"မင်း... တကယ်ပဲ ကြီးပြင်းလာခဲ့ပြီပဲ..."
အသက် (၁၈) နှစ်အရွယ် ကျိန်စာသင့်ညတွင် မိဘများနှင့် အရာအားလုံးကို ရက်စက်စွာ ဆုံးရှုံးခဲ့ရသည့် မင်းသားငယ် 'ယဲ့ဟန်'။ နှစ်ပေါင်း (၁၀) နှစ်အကြာတွင် ဆုံးရှုံးခဲ့ရသမျှကို ပြန်လည်သိမ်းပိုက်ရန် သေမင်းတမန် စစ်ဘုရင်တစ်ပါးအဖြစ် နန်းတော်သို့ ပြန်လည်ခြေဆန့်လာခဲ့ပြီ။
သို့သော်... မိမိ သေလုအောင် မုန်းတီးရမည့် သစ္စာဖောက်ကြီး၏ သား၊ ရွှေပလ္လင်ထက်က နုနယ်လွန်းသည့် ဧကရာဇ် 'ရှောင်းမင်ယွီ' သည် ကြောက်လန့်ခြင်းမရှိဘဲ သေခြင်းတရားကို တည်ငြိမ်စွာ လက်ခံထားနှင့်ပြီးသား...။
လည်ပင်းပေါ်က ဓားဖျားအောက်မှာ တုန်ရင်ခြင်းမရှိဘဲ စိုက်ကြည့်လာတဲ့ ထိုအကြည့်တစ်ချက်က... ယဲ့ဟန်ရဲ့ ရင်ထဲက အမုန်းတရားများကို အစိမ်းလိုက် ရိုက်ချိုးပစ်လိုက်သည့်အခါ...။
ကလဲ့စားချေမှုနှင့် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကြား၊ နန်းရွှေဆောင်အလယ်က ကျိုးပဲ့လွယ်လွန်းသည့် ကျောက်စိမ်းနုလေး၏ ကံကြမ္မာသည် ဘယ်လိုဆက်ဖြစ်မလဲ?
NovelToon got authorization from silent story teller to publish this work, the content is the author's own point of view, and does not represent the stand of NovelToon.
နန်းရွှေဆောင်က ကျောက်စိမ်းနု(The Fragile Jade of the Golden Palace) Comments