဲ့ ဝင်တိုက်ပြီး မှောက်ချပစ်တတ်လို့... မင်းဂျယ်က ဆိုဟီးနဲ့အတူတူ ထိုင်ပြီး နေ့လယ်စာ စားပေးတဲ့အထိ ကျွန်တော့်ကို တော်လှန်လာခဲ့တယ်။

​သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတဲ့ တစ်နေ့မှာတော့... အားကစားခန်းမထဲက နားနေခန်းထဲမှာ မင်ဆူးတို့အဖွဲ့က ဆိုဟီးကို ချုပ်ထားပြီး လက်ကို မီးခြစ်နဲ့ အပူပေးပြီး နှိပ်စက်နေကြတယ်။ ထူးဆန်းတာက... အဲဒီဘေးမှာ ကျွန်တော် ကိုယ်တိုင်လည်း ရပ်ကြည့်နေပြီး ဘာမှ ဝင်မတားမြစ်ခဲ့ဘူး။ အခန်းထဲမှာ မင်ဆူးတို့အုပ်စု၊ ဆိုဟီးနဲ့ ကျွန်တော်ပဲ ရှိနေတဲ့အချိန်... မင်းဂျယ်က မတော်တဆ ဝင်လာရင်း အဲဒီမြင်ကွင်းကို မြင်သွားခဲ့ရတယ်။

​မင်းဂျယ်ရဲ့ မျက်ဝန်းတွေထဲမှာ... ကျွန်တော့်အပေါ် ရွံရှာစိတ်ပျက်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတာကို မြင်လိုက်ရတယ်။

​အဲဒီနေ့ ကျောင်းအပြန်လမ်းမှာ... ကျွန်တော်နဲ့ မင်းဂျယ် နှစ်ယောက်တည်း အကြီးအကျယ် ရန်ဖြစ်ကြတော့တာပဲ။

​"မင်း ဘာလို့ အဲဒီလောက်ထိ ယုတ်မာရတာလဲ ဟာဂျွန်း!!!" မင်းဂျယ်က ဒေါသတကြီး အော်တယ်။

​"အေး... ငါ အဲဒီမိန်းကလေးကို ကြည့်မရဘူး! မျက်စိဆံပင်မွှေးစူးတယ်! မင်း သူမကို ဆက်ပြီးမကာကွယ်နဲ့ မင်းဂျယ်!!!" ကျွန်တော်လည်း မနာလိုစိတ်ကြောင့် အော်ဟစ်မိတယ်။ မင်းဂျယ်က ကျွန်တော်ဟာ ဒီလောက်အထိ ရက်စက်တတ်တဲ့လူ ဖြစ်နေတာကို အံ့သြတုန်လှုပ်လို့ သွားခဲ့ရတယ်။

​ဒါပေမဲ့... ရန်ဖြစ်ပြီး (၂) ရက် (၃) ရက်လောက် နေတော့ မင်းဂျယ်နဲ့ ကျွန်တော် နည်းနည်းပြန်တည့်သွားပြီး ပိတ်ရက်မှာ မင်းဂျယ်က ကျွန်တော့်အိမ်ကို လိုက်လာခဲ့တယ်။ စာတူတူလုပ်နေကြရင်း... ရင်ထဲက သဝန်တိုစိတ်နဲ့ ပိုင်ဆိုင်လိုစိတ်တွေက ကျွန်တော့်ကို ရူးသွပ်မတတ် ဖြစ်လာစေတယ်။ နှစ်ယောက်တည်း ရှိနေတဲ့အချိန်တွေမှာ ကျွန်တော်တို့ အနမ်းတွေ ခဏခဏ ပေးဖူးကြပေမဲ့... ဒီနေ့တော့ ကျွန်တော့်ရဲ့ အပြုအမူတွေက သားရဲတစ်ကောင်လို ကြမ်းတမ်းနေခဲ့တယ်။

​ကျွန်တော် မင်းဂျယ်ကို အတင်းဆွဲဖက်ပြီး စတင်နမ်းရှိုက်လိုက်တယ်။ မင်းဂျယ်က အနမ်းကို လက်ခံပြီး ပြန်နမ်းရှာပေမဲ့... ကျွန်တော့်ရဲ့ အနမ်းတွေက ပိုပြီး ပြင်းထန်လာပြီး လျှာကို သုံးလာတဲ့အပြင်၊ လက်တွေက မင်းဂျယ်ရဲ့ အင်္ကျီအောက်ဘက်ကို လျှိုထည့်ပြီး အတင်းအကျပ် အဝတ်အစားတွေကို ချွတ်ဖို့ ကြိုးစားမိတော့တယ်။

​"အင့်... ဟာဂျွန်း... တော်တော့! ငါ... ငါကြောက်တယ်! အဆင်သင့်မဖြစ်သေးဘူး!"

​မင်းဂျယ်က ကြောက်လန့်တကြားနဲ့ ရုန်းကန်ပေမဲ့... ကျွန်တော်က စိတ်ရူးပေါက်နေသလို မင်းဂျယ်ရဲ့ လည်တိုင်တွေကို အဆက်မပြတ် ဖိနမ်းရင်း၊ ရင်ဘတ်ကနေ ဗိုက်အထိ အတင်းချုပ်ထားမိတယ်။ အတင်းအကျပ် မုဒိန်းကျင့်သလို ဖြစ်တော့မယ့် အခြေအနေမှာ... မင်းဂျယ်က စိတ်တိုဒေါသထွက်သွားပြီး ဘေးနားက ပစ္စည်းတစ်ခုကို လှမ်းကောက်ကာ ကျွန်တော့်ခေါင်းကို ရိုက်ချပစ်လိုက်တော့တယ်။

​ခွပ်...!!

​"မင်း... မင်း တကယ့် လူယုတ်မာပဲ ဟာဂျွန်း!!!" မင်းဂျယ်က ငိုသံပါကြီးနဲ့ အော်တယ်။ "တစ်ခါတလေ မင်းရဲ့ အခန်း၊ ငါ့ရဲ့ အခန်းထဲမှာ တို့တွေ နမ်းခဲ့ကြတာထက်... မင်းက ဘာလို့ ဒီလောက်အထိ အတင်းအကျပ် လုပ်ရတာလဲ! ပိုဆိုးတာက... မင်းခုရက်ပိုင်း လုပ်နေတဲ့ ကိစ္စတွေကို ငါတကယ် နားမလည်နိုင်ဘူး... ဘာလို့ သူများကို အနိုင်ကျင့်ဖို့ လမ်းဖွင့်ပေးရတာလဲ!"

​ကျွန်တော် ခေါင်းကို ကိုင်ရင်း ဒေါသတကြီး ပြန်အော်မိတယ်။

"မင်းကကျတော့... ငါ့ကို ပစ်ပယ်ပြီး အဲဒီမိန်းကလေးကိုကျ မင်းရဲ့ အဝတ်အစားတွေ ပေးဝတ်ရဲတယ်လေ!!! မင်းက ဘာလို့ အဲဒီလို ဖြစ်နေရတာလဲ မင်းဂျယ်!!!"

​"ငါသိခဲ့တဲ့ ဟာဂျွန်းက အခုလို လူစားမျိုး မဟုတ်ဘူး..." မင်းဂျယ်က စိတ်ပျက်လက်ပျက် ဆိုတယ်။

​"ငါက အစကတည်းက ဒီလိုကောင်ပဲ!!!" ကျွန်တော် ရူးမတတ် အော်ဟစ်လိုက်တယ်။ "မင်း ကျောင်းကို စရောက်တုန်းက ကျောင်းပြောင်းလာတဲ့ မင်းကို သူတို့ ဘာလို့ အနိုင်မကျင့်ရဲလဲ သိလား...။ ငါက မင်းကို အရေးပေးထားလို့ကွ! ငါသာ မင်းကို အကာအကွယ် မပေးထားရင်... အခု အဲဒီ ဟန်ဆိုဟီး နေရာမှာ ရှိနေမှာက... မင်းဖြစ်နေပြီ!!!"

​ထိုစကားက မင်းဂျယ်ရဲ့ စိတ်ကို လုံးဝ ကျိုးပျက်သွားစေခဲ့တယ်။ မင်းဂျယ်က ဒေါသတကြီးနဲ့ ကျွန်တော့်ကို စိုက်ကြည့်ရင်း...

​"မင်းမရှိရင်... ငါက ကျောင်းကောင်းကောင်း တက်လို့မရဘူးလို့ ထင်နေတာလား...။ မင်း... ငါ့နားကနေ ဝေးဝေးနေတော့... ခွေးကောင်!!!"

​မင်းဂျယ်က ရင်နင့်စရာ စကားလုံးတွေကို ချန်ထားခဲ့ပြီး ကျွန်တော့်အိမ်ကနေ လှည့်ထွက်သွားခဲ့တယ်။

​အဲဒီနေ့ကစပြီး... ကျောင်းမှာ ကျွန်တော်နဲ့ မင်းဂျယ် တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေပြီး စကားမပြောကြတော့တာကို လူတိုင်း သတိထားမိလာကြတယ်။ ကျွန်တော်က စိတ်ဆိုးမာန်ဆိုးနဲ့ မင်ဆူးတို့အဖွဲ့နဲ့ ပိုပေါင်းပြပြီး၊ မင်းဂျယ်ကတော့ ဆိုဟီးနဲ့ ပိုပြီး နီးကပ်သွားခဲ့တယ်။ ကျွန်တော် ကျောင်းမှာ မင်းဂျယ်ကို မြင်ရင် မသိမသာနဲ့ ခနဲ့တဲ့တဲ့ စကားတွေ ပြောပြီး ပုန်ကန်ပြတဲ့အတွက်... မင်ဆူးတို့အဖွဲ့က မင်းဂျယ်ကို ပစ်မှတ်အသစ်အဖြစ် စတင် သတ်မှတ်လာကြပါတော့တယ်။

​အမှန်တော့... ကျွန်တော် မင်းဂျယ်ကို မုန်းလို့ မဟုတ်ပါဘူး။ သဝန်တိုစိတ်နဲ့ ဒေါသတွေကြောင့်... "ငါသာ မကာကွယ်ပေးရင် မင်း ဒီကျောင်းမှာ ရှင်သန်လို့မရဘူး" ဆိုတာကို မင်းဂျယ်ကို သက်သေပြချင်လို့၊ သူ ကိုယ့်ဆီ ဒူးထောက်တောင်းပန်ပြီး ပြန်လာအောင်၊ အဲဒီမိန်းကလေးနဲ့ မပေါင်းတော့အောင်... စိတ်ဆိုးမာန်ဆိုးနဲ့ လုပ်မိလိုက်တာတွေပဲ ဖြစ်ပါတယ်။

​ဒါပေမဲ့... ကျွန်တော် ထင်သလို ဖြစ်မလာခဲ့ဘူး။ ခက်တာက... မင်းဂျယ်က ကျွန်တော့်ဆီ ပြန်လာပြီး မတောင်းပန်ခဲ့တဲ့အပြင်၊ ကျွန်တော့်ဘဝထဲကနေ... ပိုပြီးတော့တောင် ဝေးကွာလို့ သွားခဲ့ပါတော့တယ်။

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play