"တော်စမ်း...!!! နင်တို့တွေ အလုပ်မလုပ်ဘဲ အရေးမပါတဲ့ အတင်းစကားတွေ ပြောဖို့ ဒီကို လာကြတာလား!"
ချယ်ရီပင်အကွယ်မှ ဝုန်းခနဲ ထွက်ပေါ်လာသော ကျောက်စိမ်းကဲ့သို့ အေးစက်စူးရှလှသည့် ကြိမ်းမောင်းသံကြောင့် အစေခံမလေးများ၏ စကားသံများ ရုတ်ချည်း ရပ်တန့်သွားရသည်။ မိဘုရားခေါင်ကြီး၏ အနီးကပ်အစေခံမလေး ‘ချွေ့အာ’ ဖြစ်၏။ သူမ၏ နောက်ကွယ်တွင်မူ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူဖျော့ကာ ဒေါသအဟုန်ကြောင့် တစ်ကိုယ်လုံး တုန်ရင်နေသော မိဘုရားခေါင် ‘လင်ရှု’ က ရပ်ကြည့်နေချေပြီ။
"မိ... မိဘုရားခေါင်ကြီး...!"
အစေခံမလေးများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ကြမ်းပြင်ထက်သို့ ဒူးထောက်ဝပ်စင်းကာ ခေါင်းကို မြေပြင်နှင့် အကြိမ်ကြိမ် ဆောင့်၍ ငိုယိုတောင်းပန်ကြတော့သည်။
"ကျမတို့ သေရမယ့်အပြစ်ကို ကျူးလွန်မိပါတယ် ဘုရား...။ ကျမတို့ နှုတ်မစောင့်စည်းမိလို့ ခွင့်လွှတ်ပေးပါ မိဘုရားကြီး...!"
လင်ရှုသည် ဒူးထောက်နေသော အစေခံများကို စိုက်ကြည့်ရင်း ရင်ထဲတွင် မီးဟုန်းဟုန်းတောက်မတတ် ခံစားနေရသည်။ မျက်နှာက ဒေါသစိတ်ကြောင့် မျက်ခုံးများ ပင့်တက်သွားကာ... နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားမိ၏။ စိတ်ထဲတွင်မူ ‘ရှောင်းမင်ယွီ’ ဟူသော နာမည်ကို အထပ်ထပ်အခါခါ နာကျည်းစွာ ကျိန်ဆဲနေမိသည်။
‘ရှောင်းမင်ယွီ... မင်းက ငယ်ငယ်ကတည်းကနေ အခုထိ ယဲ့ဟန်ရဲ့ နှလုံးသားထဲမှာ နေရာယူထားတုန်းပဲလား။ ငါက ယဲ့ဟန်ကို ရူးရူးမူးမူး ချစ်ခဲ့ပြီး... ယဲ့ဟန် မင်းကို မုန်းတီးသွားအောင် နှစ်တွေအကြာကြီး ဘေးကနေ သွေးထိုးပေးခဲ့တာတောင်... မင်းက ငါ့အတွက် အမြဲတမ်း အနှောင့်အယှက် ဖြစ်နေတုန်းပဲလား...!’
ရင်ထဲက ဒေါသကို မအောင့်နိုင်တော့ဘဲ လင်ရှုသည် ဘေးရှိ ကျောက်စားပွဲပေါ်က ရေနွေးကရားအိုးကို လက်ဖြင့် ဝုန်းခနဲ လွှင့်ပစ်လိုက်တော့သည်။
‘ခွမ်း...!!!’
ပူနွေးသော ရေနွေးများနှင့် ကြွေကရားအိုးသည် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသော်လည်း၊ လင်ရှုသည် စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ မျက်ရည်ဝဲလျက် သက်ပြင်းအရှည်ကြီးကို ချလိုက်၏။ ပြီးနောက် ဒူးထောက်နေသော အစေခံများကို ကြည့်ကာ ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ စိတ်ထဲက မကျေနပ်သော်လည်း မိဘုရားခေါင်တစ်ပါး၏ ကရုဏာရှင်ပုံရိပ်ကို ထိန်းသိမ်းလို၍ ခွင့်လွှတ်ပေးလိုက်ခြင်း ဖြစ်၏။
အစေခံများ အလန့်တကြား ထွက်ပြေးသွားကြချိန်တွင် ချွေ့အာက လင်ရှု၏ အနားသို့ တိုးကပ်ကာ စိုးရိမ်တကြီး စိတ်လျှော့ဖို့ ပြောရှာသည်။
"မိဘုရားကြီး... စိတ်လျှော့ပါ ဘုရား။ ဒါတွေက အခြေအမြစ်မရှိတဲ့ နန်းတွင်းက ကောလဟာလ အတင်းစကား သက်သက်တွေမလို့ မယုံကြည်သင့်ပါဘူး ဘုရား...။ နန်းတွင်းသူတွေဆိုတာ မဟုတ်မမှန်တာတွေကို အမြဲ ဇာတ်လမ်းဆင် လျောက်ပြောတတ်ကြတာ သဘာဝပဲဥစ္စာ..."
သို့သော်... နောက်ထပ် ရက်အနည်းငယ် ကြာလာသည့်တိုင်အောင် လင်ရှု ကြားရသည့် သတင်းစကားများက ပို၍ ဆိုးရွားလာခဲ့သည်။
ယဲ့ဟန်သည် မင်ယွီ့ကို အကျဉ်းခန်းထဲမှ ထုတ်ပြီး သီးသန့်ဆောင်တစ်ခုတွင် အစေခံအစောင့်အရှောက် အပြည့်ဖြင့် ထားရုံတင်မက... တစ်ရက်တည်းမှာတင် အချိန်ပေါင်းများစွာ မင်ယွီ့ထံသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုနေခဲ့သည်ဟူသော သတင်းပင်။ မင်ယွီ အစားအသောက်ကိုသေချာစားလား၊ လိုအပ်တဲ့ဆေးသောက်လား၊ အဝတ်အစားကော နွေးထွေးလားဆိုတာကို ယဲ့ဟန်က အစိုးရိမ်ကြီး စိုးရိမ်နေခဲ့သည်။
အမှန်ဆိုလျှင် ယခုရက်ပိုင်းများသည် ယဲ့ဟန်အတွက် တိုင်းပြည်ကို ပြန်လည်သိမ်းပိုက် အုပ်ချုပ်ခါစဖြစ်၍ အလွန်အလုပ်များပြီး ပင်ပန်းရမည့်အချိန် ဖြစ်သည်။ ‘ဒါတောင်... သူ တိုင်းရေးပြည်ရေးထက် မင်ယွီ့အကြောင်းကိုပဲ တစိမ့်စိမ့် တွေးနေတုန်းပဲလား...’ ဟု လင်ရှု တွေးမိတိုင်း ရင်ဘတ်တစ်ခုလုံး အပ်ဖြင့် ထိုးသကဲ့သို့ နာကျင်ရသည်။
ပို၍ ဆိုးသည်က... ယဲ့ဟန်သည် ထိုမင်္ဂလာဦး ညပြီးကတည်းက လင်ရှု၏ အိပ်ဆောင်ဆီသို့ တစ်ခါမျှ ကြွမလာတော့ခြင်း ဖြစ်၏။ သူသည် တစ်နေကုန် စာဖတ်ဆောင်ထဲတွင်သာ အချိန်ကုန်ဆုံးနေသည်ဟု ကြားရသည်။ သို့သော် အတွင်းသတင်းများအရ... ယဲ့ဟန်သည် မင်ယွီ့ကို သူ၏ စာဖတ်ဆောင်အတွင်းသို့ နေ့စဉ်ခေါ်ထားပြီး၊ သူ အလုပ်လုပ်နေချိန်တွင် မင်ယွီ့ကို သူ၏ ရှေ့မှောက်၌ အရုပ်တစ်ရုပ်လို ထိုင်နေစေကာ တစ်နေကုန် မျက်နှာလေးကို ထိုင်ကြည့်နေသည်ဟု နန်းတွင်းသူ နန်းတွင်းသားများက တီးတိုး ပြောဆိုနေကြချေပြီ။
"နဂိုတည်းက ရှောင်းမင်ယွီက မိန်းမပျိုလေးတွေ ရှုံးရလောက်အောင် လှတာအေ...။ အခုဆို အပြစ်သား နန်းကျဘုရင် ဖြစ်နေတာတောင် အရှင်မင်းကြီးက မသတ်ရက်ဘဲ မျက်နှာလေးကို တစ်နေကုန် ထိုင်ကြည့်နေတာ... ကိုယ့်မိဘုရားခေါင်ကြီးကိုတောင် လှည့်မကြည့်တော့ဘူး။ မကြာခင်မှာ မောင်းမဆောင်ထဲကို ပထမဆုံး ရောက်လာမယ့် ယောက်ျားလေး ကိုယ်လုပ်တော် ဖြစ်လာတော့မှာ ထင်ပါရဲ့..."
ထိုစကားကို စာဖတ်ဆောင်အပြင်ဘက် သစ်ပင်ရိပ်တွင် တိုးတိုးလေး ပြောနေကြသော နန်းတွင်းသူလေးနှစ်ဦးကို လင်ရှုတစ်ယောက် မိသွားခဲ့ချေပြီ။ ဒီတစ်ခါတော့ သူမ သည်းမခံနိုင်တော့။ ရက်ပေါင်းများစွာ မြိုသိပ်ထားရသမျှ သဝန်တိုမှုဒေါသတွေက ယခုအခါတွင်တော့ ထိန်းမနိုင်သိမ်းမရ ရူးသွပ်မှုအသွင်သို့ ကူးပြောင်းသွားချေပြီ။
"အဓိပ္ပါယ်မရှိတဲ့ ကောလဟာလတွေ...!!! နင်တို့အားလုံး ငါ့ရှေ့ကို လာစမ်း!"
လင်ရှုသည် နှုတ်မှ ခပ်ကြမ်းကြမ်း ရေရွတ်ကာ ကိုယ်ရံတော်များကို အမိန့်ပေး၍ ထိုနန်းတွင်းသူလေးများကို ဖမ်းခေါ်ကာ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းတော့သည်။ သူမ၏ မျက်ဝန်းများတွင် မနာလိုမှုနှင့် သဝန်တိုမှု ဒေါသအဟုန်တို့က သွေးရောင်လွှမ်းလျက် ရှိ၏။
"နန်းတွင်းထဲမှာ မိဘုရားခေါင်ထက် နန်းကျအကျဉ်းသားကို ပိုပြီး အသားပေး ပြောရဲတယ်ပေါ့လေ...။ နင်တို့ရဲ့ လျှာတွေက မလိုအပ်ဘဲ စကားသိပ်များနေကြတာပဲ!"
လင်ရှုသည် ဒေါသတကြီးဖြင့် ကိုယ်ရံတော်များကို အမိန့်ပေးကာ... ထိုအထဲမှ ပိုမိုလှပချောမောသော နန်းတွင်းသူလေး၏ လျှာကို ဓားဖြင့် ရက်စက်စွာ ဖြတ်ပစ်လိုက်တော့သည်။
"အု... အား...!!! အီးဟီး..."
နန်းတွင်းသူလေးမှာ ကြောက်အားလန့်အားဖြင့် သွေးသံရဲရဲများ လိမ်းကျံလျက် ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ ငိုယိုရှာသည်။ ဘေးက အခြားနန်းတွင်းသူလေးများလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ငိုယိုကာ တုန်ရင်နေကြ၏။
လင်ရှုသည် မိမိ၏ လက်တွင် ပေကျံသွားသော သွေးစက်များကို ကြည့်ကာ၊ ဘေးက ချွေ့အာ့ထံသို့ အဝတ်တစ်ခုပေးရန် လက်ဟန်ဖြင့် အေးစက်စွာ တောင်းလိုက်သည်။ ချွေ့အာသည် သူမ အမြဲတမ်း ရိုသေကျိုးနွံစွာ လုပ်ကျွေးပြုစုခဲ့ရသော မိဘုရားခေါင်ကြီး၏ ယခုကဲ့သို့ သွေးအေးပြီး ရက်စက်တတ်သည့် ပုံရိပ်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသဖြင့်... အံ့ဩတုန်လှုပ်ကာ တစ်ကိုယ်လုံး ကြောက်ရွံ့လန့်ဖျန့်သွားရရှာသည်။ သူမသည် လက်များ တုန်ရင်လျက်ဖြင့် အဝတ်ကို ကမ်းပေးလိုက်၏။
လင်ရှုက လက်ကို သပ်ရပ်စွာ သုတ်လိုက်ပြီးနောက် စာဖတ်ဆောင်ဘက်သို့ မျက်နှာမူကာ အံကြိတ်လိုက်သည်။
‘ဒီကောလဟာလတွေ မှန်၊ မမှန်... ငါကိုယ်တိုင် သွားကြည့်ရမယ်...!’
လင်ရှုသည် လက်ထဲတွင် အာဟာရဖြစ်စေမည့် အစာပြေမုန့်များကို သေတ္တာကလေးဖြင့် ထည့်ယူကာ ယဲ့ဟန်၏ စာဖတ်ဆောင်ရှေ့သို့ ရောက်လာခဲ့ပြီး ဝင်ခွင့်တောင်းလိုက်သည်။ ခဏအကြာတွင် အစေခံများက တံခါးဖွင့်ပေးသဖြင့် သူမ အတွင်းသို့ လှမ်းဝင်လိုက်ရာ...
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လင်ရှု၏ ရင်ဘတ်တစ်ခုလုံး ဆတ်ခနဲ တုန်သွားရသည်။
စာဖတ်ခုံ၏ ဘေးထောင့်တစ်နေရာတွင်... တည်ငြိမ်အေးစက်စွာ ထိုင်နေသော ‘ရှောင်းမင်ယွီ’ ကို တွေ့လိုက်ရခြင်း ဖြစ်၏။ မင်ယွီသည် ဆင်စွယ်ဖြူရောင် ဝတ်စုံသစ်ကို သပ်ရပ်သားနားစွာ ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်နက်ရှည်ကြီးများကို ဖားလျားချထားပြီး... အသားအရေမှာ ဖြူဖျော့နေသော်လည်း၊ နှုတ်ခမ်းအစုံက သဘာဝအတိုင်း ပန်းရောင်သန်းလျက် ရှိသည်။ အသားဖြူလွန်းလှသဖြင့် ပါးပြင်လေးနှစ်ဖက်မှာ သွေးရောင်ပြေးကာ ရဲနေပြီး၊ ဖရိုဖရဲ ကျနေသော ဆံနွယ်ရှည်များကြားက သူ၏ အလှအပက မျက်လုံးလွှဲရက်စရာမရှိအောင် လှပလွန်းနေချေပြီ။
ယဲ့ဟန်သည် လင်ရှု ဝင်လာသည်ကို မြင်သောအခါ အနည်းငယ် အလန့်တကြားဖြစ်သွားပြီး မတ်တတ်ရပ်ကာ မေးလိုက်သည်။
"မိဘုရား...? ဘယ်လိုလုပ် ရောက်လာတာလဲ..."
လင်ရှုသည် ရင်ထဲက မနာလိုမှုများကို မျက်နှာပြင်ပေါ်တွင် အတတ်နိုင်ဆုံး ဖုံးကွယ်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။
"အရှင် ကျမဆီ မလာတာ ကြာပြီမို့လို့ပါ...။ အရှင် တိုင်းရေးပြည်ရေးတွေနဲ့ ပင်ပန်းနေမှာ သိလို့ စားဖို့ မုန့်ယူလာခဲ့တာပါ။ ဒီမုန့်က လွန်ခဲ့တဲ့ရက်က အရှေ့ဘက်တိုင်းပြည်က လက်ဆောင်ဆက်သလာတဲ့ သစ်ကြားသီးနဲ့ လုပ်ထားတာမို့ အရှင်မြည်းစမ်းကြည့်ပါဦး..."
ယဲ့ဟန်က မုန့်ကို ယူစားကြည့်ပြီး သဘောကျသွားသည့် အမူအရာဖြင့် ပြုံးကာ— "ကျေးဇူးတင်ပါတယ် မိဘုရား..." ဟု ဆိုသည်။ ထို့နောက် သူက စာရွက်စာတမ်းများကို ငုံ့ကြည့်ရင်း— "ကိုယ်တော် အလုပ်လုပ်စရာတွေ ရှိသေးလို့ မိဘုရား အဆောင်တော်ပြန်ပြီး နားလိုက်ပါဦး..." ဟု နှင်လွှတ်ရန် ပြင်၏။
သို့သော် လင်ရှုက မပြန်သေးဘဲ— "ကျမ အရှင့်ဘေးကနေ မှင်သွေးပေးရင်း စောင့်နေပေးပါ့မယ်..." ဟု ဆိုကာ စာဖတ်ခုံနား တိုးလာသည်။
ယဲ့ဟန်က မိဘုရားကို အလုပ်မရှုပ်စေချင်ဟု ဆိုကာ... ရုတ်ချည်းပင် အသံမာမာဖြင့်— "ရှောင်းမင်ယွီ... လာပြီး မှင်သွေးစမ်း...!" ဟု အမိန့်ပေးလိုက်တော့သည်။
မင်ယွီက ဘာမှပြန်မပြောဘဲ ထိုင်နေရာမှ ထကာ မှင်တုံးကို ဖြည်းဖြည်းချင်း သွေးပေးနေရှာသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လင်ရှုက မသင်္ကာစိတ်ဖြင့် မေးလိုက်၏။
"အရှင်... မင်ယွီ့ကို အခု အစေခံအနေနဲ့ ထားတာလားဟင်...? သူက နန်းကျဘုရင်တစ်ပါးပဲ။ ဒီလို ဘေးနားမှာ အနီးကပ်ထားရင်... တစ်နေ့ကျရင် အရှင့်ရဲ့ ထီးနန်းကို အန္တရာယ်ပြုလာနိုင်တယ်..."
ယဲ့ဟန်က "စကားများလွန်းတယ်" ဆိုသည့် အကြည့်မျိုးဖြင့် လင်ရှုကို ခပ်တည်တည် စိုက်ကြည့်လိုက်သော်လည်း၊ လင်ရှုက ထိုအကြည့်ကို သဘောမပေါက်ဘဲ ယဲ့ဟန်၏ လက်ကို လှမ်းကိုင်ကာ ငယ်ဘဝကို အသုံးချ၍ ဆက်ပြောတော့သည်။
"ယဲ့ကောကော... ကျမတို့ ငယ်ငယ်တည်းက ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲ၊ သူတို့ဆီကနေ အသက်ဘေးလွတ်အောင် ဘယ်လို ပြေးခဲ့ရလဲဆိုတာ မှတ်မိသေးတယ်မလားဟင်...။ အခု ဘာလို့ သူ့ကို မသတ်ပစ်သေးတာလဲ...?"
ယဲ့ဟန်သည် လင်ရှု၏ ငယ်ဘဝရုန်းကန်ရမှု စကားအစပိုင်းကို ကြားစဉ်က "ဟုတ်တာပေါ့" ဟု တွေးမိသော်လည်း၊ "ဘာလို့ မသတ်သေးတာလဲ" ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင်မူ... ရင်ထဲက ဒေါသကြောင့် လင်ရှု ကိုင်ထားသော သူ၏လက်ကို ဆတ်ခနဲ ခါထုတ်ပစ်လိုက်တော့သည်။
‘ဖြန်း...!’
လက်အခါထုတ်ခံလိုက်ရသဖြင့် လင်ရှုတစ်ယောက် ရှက်သွားကာ မျက်ရည်များ ဝဲတက်လာပြီး— "ယဲ့ကောကော... ကျမကို အဲ့လို ဆက်ဆံတာလား..." ဟု ဝမ်းနည်းတကြီး ဆိုရှာသည်။
သို့သော်... လင်ရှု ပြောလိုက်သော ‘လွန်ခဲ့တဲ့ ၁၀ နှစ်က အသက်ဘေးလွတ်အောင် ပြေးခဲ့ရခြင်း’ ဆိုသည့် စကားကြောင့် ဘေးတွင် မှင်သွေးနေသော မင်ယွီ့ခေါင်းထဲ ဒိန်းကနဲ ဖြစ်သွားရသည်။ မင်ယွီသည် လွန်ခဲ့သော ဆယ်နှစ်... သူ၏အဖေ အမတ်ကြီးရှောင်း ခေါင်းဆောင်ကာ ပုန်ကန်ခဲ့သည့်ညကို ရုတ်ချည်း ပြန်တွေးမိသွား၏။
‘နေဦး... အဲ့ဒီညက ယဲ့ဟန်တို့ လွတ်မြောက်သွားအောင် ငါကိုယ်တိုင် တံခါးဖွင့်ပြီး လမ်းပြပေးခဲ့တာပဲ မဟုတ်ဘူးလား။ လင်ရှုက ဘာလို့ ငါတို့ဆီကနေ အသက်ဘေးလွတ်အောင် ပြေးခဲ့ရတယ်လို့ ပြောနေတာလဲ...။ ငါတို့ကြားမှာ ဘာတွေ နားလည်မှု လွဲမှားနေကြတာလဲ...!’
မင်ယွီသည် အမှန်တရားကို ရှင်းပြရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း... ယဲ့ဟန်၏ လက်မောင်းကြားထဲ တိုးဝင်ကာ ဖက်ထားသော လင်ရှု၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ရင်ထဲ၌ ဆို့နင့်သွားရသည်။ ‘သူ့နှလုံးသားထဲမှာ လင်ရှုပဲ ရှိနေတာ... ငါအခုဘာတွေ ရှင်းပြနေပါ့မလဲ။ ရှင်းပြလည်း ငါ့ကို သစ္စာဖောက်တစ်ယောက်ရဲ့ လှည့်ကွက်လို့ပဲ ထင်မှာပဲ... ဖြစ်ပြီးတာတွေလည်း ပြန်ပြင်လို့မရတော့ဘူး...’
မင်ယွီသည် ရင်ထဲက ဒဏ်ရာများကို မြိုသိပ်ကာ မျက်လုံးကို အသာလွှဲလိုက်ပြီး၊ မှင်ကိုသာ ဆက်တိုက် စိုက်သွေးနေခဲ့တော့သည်။
ယဲ့ဟန်ကတော့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ သက်ပြင်းချရင်း လင်ရှု၏ ပုခုံးလေးကို အသာအယာ ပွတ်ကာ ချော့မော့လိုက်သည်။
"မိဘုရား... ဒါတွေကို နောက်မှ ဆက်ပြောကြတာပေါ့။ အခု အဆောင်ကို ပြန်ပြီး နားလိုက်ပါဦး။ ကိုယ်တော် အလုပ်တွေပြီးလို့ အားတာနဲ့ မိဘုရားရဲ့ အိပ်ဆောင်ဘက်ကို လာခဲ့ပါ့မယ်... ကတိပေးတယ်နော်..."
လင်ရှုသည် ယဲ့ဟန်၏ အချော့အမော့ကြောင့် စိတ်ပြေသွားကာ ယဲ့ဟန်၏ လက်မောင်းကြားကနေ ဘေးက မင်ယွီ့ကို "ငါကသာ အနိုင်ရသူ" ဆိုသည့် မနာလို စိန်ခေါ်သော မျက်နှာဘေးဖြင့် စောင်းကြည့်ရင်း ကျေနပ်စွာ ပြန်လည် ထွက်ခွာသွားခဲ့တော့သည်။
လင်ရှု ထွက်ခွာသွားပြီးနောက်... စာဖတ်ဆောင်အတွင်း၌ အေးစက်စူးရှလှသည့် တိတ်ဆိတ်မှုနှင့်အတူ သစ်သားမှင်နံ့သင်းသင်းကသာ ကျန်ရစ်ခဲ့သည်။
ယဲ့ဟန်သည် စားပွဲပေါ်ရှိ လင်ရှုယူလာသော သစ်ကြားသီးမုန့်ကို လှမ်းယူကာ၊ ဘေးက မင်ယွီ့၏ နှုတ်ခမ်းဝသို့ အသာအယာ ခွံ့ကျွေးလိုက်တော့သည်။
"အု..."
မင်ယွီသည် အလန့်တကြားဖြစ်သွားပြီး မျက်ဝန်းအစုံဖြင့် ယဲ့ဟန်ကို ပြန်လည် စိုက်ကြည့်မိစဉ်... ယဲ့ဟန်က မင်ယွီ့နှုတ်ခမ်းထောင့်တွင် ပေကျံသွားသော မုန့်စကလေးကို သူ၏ လက်ချောင်းဖြင့် အသာအယာ သုတ်ပေးရင်း— "ကောင်းတယ်မလား..." ဟု ခပ်တိုးတိုး မေးလာသည်။
မင်ယွီက ပြန်မဖြေဘဲ... ရန်လိုနေသည့် ကြောင်ဖြူကလေးတစ်ကောင်ကဲ့သို့ ယဲ့ဟန်ကို စူးစူးစိုက်စိုက် ပြန်ကြည့်နေခဲ့၏။ ယဲ့ဟန်က ထိုအမူအရာကို သဘောကျဟန်ဖြင့် ပြုံးလိုက်ပြီး— "ဘာလို့လဲ... အရှင်က မကြိုက်ဘူးလား..." ဟု စနောက်လိုက်သည်။ ယဲ့ဟန်က မင်ယွီ့ကို ‘အရှင်’ ဟု ခေါ်နေသေးခြင်းမှာ နှိမ့်ချလို၍ မဟုတ်ဘဲ ချစ်စနိုးဖြင့် စနောက်နေခြင်း ဖြစ်၏။
မင်ယွီက ဘာမှမပြောဘဲ မျက်နှာလွှဲလိုက်သည့်ခဏ... ယဲ့ဟန်က မင်ယွီ့မျက်နှာလေးကို သူ၏လက်ဖြင့် ဆတ်ခနဲ ပြန်လည်ဆွဲယူလိုက်ပြီး၊ မင်ယွီ့၏ ပန်းနုရောင် နှုတ်ခမ်းလုံးလုံးလေးများကို သူ၏ နှုတ်ခမ်းပြင်းပြင်းများဖြင့် ဖိကပ်ကာ အငမ်းမရ နမ်းရှိုက်လိုက်တော့သည်။
"အု... ဖယ်...!"
မင်ယွီက ရုန်းကန်ကာ တွန်းထုတ်ရန် ကြိုးစားသော်လည်း၊ ယဲ့ဟန်က မင်ယွီ့၏ လက်နှစ်ဖက်လုံးကို အပေါ်သို့ မြှောက်ကာ သူ၏လက်တစ်ဖက်တည်းဖြင့် ကျစ်ကျစ်ပါအောင် ချုပ်ပစ်လိုက်သည်။ ထို့နောက် မင်ယွီ့၏ ခန္ဓာကိုယ်လေးကို စာဖတ်စားပွဲပေါ်သို့ ပတ်လက်အနေအထားဖြင့် ဝုန်းခနဲ ပစ်တင်လိုက်ကာ... ပိုမိုပြင်းထန် ရမက်ဆန်သော အနမ်းကြမ်းများဖြင့် ဆက်တိုက် သိမ်းပိုက်တော့သည်။
ယဲ့ဟန်သည် မင်ယွီ့နှုတ်ခမ်းများကို အတင်းစုတ်ယူကာ... ရုန်းကန်နေသော မင်ယွီ့၏ လျှာနုနုလေးကိုပါ သူ၏လျှာဖြင့် ရစ်ပတ်နှောင်ဖွဲ့ကာ တရှိုက်မက်မက် စုတ်ယူနမ်းရှိုက်နေခဲ့၏။
အတန်ကြာသောအခါ... မင်ယွီသည် ရုန်းကန်ရာမှ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ယဲ့ဟန်၏ နှုတ်ခမ်းများကို မမျှော်လင့်ဘဲ ပြန်လည် အနမ်းချွေမိသွားရှာသည်။ အမှန်တော့... ခုနက လင်ရှုက ယဲ့ဟန်ကို ပွေ့ဖက်ကာ အနိုင်ရသလို ကြည့်သွားသည့်အကြည့်နှင့် ယဲ့ဟန်နှင့်လင်ရှုတို့၏ နီးစပ်မှုအပေါ် မင်ယွီကိုယ်တိုင်လည်း ရင်ထဲတွင် သဝန်တို မနာလိုဖြစ်မိသွား၍ ဖြစ်ချေသည်။
မင်ယွီ မိမိကို ပြန်လည်နမ်းရှိုက်လာသည်ကို သတိထားမိလိုက်သည့်ခဏ... ယဲ့ဟန်၏ ရင်ထဲ ဗုံးပေါက်ကွဲသွားသကဲ့သို့ ရှိကာ၊ ချုပ်ထားသော မင်ယွီ့လက်များကို အသာအယာ လွှတ်ပေးလိုက်သည်။ လက်များ လွတ်သွားသည်နှင့် မင်ယွီသည် ယဲ့ဟန်၏ ခေါင်းမှ ဆံနွယ်ရှည်များကြားသို့ သူ၏ လက်ချောင်းနုနုလေးများ တိုးဝင်ပွတ်သပ်ရင်း... နှစ်ဦးသား စာဖတ်စားပွဲထက်တွင် အသက်ရှူသံပြင်းပြင်း၊ ရမက်ဆန်ဆန် အနမ်းကြမ်းများဖြင့် ကမ္ဘာပျက်မတတ် နမ်းရှိုက်နေကြတော့သည်။
ယဲ့ဟန်သည် မင်ယွီ့ဝတ်ဆင်ထားသော ဆင်စွယ်ဖြူရောင် ဝတ်စုံကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီး၊ ဝတ်စုံစအောက်ပိုင်းကို အသာအယာ လှန်တင်လိုက်ကာ... မင်ယွီ့၏ ခြေသလုံးဝင်းဝင်းလေးများမှတစ်ဆင့် ပေါင်အတွင်းသား နုနုလေးများအထိ အငမ်းမရ တစိမ့်စိမ့် နမ်းရှိုက် စုတ်ယူနေတော့သည်။
"အဟင့်... ယဲ့ဟန်..."
မင်ယွီ့ထံမှ နူးညံ့လှသော ညည်းတွားသံသဲ့သဲ့လေး ထွက်ပေါ်လာပြီး၊ ယဲ့ဟန်၏ နာမည်ကို ချွဲပစ်စွာ ခေါ်လိုက်ရင်း... ယဲ့ဟန်၏ ဆံပင်များကို ကိုင်တွယ်ပွတ်သပ်ကာ မျက်ဝန်းအစုံကို မှိတ်ထားလိုက်မိသည်။
စာဖတ်ဆောင်အတွင်း၌ သစ်သားမှင်နံ့သင်းသင်းနှင့်အတူ ရမက်ဆန်လှသော အသက်ရှူသံများက လေထုထဲတွင် ပျံ့လွင့်နေဆဲပင်။ ယဲ့ဟန်သည် မင်ယွီ့၏ ပုခုံးသားနုနုလေးများကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ထိုအထိအတွေ့တို့၌ ရူးသွပ်စွာ နစ်မြုပ်နေခဲ့တော့သည်။
အခြားတစ်ဖက်ရှိ မိဘုရားခေါင်ကြီး၏ ‘လန်းဟွာ’ အဆောင်တော်အတွင်း၌မူ...
လေထုတစ်ခုလုံးသည် တင်းမာအေးစက်လျက် ရှိနေ၏။ လင်ရှုသည် စာဖတ်ဆောင်အတွင်းမှ ဒေါသတကြီးဖြင့် ထွက်ခွာလာခဲ့ပြီးနောက် မိမိ၏ အဆောင်တော်သို့ ပြန်ရောက်သည်နှင့် ရင်ထဲက ပေါက်ကွဲလုနီးပါးဖြစ်နေသော မနာလိုမှု ဒေါသအဟုန်ကြောင့် ဆံမြိတ်များ ဖရိုဖရဲဖြစ်သည်အထိ အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် ဒေါသတကြီး လမ်းလျှောက်နေမိတော့သည်။ သူမ၏ သွယ်လျသော လက်ချောင်းများက စိုးရိမ်ပူပန်စိတ်နှင့် နာကျည်းမှုတို့ကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ရင်နေဆဲပင်။
‘ကောလဟာလတွေက... တကယ် မှန်နေခဲ့တာပဲ...!’
လင်ရှုသည် အံကို တင်းတင်းကြိတ်ကာ နာကျင်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိထားမိ၏။ နှစ်ပေါင်းများစွာကြာအောင်... ဒုက္ခဆင်းရဲ ခံခဲ့ရတဲ့ အချိန်တွေတုန်းက ယဲ့ဟန်ရဲ့ ဘေးနားမှာ သူမတစ်ယောက်တည်းပဲ ရှိနေခဲ့တာ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး နယ်စပ်ဒေသရဲ့ ခက်ခဲနာကျင်မှုတွေ၊ အသက်ဘေးက ပြေးခဲ့ရတဲ့ ဒဏ်တွေကို အတူတူ ခံစားရင်း ယဲ့ဟန်ဘေးမှာ ခိုင်ခိုင်မာမာ ရှိနေပေးခဲ့တာတောင်... ယဲ့ဟန်က မင်ယွီ့အပေါ် အမုန်းတရားတင်မကဘဲ တခြား ဘာကြောင့် ဖျောက်ဖျက်ရခက်တဲ့ ခံစားချက်တွေ ရှိနေသေးတာလဲဆိုတဲ့ အတွေးက သူမ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားစေသည်။
သူမ ပထမဆုံး နန်းတော်ကို ပြန်ဝင်လာရတဲ့နေ့က မြင်ကွင်းကို ပြန်တွေးမိသည်။ မင်ယွီတစ်ယောက် ပလ္လင်တော်ထက်တွင် ရွှေရောင်ဝတ်စုံ ဖရိုဖရဲဖြင့် ယဲ့ဟန်၏ သွေးစွန်းနေသော ဓားအောက် ရောက်နေတဲ့အချိန်တုန်းက... လင်ရှုသည် ယဲ့ဟန်ရဲ့ လက်မောင်းကို ချွဲနွဲ့စွာ ဆွဲကိုင်ရင်း ဘေးကနေ အောင်နိုင်သူတစ်ယောက်လို ယုံကြည်ချက်အပြည့်နဲ့ နန်းကျဘုရင် မင်ယွီ့ကို အထင်အမြင်သေးသည့် လှောင်ပြုံးဖြင့် စိုက်ကြည့်နေခဲ့ဖူးသည်။ ထိုနေရာမှာတင် ယဲ့ဟန်က မင်ယွီ့ကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟု သူမ အပြည့်အဝ ထင်ခဲ့သော်လည်း၊ ယဲ့ဟန်က သတ်မပစ်ဘဲ သီးသန့်အချုပ်ချထားလိုက်ရုံသာ လုပ်ခဲ့သဖြင့် သူမ အလွန်အံ့ဩခဲ့ဖူးသည်။
ဒါပေမဲ့လည်း နောက်ပိုင်းတွင် ယဲ့ဟန်က သူမကို အသိအမှတ်ပြုကာ ‘မိဘုရားခေါင်’ အရာသို့ တရားဝင် မြှောက်စားခဲ့သဖြင့် ‘ငါ နိုင်ခဲ့ပြီပဲ’ ဟု စိတ်အေးခဲ့မိတာပေါ့။ ဒီ ၁၀ နှစ်အတွင်းမှာ ယဲ့ဟန်က သူမကို အမြဲအားကိုးခဲ့တယ်၊ အလေးပေးခဲ့တယ်၊ သူမနားမှာပဲ အမြဲရှိခဲ့တာမလား...။
သို့သော် ယခုအခါတွင်မူ... ရှောင်းမင်ယွီက အသက်ရှင်နေဆဲ ဖြစ်ရုံတင်မကဘဲ ယဲ့ဟန်၏ စာဖတ်ဆောင်အထိပါ ရောက်ရှိနေပြီ။ ခုနက ယဲ့ဟန်ကိုယ်တိုင် မင်ယွီ့ကို သတ်ပစ်ဖို့ သူမ ပြောလိုက်သည့်အချိန်၌ ယဲ့ဟန် တုံ့ပြန်လိုက်သော အေးစက်စူးရှသည့် ဒေါသမျက်နှာနှင့် သူမ၏လက်ကို ‘ဖြန်း’ ခနဲမြည်အောင် ဆတ်ခနဲ ခါထုတ်လိုက်ပုံကို ပြန်တွေးမိတိုင်း လင်ရှု၏ ရင်ထဲတွင် သည်းခြေခေါက်မတတ် ကြောက်ရွံ့ထိတ်လန့်စိတ်များ ဝင်ရောက်လာခဲ့ရသည်။
ထိုစဉ်... အနီးကပ်အစေခံမလေး ‘ချွေ့အာ’ သည် မိဘုရားခေါင်ကြီး၏ ထိုမျှလောက်ပြင်းထန်သော သဝန်တိုစိုးရိမ်စိတ်ကို ရိပ်မိသွားကာ၊ ကြောက်ရွံ့နေသည့်ကြားကပဲ အနားသို့ ခြေဖွဖွ တိုးကပ်၍ အသံကို တိုးနိုင်သမျှတိုးကာ ဖျောင်းဖျရှာသည်။
"မိဘုရားမယ်မယ်... စိတ်အေးအေးထားပါ ဘုရား...။ အရှင်မင်းမြတ်က အဲ့ဒီရန်သူတော် နန်းကျဘုရင်ကို အနီးကပ်ဆုံး ထောင်ချောက်ဆင် စောင့်ကြည့်ချင်လို့ ဘေးနားမှာ အတင်းခေါ်ထားတာ ဖြစ်ရပါမယ် ဘုရား...။ နန်းတွင်းက ကောလဟာလ အတင်းစကားတွေကို မယုံပါနဲ့ မယ်မယ်။ မယ်မယ်က မိန်းကလေး ဖြစ်ပြီး၊ မင်ယွီက ယောက်ျားလေးတစ်ယောက်ပဲဥစ္စာ...။ သူက ဘယ်လောက်ပဲ မိန်းမပျိုတွေ ရှုံးလောက်အောင် လှပပါစေ၊ ငယ်ပေါင်းကြီးဖော်တွေဖြစ်လို့ သံယောဇဉ် ဘယ်လောက်ပဲရှိရှိ... အရှင်မင်းကြီးက ယောက်ျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အဲ့ဒီလိုမျိုး ဆက်ဆံယှက်နွယ်မှာ မဟုတ်တာ သေချာပါတယ် ဘုရား...။ မိန်းကလေးဖြစ်တဲ့ မယ်မယ်ကသာ အရှင်မင်းကြီး အနီးကပ်ဆုံး ချစ်မြတ်နိုးချင်တဲ့သူ ဖြစ်မှာပါ။ အခုက မင်ယွီ့ကို အလေးပေးသလိုနဲ့ ညှဉ်းပန်းနှိပ်စက် စောင့်ကြည့်နေတာပါ မယ်မယ်..."
ချွေ့အာ၏ စကားကြောင့် လင်ရှုသည် ခေတ္တမျှ ရပ်တန့်သွားကာ မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် တွေးတောလိုက်မိသည်။
‘ဟုတ်သားပဲ... ငါ့လို လှပချောမောတဲ့ မိန်းကလေးကို ဘေးဖယ်ထားပြီး ယောက်ျားတစ်ယောက်နဲ့ ဘယ်လိုလုပ် အဲ့ဒီလို ရမက်ဆန်ဆန် ဆက်ဆံပါ့မလဲ။ ဘယ်လောက်ပဲ လှတဲ့ယောက်ျားဖြစ်ဖြစ် ယောက်ျားပဲလေ... မိန်းမမှ မဟုတ်တာ...။ ယဲ့ဟန်က မင်ယွီ့ကို အဲ့ဒီလို အကြည့်နဲ့တော့ ကြည့်မှာမဟုတ်ပါဘူး...။ ချွေ့အာပြောတာ မှန်လောက်ပါတယ်...။ မဟုတ်ရင်တောင်... ချက်ချင်း သတ်ပစ်ဖို့အထိ မရက်စက်နိုင်လောက်အောင် ငယ်သံယောဇဉ်လေး ကျန်နေလို့ပဲ ဖြစ်မှာပါ...’ ဟု တွေးကာ ရင်ထဲက သောကမီးကို အတင်းဖိနှိပ်ရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်တော့သည်။
အမှန်တော့... သူမသည် ယဲ့ဟန်၏ ဘဝတွင် ‘တစ်ဦးတည်းသော မိဘုရားခေါင်’ ဖြစ်ချေချင်တာပင်။ သူမ ယဲ့ဟန်ကို အရမ်းချစ်လွန်း၍၊ ဆုံးရှုံးရမှာ ကြောက်လွန်း၍ လောဘကြီးနေမိခြင်း ဖြစ်သည်။
ဒီကောင်လေးကို ဆယ်ကျော်သက်အရွယ် မင်းသားငယ်ဘဝတည်းက သူမ ကြိတ်မြတ်နိုးခဲ့ရတာ ဖြစ်သည်။ ငယ်စဉ်က ယဲ့ဟန်ရယ်၊ မင်ယွီရယ်၊ လင်ရှုရယ်ဟူသော သူငယ်ချင်း သုံးယောက်သည် မင်ယွီ့ရဲ့ဖခင် ‘အမတ်ကြီးရှောင်း’ ၏ အိမ်တွင် ပညာတူတူ သင်ကြားခဲ့ကြဖူးသည်။ မင်ယွီသည် ငယ်စဉ်ကတည်းက ကိုယ်ခန္ဓာ အလွန် ချုချာလွန်းလှသဖြင့် ယဲ့ဟန်က မင်ယွီ့ကို အမြဲတမ်း တယုတယဖြင့် အရမ်းဂရုစိုက်ပေးတတ်ခဲ့သည်။ အစပိုင်းတွင် ယဲ့ဟန်က မင်ယွီ့ကို မိန်းကလေးအမှတ်ဖြင့် "ငါ ကြီးလာရင် မင်းကို လက်ထပ်မယ်" ဟုပင် ကလေးသဘာဝ ကတိပေးခဲ့ဖူးသေးသည်။ ဒါပေမဲ့ မင်ယွီက ယောက်ျားလေးမှန်း သိသွားချိန်တွင်မူ... ယဲ့ဟန်က မင်ယွီ့ကို "ငါ့ရဲ့ အဆွေတော်ကောင်း၊ ညီအစ်ကိုကောင်း အဖြစ် တစ်သက်လုံး ကာကွယ်စောင့်ရှောက်မယ်" ဟု ကတိပြောင်းပေးခဲ့ပြန်သည်။
မိန်းကလေးဖြစ်သည့် လင်ရှုကတော့ မင်ယွီနှင့် ပြောင်းပြန်... သွက်သွက်လပ်လပ်နှင့် ဓားရေးလှံရေးတွင် ကြံ့ကြံ့ခိုင်ခိုင်လေး ဖြစ်ခဲ့သည်။ သူမသည် ငယ်ငယ်ကတည်းက ယဲ့ဟန်က မင်ယွီ့ကို မိမိထက် ပိုပြီး ဂရုစိုက်၊ ပိုပြီး အလေးပေးလွန်းသဖြင့် မင်ယွီ့အပေါ် မနာလို ဝန်တိုစိတ်များ တိတ်တဆိတ် ရှိခဲ့ဖူးသည်။
ထို့နောက်ပိုင်း... မင်ယွီ့ဖခင် အမတ်ကြီးရှောင်းက ပုန်ကန်မှုကြီး လုပ်ခဲ့သည့် ထိုအမှောင်ညတွင်၊ ယဲ့ဟန် ဘေးဒုက္ခရောက်နေစဉ် လင်ရှုနှင့် သူမ၏အဘိုးဖြစ်သူ ဆရာကြီး ‘လင်ချန်ကော’ တို့က ယဲ့ဟန်ကို အသက်ဘေးမှ သီသီလေး ကယ်တင်ပေးခဲ့ကြသည်။ ယဲ့ဟန်သည် သူမ၏အဘိုး ဆရာကြီးလင်ချန်ကောထံတွင် ပညာရပ်များကို ဆက်လက်သင်ယူရင်း၊ လင်ရှု၏ဖခင် စစ်သေနာပတိချုပ်ကြီး ‘လင်ကျန့်ဟွာ’ ၏ စစ်အင်အားများကိုပါ အသုံးချကာ ၁၀ နှစ်လုံးလုံး အားခဲပြင်ဆင်ပြီးမှ ထီးနန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်ရှုသည် ထိုအလှည့်အပြောင်း ကံကြမ္မာကို အသုံးချကာ... ယဲ့ဟန်၏ ဘေးနားတွင် အဖော်ပြုပေးရင်း ၁၀ နှစ်လုံးလုံး အတူတူ ရှိနေပေးခဲ့သည်။ သူမက ယဲ့ဟန်အတွက် ကျေးဇူးလည်းရှိ၊ ချစ်လည်းချစ်ရသည့် တစ်ယောက်တည်းသော မိဘုရား ဖြစ်ချေချင်ခဲ့တာပင်။
သို့သော်... လင်ရှု၏ ရင်ထဲက ကြောက်လန့်ခြင်း တုန်လှုပ်မှုအသစ်များက မကြာခင်မှာပဲ တကယ် ဖြစ်လာတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ချေပြီ။
ရက်အနည်းငယ် ကြာပြီးနောက်... ဟွမ်တိုင်းပြည်၏ မြို့တော်ဆီသို့ မထင်မှတ်ထားသော ဧည့်သည်တော်ကြီးများ၏ စစ်ရထားလုံးကြီးများ ဆိုက်ရောက်လာခဲ့ကြသည်။
အရှေ့ဘက် တိုင်းပြည်ကြီးမှ ပါးနပ်လှသော မင်းသား ‘ဖုန်းကျိရုန့်’ နှင့် သူ၏ ညီမတော် လှပကျော့ရှင်းလှသော မင်းသမီး ‘ဖုန်းထင်ထင်’ တို့သည် ဟွမ်တိုင်းပြည်သို့ ချစ်ကြည်ရေးခရီးအဖြစ်နှင့် လက်ထပ်ထိမ်းမြားမှု ပြုလုပ်ရန် ရောက်ရှိလာကြခြင်း ဖြစ်ချေသည်။
ယဲ့ဟန် ထီးနန်းတက်ခဲ့သည့် ကိစ္စနှင့် ရှောင်းမင်းဆက်ကို နှိမ်နင်းခဲ့ပုံ ပြတ်သားမှုများက အနီးနားက တိုင်းပြည်များအထိ ဟိုးလေးတကျော် ကျော်ကြားခဲ့သည်။ ယဲ့ဟန်၏ ပြတ်သားပုံနှင့် ရက်စက်ပုံများက ပြည်သူများကြားမှတစ်ဆင့် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြန့်နှံ့သွားရာ... အနီးနားရှိ တိုင်းပြည်များသည် ဟွမ်တိုင်းပြည်နှင့် မဟာမိတ် မဖြစ်ဖြစ်အောင် လုပ်ရန် ကြိုးစားလာကြတော့သည်။
အရင် ရှောင်းမင်ယွီ မင်းကြီး လက်ထက်တုန်းကတော့... မင်ယွီသည် စစ်ကို မလိုလားဘဲ ငြိမ်းချမ်းရေးကိုသာ အလေးပေးသူဖြစ်သဖြင့် အိမ်နီးနားချင်း တိုင်းပြည်များက ဟွမ်တိုင်းပြည်ကို သိပ်ပြီး ဂရုမစိုက်ခဲ့ကြချေ။ သို့သော် ယခု ယဲ့ဟန်ကဲ့သို့ စစ်ရေးစွမ်းရည်ရှိပြီး ပြတ်သားသော ဘုရင်အသစ်သာ အင်အားအလုံးအရင်းဖြင့် မိမိတို့ဆီသို့ လာရောက်တိုက်ခိုက်လာလျှင် ၎င်းတို့အနေဖြင့် ဖြိုခွင်းနိုင်ဖို့ မလွယ်ကူကြောင်း တွက်ချက်မိကြသည်။
ဒါကြောင့်မို့လို့ပဲ... အရှေ့ဘက်တိုင်းပြည်မှ မင်းသား ဖုန်းကျိရုန့်နှင့် မင်းသမီး ဖုန်းထင်ထင်တို့သည်... ဟွမ်တိုင်းပြည်နှင့် မဟာမိတ်ဖွဲ့ရန်၊ သို့မဟုတ်ပါကလည်း မင်းသမီး ဖုန်းထင်ထင်ကို ယဲ့ဟန်နှင့် လက်ထပ်ထိမ်းမြားပေးကာ နန်းတွင်းအာဏာကို ခွဲဝေယူရန်အတွက် အကွက်ချလျက် ရောက်ရှိလာကြတော့သည်။
ထိုသတင်းသည် နန်းတွင်းထဲသို့ သတင်းဆိုးတစ်ခုလို ရောက်ရှိလာချိန်တွင်... မိဘုရားခေါင် လင်ရှုသည် သူမ၏ သွယ်လျသော လက်သည်းများ လက်ဝါးထဲသို့ စိုက်ဝင်မတတ် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ မင်ယွီ့အရေးအပြင်... မိမိ၏ တစ်ဦးတည်းသော မိဘုရားခေါင်နေရာကိုပါ ပြင်းထန်စွာ ခြိမ်းခြောက်လာမည့် ပြိုင်ဘက်သစ် မင်းသမီး ဖုန်းထင်ထင် ကြောင့် လင်ရှု၏ ရင်ထဲတွင် သောကမီးများ ပြင်းထန်စွာ တောက်လောင်ရပါတော့သည်။ သူမ၏ မျက်ဝန်းအစုံသည် မနာလိုမှု၊ သဝန်တိုမှုတို့နှင့်အတူ ရူးသွပ်မှုအသွင်သို့ လုံးဝ ကူးပြောင်းသွားချေပြီ။
***Download NovelToon to enjoy a better reading experience!***
Updated 10 Episodes
Comments